မိုင်းဆတ်တွင် ရေကြီး လူနေအိမ် ၂၀၀ နီးပါး ရေလွှမ်း

မိုင်းဆတ်တွင် ရေကြီး လူနေအိမ် ၂၀၀ နီးပါး ရေလွှမ်း
by -
နန်းဆိုင်နွမ်

သျှမ်း(ရှမ်း)ပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပွားကာ နေအိမ် ၂၀၀ နီးပါး ရေလွှမ်းမိုးမှု ကြုံနေရကြောင်းသတင်းရရှိသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေများတက်လာကာ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် မယ်ဆွမ်တောင်ရပ်ကွက်၊ ဝမ်ကျောင်း၊ တာလျှံ နှင့် နောင်ဟီး ရှိ နေအိမ်များ  သြဂုတ် ၂၃ ရက် နေ့ မနက်ပိုင်းတွင် ရေများ စတင်ဝင် ရောက်လာကြောင်း မိုင်းဆက်မြို့ဒေသခံ စိုင်းဆေ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ချောင်းရေ က မြို့ထဲဝင်လာတာ။ ရေတွေက ခါးထိရှိတယ်။ အိမ်တွေ၊ လယ်ထွန်စက်တွေ မြုပ်ကုန်ပြီ။ သိုလှောင်ထားတဲ့ စပါးတွေ ဆန်တွေ ပြောင်းတွေ၊ ကြက်သွန်ဖြူတွေ ရေမြုပ်ကုန်တယ်။ ကားတွေ ဆိုင်ကယ်တွေ လယ်ထွန်စက်တွေလည်း မရွှေ့နိုင်လို့ အခုထိ ရေထဲမှာ နစ်နေတယ်” ဟု စိုင်းဆေက ဆိုသည်။

နေအိမ်နစ်မြုပ်နေသည့် ဒေသခံများသည် ရေမဝင်သည့် တခြားအမျိုးအိမ်သို့ ပြောင်းရွှေ့နေကြရကြောင်း၊ လက်ရှိ အချိန်ထိ ရေများပြန်ကျရန် စောင့်နေရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးမှုများကြောင်း လည်း စိုင်းဆေ က ပြောပြသည်။

“အရင်က ရေ အဲ့လို မကြီးဖူးဘူး။ ဒီနှစ် မြို့ လယ်ထဲ ရေဝင်လာတာ ၊ ရေလျှံတက်တာတအားဘဲ။ ည ထိ ရေမကျရင်တော့ အမြင့်ပိုင်းမှာရှိတဲ့အမျိုးအိမ်ကိုဘဲပြောင်းအိပ်ရမယ် ထင်တယ်” ဟု စိုင်းဆေ က ဆိုပြန်သည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း တွင် မိုင်းတုံ ရေကာတာ တည်ဆောက်မှု ရှိသကဲ့သို့ သတ္တု တူးဖော်ရေးများ လည်း ပြုလုပ်ကာ သစ်တောဖြုန်းတီးမှုများ တနှစ်ထက် တနှစ် ပိုများလာကာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ကို ပြည်သူများ ခံနေရကြောင်းလည်း သျှမ်းရှေ့ မိုင်းဆက်ဒေသခံများက ပြောသည်။

လက်ရှိ ရေကြီးရေလျှံကို သက်ဆိုင်ရာ အာဏာပိုင်များလာရောက် ကြည့်ရှုသွားသော်လည်း ကူညီ ကယ်ဆယ်မှု မရှိသေးကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...