နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်

နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်
နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်
နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တို့ကြားစစ်ရေးတင်းမာ မှုများကြောင့်ဒေသခံလူထု ရာနှင့်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားစစ်ရေးတင်းမာမှုကြောင့် သြဂုတ်လ ၁၅ ရက်နေ့က ပန်လုံအုပ်စုဒေသခံများမှာ သီပေါမြို့နယ်ရှိ မန်လီအုပ်စုဘုန်းကြီးကျောင်းသို့လည်းကောင်း အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်းသို့လည်းကောင်းတိမ်းရှောင်ရောက်ရှိနေကြခြင်းဖြစ်သည်။

သီပေါမြို့နယ် SNLD ပါတီအတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က – “၂ ဘက်စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အပြင် ပစ်ခတ်တိုက်ခိုက်မှုသံတွေပါကြားရလို့ ပန်လုံအုပ်စုဒေသခံ ၃၈၀ က မန်လီကျောင်းကိုရောက်နေတယ်။ အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းကို ၂၀၀ ရောက်နေတယ်ကြားတယ်။ တိုက်ပွဲကြီးမားကျယ်ပြန့်လာ မှာကိုစိုးရိမ်နေကြတယ်လေ။ သူတို့တွေကို စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ ကူညီစောင့်ရှောက် မှုပေးနေပါတယ် “- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပန်လုံအုပ်စုသည် နမ္မတူမြို့နယ်တောင်ဘက် ၂၄ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ပန်လုံအုပ်စုအတွင်း ကျေးရွာ ၈ ရွာရှိရာ နမ့်ဆီလင်း၊ ပန်ဟတ်ရွာ၊ ၀မ့်ဆာရွာ၊ ၀မ့်ခယ်ရွာ၊ ပန်လုံရွာ၊ နားခိုလျံရွာ နှင့် ပန်ဆပေရွာတို့ဖြစ်ကြ သည်။ ၈ ရွာလုံးနီးပါးမှဒေသခံများလက်ရှိတွင်ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အောင်မင်္ဂလာဘိုးတော်ဘုန်းကြီးကျောင်းရောက် အသက် ရ၀ ကျော်အရွယ် စစ်ဘေးရှောင်အဖွားတဦးက – “ဟင်းချက်နေတုန်း လက်နက် ကြီး သံထွက်တော့ ပြေးတာပေါ့။ ထမင်းဟင်းဘယ်စားဖြစ်မလဲ။ အဖွားလည်း မြေးလေးကိုဆွဲပြီး ထော်လာ ဂျီရှိတဲ့အိမ်ကိုတန်းပြေးတာ။ အဖွားတို့က ထော်လာဂျီမရှိတော့ သူများကိုမမှီရင်ခက်တော့မှာပေါ့ “- ဟု  စစ်ဘေးရှောင်များကူညီရေးအဖွဲ့မှ ပေးကမ်းလှူဒါန်းသော ထမင်းထုတ်နှိုက်စားရင်း ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် အစိုးရတပ်အပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည် တပ်မ တော် RCSS/SSA တို့လှုပ်ရှားသည်။ ထို့အတွက်တိုက်ပွဲများမကြာခဏဖြစ်ပွါးပြီး ဒေသခံများမှာ လည်းတနှစ် ပတ်လုံးစစ်ဘေးရှောင်နေရသဖြင့်လယ်ယာလုပ်ငန်းများလစ်ဟင်းနေရကြောင်းလည်း စစ်ဘေး ရှောင်များက ပြော ဆိုသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...