နှစ်ဖက်တွေ့ဆုံမှုများ ပြန်ရမည်ဟု ကချင်ခေါင်းဆောင် မျှော်လင့်

နှစ်ဖက်တွေ့ဆုံမှုများ ပြန်ရမည်ဟု ကချင်ခေါင်းဆောင် မျှော်လင့်

ပြတ်တောက်နေသည့် နှစ်ဖက်တွေ့ဆုံမှုများကို ပြန်လည်ရရှိနိုင်ရန် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်လာရခြင်းဖြစ်သည် ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သိုု့ ရောက်ရှိလာချိန် သတင်းထောက်များ မေးမြန်းရာတွင် ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ဒု-ဥက္ကဌ (၁) ဗိုလ်ချုပ်ဂွန်မော် က ယခုကဲ့သိုု့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုမျှော်လင့်ထားလဲဆိုတော့ ဒီပွဲမှာကတော့ ကျွန်တော်တို့ဆွေးနွေးမှု အဓိက မဟုတ်ပဲနဲ့ အဆက်ပြတ်နေတဲ့ ကျွန်တော်တုုိ့ရဲ့ ဆက်သွယ်ရေးတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းက ပိုအဓိကကျမယ်လိုု့ ထင်ပါတယ်”

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်ပြီး တက်ရောက်လာခြင်း ဖြစ်သည်။

အလားတူ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးက ခေါင်းဆောင်များလည်း နေပြည်တော်သိုု့ ရောက်ရှိနေပြီဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Sun Guosiang (ဆွန်ကောချန်း)၊ တရုတ်နုုိင်ငံမှ ထိပ်တန်းအရာရှိများနှင့်အတူ မြောက်ပိုင်းမှ တုုိင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မှ ကိုယ်စားလှယ်များမှာ တရုတ်နိုင်ငံ ကူမင်းမှ နေပြည်တော်သိုု့ တရုုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသိုု့ တက်ရောက်ရန် မြောက်ပိုင်းတိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့များအား အစိုုးရက တရုတ်သံရုံးမှ တစ်ဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား ဇူလိုင် ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၆)ရက်ကြာ ကျင်းပမည်ဖြစ်သည်။

Most read this week

ညောင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က စစ်အုပ်စုတပ် စစ်ကြောင်းဝင်ရောက် မီးရှို့မှု ကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့စဉ်။ / ပုံဟောင်း
September 15, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကြောင်းထိုးလာသည့်...
လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ / AA
September 15, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများနှင့်...
September 14, 2026
အရပ်သား အုပ်ချုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မည် မဟုတ်ဘဲ လူထုကို အကာအကွယ်...
September 14, 2026
ကချင်ပြည်၊ ရွှေကူနှင့် ဗန်းမော်မြို့နယ်အတွင်း သို့ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများနှင့်...