၁၉၈၀ ဝန်းကျင်က ရှမ်းစာပေယဉ်ကျေးမှုမြှင့်တင်ရေးသီချင်းများဖြင့်နာမည်ကြီးသည့်အဆိုတော် စိုင်းကြွိ (လွယ်လင်) ကွယ်လွန်

၁၉၈၀ ဝန်းကျင်က ရှမ်းစာပေယဉ်ကျေးမှုမြှင့်တင်ရေးသီချင်းများဖြင့်နာမည်ကြီးသည့်အဆိုတော် စိုင်းကြွိ (လွယ်လင်) ကွယ်လွန်
ကွယ်လွန်သူ အဆိုတော်စိုင်းကြွိ၏ နာရေးဖိတ်စာ
ကွယ်လွန်သူ အဆိုတော်စိုင်းကြွိ၏ နာရေးဖိတ်စာ

သျှမ်း(ရှမ်း)နာမည်ကြီးအဆိုတော်တဦးဖြစ်သော စိုင်းကြွိ သည် နှလုံးသွေးကြောကျဉ်းရောဂါ အူရောဂါတို့ဖြင့် နေရပ်ဖြစ်သော လွယ်လင်မြို့တွင် ကွယ်လွန်ခဲ့သည်။

စက်တင်ဘာလ ၁၂ ရက်မနက်ပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိရုပ်အလောင်းကိုမူ လွယ်လင်မြို့ မြို့မသုသာန်တွင် စက်တင်ဘာ ၁၄ ရက် သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

စိုင်းကြွိခေါ် စိုင်းအောင်ထွန်းသည် ငယ်စဉ်ကျောင်းသားဘဝ ၁၉၈၃ ခုနှစ်က ပြည်ထောင်စုကိုယ်စားလှယ်နှင့် တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်းကာ စာပေယဉ်ကျေးမှုမြှင့်တင်ရေး တေးသီချင်းပထမဆုံး တေးသီချင်းစီးရီးခွေ သီဆိုထုတ်ဝေခဲ့သည်။

စိုင်းခေးဆုံ (သီပေါ) နှင့် အစ်ကိုဖြစ်သူ စိုင်းဆေး တို့မှ ရေးသားပေးခဲ့ပြီး တောင်ကြီးမြို့ ကသစ်ပန်း တွင်အသံသွင်းခဲ့ကြောင်းသိရသည်။

ထိုနောက်ပိုင်း လွယ်လင်မြို့တွင်နာမည်ကြီး The Zero Music Band အဖွဲ့တွင် ဘေ့စ်ဂီတာ၊ လိဒ် တို့ကို ပါ၀င်တီးခတ်ခဲ့ပြီး သျှမ်းသီချင်းအပြင် မြန်မာသီချင်း၊ ပအို၀်းသီချင်း၊ ဂေါ်ရခါး သီချင်းများအတွက် တီးခတ်ပေးခဲ့ဖူးကြောင်း မိသားစုဝင်က ပြောသည်။

လူသိများသော စိုင်းကြွိ ၏ သီချင်းစီးရီးများမှာ ပန်ပွဲဆိန်ကွမ်းတိုင်း ၊ ဟတ်တော်စိုင်ပေါဟိုင်၊ ပီဆန်ဟော်ကား၊ ကွမ်းဝတ်ဆိန်ဝမ်ဆာမ်ခေါ၀်း အစရှိ စီးရီးများဖြစ်ပြီး တခြားသော သျှမ်းနာမည်ကြီးအဆိုတော်များနှင့်လည်းတွဲဖက်သီချင်းသီဆိုကာ တေးစီးရီးများလည်းထုတ်ကြောင်းသိရသည်။

အဆိုတော် စိုင်းလောဝ်ပိန်း တို့၊ စိုင်းဉာဏ်ယ တို့ နဲ့အတူတူလေ။ သူ့သီချင်းတွေကို လူသိများတာ ၁၉၈၀ ၀န်းကျင်ကျော်ကျော်ကတည်းကဘဲ။ ကက်ဆက်ခွေလေအဲ့ခေတ်က။ မာ့ ဟာတို သျှမ်းစာပေသင်ကြားရေး အတော်လှုပ်ရှားတဲ့ခေတ်ကပေါ့။ သူတို့ညီအကိုတွေပါတဲ့အဖွဲ့တွေ ရွာဆင်းပြီး သျှမ်းစာသင်ကြားမှု တွေလုပ်ခဲ့တယ်- ဟု အဆိုတော်စိုင်းဉာဏ်ယ၏ အကိုဖြစ်သူ ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ စိုင်းဆိုင်ယ ကပြောသည်။

စိုင်းကြွိ အသက် ၅၅ နှစ်သည် သျှမ်းပြည်မြို့တော်တောင်ကြီးတွင် ၁၉၆၄ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၆၆ တွင်လွယ်လင်မြို့သို့ မိသားစုအလိုက်ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မောင်နှမ ၁၀ ဦးအနက် စိုင်းကြွိသည် ၅ ဦးမြောက်သားဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဇနီးသည် ဒေါ်နန်းခမ်းနောင့် နှင့်သား ၂ ဦး စိုင်းပင်ခမ်း နှင့် စိုင်းလွန့်ခမ်း တို့ ကျန်ရစ်ခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...