ရှမ်းပြည်အေးချမ်းစေရေး စော်ဘွားမိသားစုဝင်များ ဘန်းယဉ်မြို့တွင် စုပေါင်း ဆုတောင်း

ရှမ်းပြည်အေးချမ်းစေရေး စော်ဘွားမိသားစုဝင်များ ဘန်းယဉ်မြို့တွင် စုပေါင်း ဆုတောင်း
သျှမ်းစော်ဘွားများ၏ သားသမီးမြေးမြစ်များစုပေါင်းကာ သျှမ်းပြည်ကြီးအေးချမ်းပါစေကြောင်း ဆုတောင်းပွဲပြုလုပ်
သျှမ်းစော်ဘွားများ၏ သားသမီးမြေးမြစ်များစုပေါင်းကာ သျှမ်းပြည်ကြီးအေးချမ်းပါစေကြောင်း ဆုတောင်းပွဲပြုလုပ်

သျှမ်း(ရှမ်း)စော်ဘွားများ၏ သားသမီးမြေးမြစ်များစုပေါင်းကာ သျှမ်းပြည်ကြီးအေးချမ်းပါစေကြောင်း ဆုတောင်းကြသည်ဟုသိရသည်။

သြဂုတ်လ ၁၉ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့တွင် ညောင်ရွှေ၊ နောင်မွန်၊ ဘန်းယဉ်၊ စံကား စော်ဘွားများ၏ သားသမီးမြေးမြစ်များနှင့်ကျန်ရှိ ဆွေတော်မျိုးတော်များစုပေါင်းကာ သျှမ်းဧကရာဇ် သျှမ်းဘုရင်မင်းမြတ်၊ စော်ဘွား ၃၃ ပါးတို့၏ ၀ိဉာဉ်များအား တိုင်တည်ကာ သျှမ်းလူမျိုးများနှင့်သျှမ်းပြည်သားအားလုံး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံးအေးချမ်းကြစေကြောင်း ဆုတောင်းမှုပြုခြင်းဖြစ်သည်။

ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ သမီးတော်တပါးဖြစ်သည့် စဝ်ဟေမာသိုက်က- “ဟုတ်တယ် ။ သျှမ်းစော်ဘွားများရဲ့ ကျန်ရှိဆွေတော်မျိုးတော်တွေစုပေါင်းပြီး သျှမ်းပြည်နယ်အတွင်းသာမက ပြည်ထောင်စုတဝှမ်းလုံးအေးချမ်းသာယာပါစေကြောင်း ဆုတောင်းမှုပြုတာပါ။ ဘန်းယဉ် စော်ဘွားကြီးရဲ့ ဟော် (အိမ်တော်)မှာ လုပ်ခဲ့ ပါတယ်။ ဆုတောင်းပွဲမှာ လူ ၃၀ ကျော်ရှိပါတယ် “ – ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဘန်းယဉ်စော်ဘွားကြီး စဝ်စိန်ညွန့် (သက်တော် ၉၉ နှစ်) မှာမူ ယခုနှစ် ၂၀၁၈ မေလ ၁၁ ရက်နေ့က ပင် ကံတော်ကုန် သွားခဲ့ပြီဖြစ်ပါသည်။

သျှမ်းပြည်တွင်းလူထု အေးချမ်းကြစေကြောင်း၊ တိုက်ပွဲရပ်တန့်ပြီး ပြည်ထောင်စုတဝှမ်းလုံးငြိမ်းချမ်းသာယာ ပါစေရန် ရည်ရွယ်ချက်ဖြင့် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ ဆုံးဖြတ်ချက်အရ သြဂုတ်လ ၂၀ ရက်နေ့က သျှမ်းပြည်တဝှမ်းလုံး မြို့နယ်တိုင်း တချိန်တည်း တပြိုင်တည်း အန္တရာယ်ကင်း ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ကာ မေတ္တာပေးဝေခဲ့ကြသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...