RCSS နှင့် TNLA တိုက်ပွဲ ကြားညပ်သည့်ဒေသခံနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ

RCSS နှင့် TNLA တိုက်ပွဲ ကြားညပ်သည့်ဒေသခံနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ
by -
နန်းဆိုင်နွမ်
သေနတ်ထိမှန်ဒဏ်ရာရသူ စိုင်းစံထွန်းနှင့်စိုင်းမို တို့အား သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့မှ ဆေးရုံသို့ ကယ်ဆယ်သယ်ဆောင်စဉ်
သေနတ်ထိမှန်ဒဏ်ရာရသူ စိုင်းစံထွန်းနှင့်စိုင်းမို တို့အား သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့မှ ဆေးရုံသို့ ကယ်ဆယ်သယ်ဆောင်စဉ်

သျှမ်း(ရှမ်း)ပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် ပန်လုံကျေးရွာ တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် ပန်လုံကျေးရွာ ဒေသခံ ၂ ဦး ကျည်ဆံထိမှန်ကာ သီပေါမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

၂၀၁၈ ခု စက်တင်ဘာ ၃ ရက်နေ့က RCSS နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သေနတ်ထိမှန်သည့် ပန်လုံကျေးရွာ ဒေသခံ ၂ ဦးသည် နေအိမ်မှထွက်ပြေးရန် ပြင်နေစဉ်တွင် သေနတ်ကျည်ထိမှန်သွားကြောင်း၊ အသက် ၅၀ ကျော် အမျိုးသားတဦးသည် ရင်ဘတ် ဒဏ်ရာ ရရှိပြီး၊ အသက် ၂၅ နှစ်ကျော် အမျိုးသားတဦးမှာ လက်မောင်း ဒဏ်ရာရရှိကြောင်း သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့ ဥက္ကဌမှ ကိုမျိုးက ပြောသည်။

“ရွာအနီးမှာ တိုက်ပွဲဖြစ်တော့ နေအိမ်ခြံဝန်းထဲကနေ ထွက်မယ့်အချိန် သေနတ်ထိမှန်တာ။ လက်မောင်း ထိမှန် တဲ့သူကိုတော့ကျည်ထုတ်ပြီးပြီ၊ ရင်ဘတ် ထိတဲ့သူက ဒီနေ့ထိ ကျည်မထုတ်ရသေးဘူး” – ဟု ကိုမျိုးက ပြောသည်။

ရင်ဘတ် ဒဏ်ရာ ထိမှန်ထားသည့် အမျိုးသား တဦးကို ယနေ့အချိန်ထိ ကျည်မထုတ်ပေးနိုင်သေးကြောင်း၊ မန္တ လေး ဆေးရုံသို့ လွှဲပေးရန် ဆောင်ရွက်ပေးနေကြောင်း၊ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်းလည်း ကိုမျိုး က ထပ်လောင်းပြောပြသည်။

အဆိုပါ တိုက်ပွဲကြောင့် ပန်လုံကျေးရွာ သားများ အားလုံး သီပေါမြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြကြောင်းသိရသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း ယခုရက်ပိုင်း မြောက်ပိုင်း မဟာမိတ် တပ်မတော် နှင့် RCSS/SSA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။ အဆိုပါ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွင် သျှမ်းပြည် တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်များ ပါ၀င်တိုက်ခိုက်နေသည်ဟု PSLF/TNLA တို့၏ ပြန်ကြားရေးဌာန နေ့စဉ်နှင့်အမျှ သတင်းထုတ်ပြန်နေသော်လည်း SSPP တပ်ဘက်မှ သီးခြားအတည်ပြုချက်မပေးပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...