သီပေါမြို့တွင် သီတဂူ စက္ခဒါန မှ မျက်စိအခမဲ့စမ့်သပ်ကုသပေးမည်

သီပေါမြို့တွင် သီတဂူ စက္ခဒါန မှ မျက်စိအခမဲ့စမ့်သပ်ကုသပေးမည်

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် သီတဂူ စက္ခုဒါန ဆေးရုံတော်မှ ဒေသခံများအား အခမဲ့ မျက်စိစမ်းသပ်ကုသပေးမည်ဖြစ်ကြောင်းသိရသည်။

သီတဂူ စက္ခုဒါနဆေးရုံကြီးမှ စက်တင်ဘာလ ၁၁ မှ ၁၅ ရက်နေ့အထိ ၅  ရက်ကြာ  သီပေါဒေသခံများအား သီပေါမြို့နယ် မဟာမြတ်မုနိ ဝိဟာရကျောင်း၌  အခမဲ့ မျက်လုံးစမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း သီပေါမြို့နယ် SNLD ပါတီအတွင်းရေးမှူးက သျှမ်းသံတော်ဆင့်အားပြောသည်။

"သီပေါမြိုခံတွေအတွက်ဘဲမကဘူး။ တခြား လားရှိုး ကျောက်မဲ နမ့်လန်ဘက်ကလည်းလာမယ်။ မျက်စိအထူးကု ဆရာဝန် ၆ ဦးကနေလာပြီး စမ်းသပ်ကုသပေးမှာပါ။ အဖွဲ့အစည်းဘက်ကတော့ ပိုက်ဆံမယူဘူး။ ကိုယ့်ဘက်ကတော့ စေတနာရှိရင်  ပေးနိုင်ပါတယ်။ ကျနော်တို့ သျှမ်းပြည်သားတွေက မျက်လုံးပြသနာ အရမ်းဖြစ်ပွါးနေကြပါတယ်။ ဒီသတင်းကြားသိရတဲ့သူတွေကတော့ အလုအယက်စာရင်းလာပေးကြပါတယ်။- "ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

သီတဂူစက္ခုဒါန ဆေးရုံကြီးကို ၂၀၀၈ ခုနှစ်မတ်လက စတင်ဖွင့်လှစ်လိုက်သည်။ လက်ရှိအချိန်အထိ  အခမဲ့ကုသပေးသောမျက်စိလူနာ ၄၉၀၀ ဦးခန့်ရှိပြီး ဆေးရုံသို့လာရောက်ကုသသည့်လူနာမှာမူ ၂၃၀၀ ကျော်ရှိကြောင်း သိရသည်။

သီတဂူမျက်စိဒါန အဖွဲ့သည် နယ်ဒေသများသို့ကွင်းဆင်းကာ မျက်စိခွဲစိပ်ကုသပေးလျှက်ရှိရာ ယခု ၂၀၁၈ အတွင်းပင် နယ်ဒေသများသို့ကွင်းဆင်းကုသပေးမှု ၄၂ ကြိမ်ရှိပြီဖြစ်ကြောင်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...