မိုင်းကိုင်မြို့နယ်အတွင်းလိုအပ်နေတဲ့ ကျန်းမာရေးကြီးကြပ်ရေး ၂၀၁၈ ကုန်အထိ အစိုးရမခန့်ပေးနိုင်

မိုင်းကိုင်မြို့နယ်အတွင်းလိုအပ်နေတဲ့ ကျန်းမာရေးကြီးကြပ်ရေး ၂၀၁၈ ကုန်အထိ အစိုးရမခန့်ပေးနိုင်
by -
နန်းဆိုင်နွမ်
စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် အစည်း အဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ် မှ ဦးစိုင်းဆိုင်မိန်း မေးမြန်းစဉ် Photo by : ပြည်သူ့လွှတ်တော်
စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် အစည်း အဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ် မှ ဦးစိုင်းဆိုင်မိန်း မေးမြန်းစဉ် Photo by : ပြည်သူ့လွှတ်တော်

သျှမ်း(ရှမ်း)ပြည် တောင်ပိုင်း မိုင်းကိုင်မြို နယ် အတွင်း လိုအပ်နေသည့် ကျန်းမာရေး ကြီးကြပ်ရေး (၂) ကို ယခု နှစ် ကုန်ပိုင်းအထိ မခန့်နိုင်သေးဘဲ လာမည့် ၂၀၁၉ ခုနှစ်တွင် ဦးစားပေး ခန့်ထားပေးသွားမည် ဟု ယမန်နေ့ ကျန်းမာရေး နှင့် အားကစား ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန် ကပြောသည်။

အဆိုပါ ဖြေကြားချက်သည် ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ် မှ စိုင်းဆိုင်မိန်း မေးမြန်းသည့် မိုင်ကိုင်မြို့နယ် အတွင်းရှိ ဆန်ဟ နှင့် မိုင်းယွန်း ကျေးလက် ကျန်းမာရေး ဌာနခွဲ များ တွင် ကျန်းမာရေး ဝန်ထမ်းများ ထပ်မံတိုးချဲ့ ခန့်ထားပေးရန်၊ ဝန်ထမ်းအိမ်ရာများ အလုံအလောက် ဆောက်လုပ်ပေးရန် နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက် အဆောက်အဦးများ အထူးဦးစားပေး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း ကို လာရောက် ဖြေကြားခြင်းဖြစ်သည်။

ကျေးလက် ကျန်းမာရေးဌာနခွဲတွင် လစ်လပ်နေသည့် ကျန်းမာရေးကြီးကြပ်(၂) တစ်ဦးအား လတ်တလော တွင် ခန့်ထားနိုင်ခြင်းမရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကျန်းမာရေးကြီးကြပ်(၂) အသစ် ခန့်ထားပေးမည့်အချိန်တွင် ဦးစားပေး ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း ဒေါက်တာဒေါ်မြလေးစိန် က ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ကျေးလက်ကျန်းမာရေးဌာန၏ စံကိုက်ဖွဲ့စည်းပုံမှာ သားဖွားဆရာမတစ်ဦး၊ ကျန်းမာရေးကြီးကြပ်(၂) တစ်ဦးသာရှိသည့်အတွက် ထပ်မံ တိုးချဲ့ ခန့်ထား ပေးနိုင်ခြင်း မရှိသေး ပါကြောင်းလည်း ဒေါက်တာ ဒေါ်မြလေးစိန် က ဖြေကြားခဲ့သည်။

ထို့ပြင် စံကိုက်ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦဆောက်လုပ်ရန်အတွက် ကျေးရွာမှ လှူဒါန်း ထားသည့် မြေကွက် ၂၀၀ ပေပတ်လည်အား ကျန်းမာရေး ဌာနပိုင်အမည်ပေါက်ရရှိသည့် အချိန်မှ စ၍ နှစ်စဉ်စီမံကိန်း၏ ရန်ပုံငွေရရှိ‌ရေးတွင် ဦးစားပေး အစီအစဉ်ဖြင့် တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းလည်း ဒေါက်တာ ဒေါ်မြလေးစိန် က ထပ်လောင်း ဖြေကြားခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...