လားရှိုးမြို့မြောက်ဘက်မှာ မဟာမိတ်တပ်ဖွဲ့နဲ့အစိုးရတပ်ပစ်ခတ်မှုဖြစ်ပွါး

လားရှိုးမြို့မြောက်ဘက်မှာ မဟာမိတ်တပ်ဖွဲ့နဲ့အစိုးရတပ်ပစ်ခတ်မှုဖြစ်ပွါး
တိုက်ပွဲဖြစ်ပွါးရာနေရာပြမြေပုံ ( photo: Saikaung Loipha/Facebook )
တိုက်ပွဲဖြစ်ပွါးရာနေရာပြမြေပုံ ( photo: Saikaung Loipha/Facebook )

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်းသိရပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ လားရှိုးမြို့အရှေ့ဘက်မိုင် ၃၀ ကျော်အကွာက မိုင်းယော်တိုက်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

မိုင်းယော်တိုက်နယ်အရှေ့ဘက်မိုင် ၂၀ လောက်အကွာမှာရှိတဲ့ ပန်ကိန် ဟိုဆေ အုပ်စုဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

တအာင်း TNLA နဲ့ ကိုးကန့် MNDAA တပ်တွေပေါင်းထားတဲ့ မြောက်ပိုင်းတပ်ဖွဲ့ဘက်က အင်အား ၂၀၀ လောက်ရှိပြီး အမှတ် ၆ ဒုတပ်ရင်းမှူး  တာ့ပန်ခါး က ဦးဆောင်ကြောင်းသိရပါတယ်။

အစိုးရတပ်ဘက်ကတော့ ခမရ ၄၂၀ ဖြစ်ပြီး အင်အား ၉၀ လောက်ရှိတယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ အစိုးရတပ်ဘက်က ၄ ယောက်သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုဘယ်လောက်ရှိလဲဆိုတာမသိရကြောင်း လားရှိုးရောက် မိုင်းယော် ကျန်းမာရေးဌာန အသိုင်းအဝိုင်းတဦးကပြောပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...