နမ္မတူမြို့ရောက်စစ်ဘေးရှောင်များ နေရပ်ပြန်

နမ္မတူမြို့ရောက်စစ်ဘေးရှောင်များ နေရပ်ပြန်
စစ်ဘေးရှောင်များနေရပ်ပြန်နေကြပုံ
စစ်ဘေးရှောင်များနေရပ်ပြန်နေကြပုံ

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၏ ကျေးလက်ဒေသတွင် လက်ရှိတိုက်ပွဲများငြိမ်နေပြီဖြစ်သောကြောင့် နမ္မတူရောက် စစ်ဘေးရှောင် ၈၀၀ မှာနေရပ်သို့ပြန်နိုင်ကြပြီဖြစ်ကြောင်းသိရသည်။

နမ္မတူမြို့နယ် မန်စံ အုပ်စု ဘုန်းကြီးကျောင်းများတွင် ရောက်ရှိခိုလှုံနေသော ပန်လုံအုပ်စု ပန်ဆော့အုပ်စု မိုင်းမုအုပ်စုမှ စစ်ဘေးရှောင် များမှာ သြဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်း သိရသည်။

နမ္မတူမြို့နယ် စစ်ဘေးရှောင်များကူညီရေးအဖွဲ့မှ စိုင်းဘဉာဏ်က – မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ မိုင်းရင်ဘက်ကိုဆုတ်သွားပြီကြားတယ်။ ပစ်ခတ်သံလည်းငြိမ်သွားပြီဖြစ်တဲ့အတွက်ရွာသားများ နေရပ်ပြန်ကြပါပြီ။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဇူလိုင်လအတွင်းက နမ္မတူမြို့အနောက်မြောက်ဘက်ရှိ အထက်ဖော်ပြပါ အုပ်စုများတွင် အစိုးရတပ်၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်အကြားဖြစ်ပွါးသောတိုက်ပွဲများကြောင့် ဒေသခံရွာသားများမှာ မန်စံအုပ်စုဘုန်းကြီးကျောင်းများသို့လည်းကောင်း တိမ်းရှောင်နေခဲ့ကြသည်။ လယ်ယာဆင်းချိန် လုပ်ငန်းခွင်ဝင်ချိန်ဖြစ်သဖြင့် ရွာသားတချို့မှာ ယခင်အပတ်ကတည်းက နေရပ်အသီးသီးပြန်သွားကြသော်လည်း သက်ကြီးပိုင်း၊ ကလေးနှင့် အမျိုးသမီးများမှာမူ ယခုမှသာ နေရပ်ပြန်သွားခဲ့ကြောင်းသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...