ပြည်ထောင်စု အင်စတီကျု PI မှ မူစယ်မြို့တွင် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စု အင်စတီကျု PI မှ မူစယ်မြို့တွင် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စု အင်စတီကျု PI မှ သုတေသနပြုလုပ်ထားသော စာတမ်းများကို အသိ ပညာပေး နှီးနှောဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မူစယ်မြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စု အင်စတီကျု PI နှင့် မူစယ် ကျားဖြူပါတီ SNDP တို့ ပူးပေါင်း၍ မူစယ်မြို့ သျှမ်း(ရှမ်း)စာပေနှင့်ယဉ်ကျေးမှုရုံး၌ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည်။ ပါတီကိုယ်စားလှယ်၊ ယဉ်ကျေးမှုအသင်း၊ ကျောင်းသူကျောင်း သား၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်နှင့် လေ့လာသူ ၄၀ ဦးခန့် တက်ရောက်ခဲ့သည်။

Pyidaungsu Institute (PI) မှ ဒေါက်တာစိုင်းဦးက ဦးဆောင်ဆွေးနွေးရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ငန်းတွေကို ပြည်သူလူထုတွေသိရှိအောင်မီးမောင်း ထိုးပြတာပါ။ ပြောသွားတာကတော့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အစိုးရဆိုတဲ့ ခေါင်းစဉ်က ပြည်သူလူထုအတွက် အနီးစပ်ဆုံးနဲ့ စိတ်၀င်စားစရာကောင်းဆုံးဖြစ်တယ်လို့ ချပြ ရှင်းလင်း သွားပါတယ်” ဟု တက်ရောက်ခဲ့သူ လူငယ် စိုင်းခေး က ပြောပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့်အစိုးရ၊ တိုင်းရင်းသားလူနည်းစုဆိုင်ရာ အခွင့်အရေးများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အား ပြန်လည်သုံး သပ်ဆန်းစစ်ခြင်း၊ မီဒီယာစောင့်ကြည့်လေ့လာခြင်း−စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

တရားမျှတ၍ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းရင်းသားအားလုံး အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ပြည်ထောင်စု အင်စတီကျု PI ကို ၂၀၁၃ သြဂုတ်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖွဲ့စည်းထူထောင်ခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...