မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးသုံးသူတယောက်က မိန်းမ နဲ့ သမီးကို ဓါးဖြင့်လိုက်ခုတ်

မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးသုံးသူတယောက်က မိန်းမ နဲ့ သမီးကို ဓါးဖြင့်လိုက်ခုတ်
ဆေးကြောင်ဖခင်မှလိုက်ခုတ်သဖြင့် ဒဏ်ရာရသောသမီးလေး ဆေးရုံရောက် ။ အဖိုးနှင့်မြေးမ များပုံ။ Photo: Citizen Journalist
ဆေးကြောင်ဖခင်မှလိုက်ခုတ်သဖြင့် ဒဏ်ရာရသောသမီးလေး ဆေးရုံရောက် ။ အဖိုးနှင့်မြေးမ များပုံ။ Photo: Citizen Journalist

မိုင်းဆတ်မြို့နယ် ဝိန်းနေရွာမှာ မူးယစ်ဆေးကြောင်တဲ့ ရွာသားတယောက်ကနေ မိန်းမဖြစ်သူကို လိုက်လံဓါးခုတ်ဖြတ်တဲ့အမှုတရပ်ဖြစ်ပွါးခဲ့ပါတယ်။

ဝိန်းနေရပ်ကွက်နေ ဦးမြင့်နိုင်ဦး ဆိုသူက မူးယစ်ဆေးဝါးကြောင့်စိတ်ဖောက်ပြန်ပြီး ဖခင်ဖြစ်သူ၊ မိန်းမဖြစ်သူနဲ့ ကလေးတွေကို ဓါးနဲ့လိုက်ခုတ်၊ တူမီးသေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့က  ၂ နှစ်အရွယ်သမီးကို ဓါးနဲ့ခုတ်ထစ်မိလို ဂုတ်မှာနဲ့ ပေါင်မှာ ဒဏ်ရာရှိပြီး ဆေးရုံကိုပို့ဆောင် ကုသနေရပါတယ်။

“မူးယစ်ဆေးက အခု အရမ်းကိုများပြားနေပါတယ်။ နေရာမရွေးဝယ်ယူလို့ရတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဆေးစွဲဆေးကြောင်တဲ့လူတွေလည်းအရမ်းများနေပါတယ်။ မူးယစ်ဆေး ဝါးကိုထိရောက်စွာ နှိမ်နင်းနိုင်ဖို့ဘယ်လိုနည်းလမ်းတွေရှိမလဲ ဘယ်လိုအကောင် အထည် ဖော်ရင်ကောင်းမလဲဆိုတာ ဒေသတွင်းလူထုအလေးအနက်ထားပြီး ဆွေးနွေးလုပ်ဆောင် သွားစေချင်ပါတယ်ခင်ဗျ ”–  လို့မိုင်းဆတ်ဒေသခံ စိုင်းလုံ ကသျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ဓါးခုတ်မှုတရားခံ မြင့်နိုင်ဦး  အသက် ၃၇ နှစ်ကို လက်ရှိမှာ မြို့နယ်ရဲတွေကဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သူတို့မှာ လပိုင်းအရွယ်အမွှာကလေးရှိနေပြီး သားသမီးစုစုပေါင်း ၇ ယောက်ရှိကြောင်းနဲ့အကြီးဆုံးက ၁၃ နှစ်အရွယ်ရှိတယ်လို့သိရပါတယ်။

မိသားစုဦးရေများတာကြောင့် အကြီးဆုံးကလေး  ၃ ယောက်ကို ကျောင်းကနေ ထွက်ခိုင်းထားတာ ဖြစ်ကြောင်းနဲ့ ကျန်တဲ့ကလေးလေးတွေအတွက် မိုင်းဆတ်မြို့နယ်ထဲက စေတနာရှင်၊ လူမှုအသင်း အဖွဲ့၊ ပရဟိတအဖွဲ့တွေကနေ  ကူညီထောက်ပံ့မှုတွေပေးထားတယ်လို့လည်းသိရပါတယ်။

မိုင်းဆတ်မြို့နယ်ထဲမှာသာမက သျှမ်း(ရှမ်း)ပြည်တွင်းမြို့နယ်တိုင်းမှာ ယာဘ နဲ့ တခြားမူးယစ်ဆေးဝါး ပေါများနေပြီး ဝယ်ယူသောက်သုံးရလွယ်ကူနေကြောင်း၊ ယာဘတပြားတန်ဖိုးအနည်းဆုံး ကျပ် ၂၀၀ အထိရှိကြောင်း၊ မူးယစ်ဆေးဝါးစွဲသူတွေကြောင့် ရပ်ရွာတွေမှာ ခိုးဆိုးလုယက်မှုတွေ၊ မှုခင်းကျူးလွန်မှုတွေ တန့တခြားပိုမိုများပြားလာနေပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...