စစ်ရှောင်များကို သွားတွေ့မည့် လူငယ်လမ်းလျှောက်ဆန္ဒပြမည့် အစီအစဉ် ယာယီရပ်နား

စစ်ရှောင်များကို သွားတွေ့မည့် လူငယ်လမ်းလျှောက်ဆန္ဒပြမည့် အစီအစဉ် ယာယီရပ်နား

မြန်မာ့တပ်မတော်၏ ပိတ်ပင်ထားမြစ်ခြင်းခံရသော ကားမိုင်း၊ လိုင်နှောင်ခူး (မန်ဝေ) ပြည်သူ ၁၅၂ ယောက်ကို အစိုးရမှ ဘေးကင်းလုံခြုံသော နေရာကို ကယ်ထုတ်နေပြီဖြစ်သောကြောင့် ယနေ့ လူငယ်လမ်းလျှောက် ဆန္ဒပြမည့် အစီအစဉ်ကို ယာယီ ရပ်နားထားကြောင်း တာဝန်ခံ ဦးလွမ်းဇောင်းမှ သိရသည်။

“အစိုးရအနေ နဲ ့ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နေပြီလို ့ကြားရတယ်။ ဒါပေမဲ ့သေချာမသေချာ ကိုကျွန်တော်တို ့စောင် ့ကြည့် နေပါတယ် အဲဒါကြောင့်ခု ဒီလူငယ်လမ်းလျှောက်ဆန္ဒုပြမယ့် အစီစဉ်ကို ယာယီ ရပ်နား ထားတာဖြစ်ပါတယ်” ဟု ပြောသည်။

အစိုးရအနေဖြင် ့ ပိတ်မိနေသော ပြည်သူများ အားဘေးလွတ်ရာ သို ့ ကယ်ထုတ်ပေးမည် ဆိုပါက လူငယ်သပိတ်စခန်းအား ရုတ်သိမ်း ပေးမည်ဖြစ်ပြီး ကယ်ထုတ် ပေးခြင်းမရှိပါက လူငယ် လမ်းလျှောက်ဆန္ဒပြ ခြင်းအစီအစဉ်ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းထပ်မံ ပြောသည်။

ယနေ့ မနက်မှလည်း ပိတ်မိနေပြည်သူများ လွတ်မြောက်လာပြီဖြစ်ကြောင်း လွတ်မြောက်လာသူ သိရပါတယ်။

လူငယ်များသည် ကားမိုင်း၊ လိုင်နှောင်ခူး (မန်ဝေ) မှ ပြည်သူများ လွတ်မြောက်ရေး သာမကဘဲ အခြားသော ဒေသများတွင် ပိတ်မိနေသေးသော ပြည်သူများ လွတ်မြောက်ရေးအတွက်ပါ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း လူငယ်တာဝန်ရှိသူများ ပြောပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...