အစိုုးရနှင့် နှစ်ဖက်တွေ့ဆုံုဆွေးနွေးကြမည့် အကြောင်းအရာများနှင့်ပတ်သက်၍ DPN ဒုုတိယအဖွဲ့ခေါင်းဆောင် နိုုင်အောင်မငေး က "အခုု ၄ ရက်နေ့ ဟုုတ်ပါတယ်။ ဟိုုအရင်က သူတိုု့ရသွားတဲ့ဟာ ကျနော်တိုု့ရသွားတဲ့ဟာ Process ကိစ္စပဲ ပြန်ညှိကြမယ်လေ။ သူတိုု့ဟိုုမှာသွားတင်တော့ ဘာတွေ ခွင့်ပြုချက် ရလာမလဲ၊ ကျနော်တိုု့လည်း ဒီ Process ကိစ္စရယ် နောက်တော့ ၈ ချက်မှာ နည်းနည်းတစ်စိုု့မှု ဖြစ်တာကိုု ပြေလည်အောင် ပြန်ပြောမှာပေါ့။ အဲ့ဒါပဲ။ ဒါက အလွတ်သဘော ဖြစ်ပါတယ်။" ဟု ပြောသည် ။
ယခုုတစ်ကြိမ် အလွတ်သဘောတွေ့ဆုံုဆွေးနွေးပွဲတွင် အစိုုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ တက်ရောက်ကြမည့် ကိုုယ်စား လှယ်များ၏စာရင်းကိုု မသိရှိရသေးသလိုု တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ဘက်မှလည်း မရွေးချယ်ရသေးဘူးလိုု့ နုုိင်အောင်မငေး က ဆက်ပြောသည်။
NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုုးကြရသေးတဲ့ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အစိုုးရတိုု့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ နှောင့်နှေး နေရပြီး ရှေ့ဆက်မတိုုးနိုုင်ပဲ ဖြစ်နေရတာဟာ တိုုင်းရင်းသားတွေ လိုုလားတဲ့ သုံုးပွင့်ဆိုုင် တွေ့ဆုံုဆွေးနွေးရေး ကိစ္စ နဲ့ နိုု်င်ငံတကာပူးတွဲစောင့်ကြည့်လေ့လာရေး ကိစ္စ စတဲ့ အချက် ၂ ချက် ကိုု ညှိနှိုင်းမရသေးပဲ ဖြစ်နေတာကြောင့် UNFC မှ ပြောရေးဆိုုခွင့်ရှိသူ ဦးထွန်းဇော် က ပြောကြားခဲ့သည်။
"ကျနော်တိုု့ အဆိုုပြုထားတဲ့ ၉ ချက်မှာ အဓိက ကျန်နေတဲ့ တပ်ပိုုင်းဆိုုင်ရာ နိုုင်ငံရေးပိုုင်းဆိုုင်ရာတွေ အဖုုအထစ်လိုု ဖြစ်နေတာတွေ ရှိတယ်ပေါ့။ အဲ့ဒီ အချက်တွေကြောင့်ပဲ အဓိက ဖြစ်တာပေါ့ဗျား။"
ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးဆိုုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အဖွဲ့မှာ နိုုင်ငံတကာ ကိုုယ်စားလှယ်တွေက သီးခြားစောင့်ကြည့်လေ့လာဖိုု့ တောင်းဆိုုရတာနဲ့ ပတ်သက်ပြီး ဦးထွန်းဇော် က အခုုလိုု ဆက်ပြောခဲ့သည်။
"အခုု ညီနောင် ၈ ဖွဲ့နဲ့ လက်မှတ်ရေးထိုုးထားတဲ့ ကျနော်တိုု့ ဖြစ်စဉ်ကိုု ပြန်ကြည့်တဲ့အခါမှာ သူတိုု့ရဲ့ အကောင်အထည်ဖော်မှုမှာပေါ့လေ နော် လက်မှတ်ရေးထိုုးပြီးတော့မှ တိုုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အဖွဲ့တွေ ရှိတယ်လေ၊ အထူးသဖြင့် RCSS တိုု့နဲ့ ပေါ့လေ။ ဒါတွေကိုု ကျနော်တိုု့ ကြည့်တဲ့အခါ သူတိုု့ ဖြေရှင်းပုံု ဖြေရှင်းနည်းတွေက ကျနော်တိုု့အတွက်သုံုးသပ်စရာတွေ ပြောစရာ ဆိုုစရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒါကြောင့် တပ်ပိုုင်းဆိုုင်ရာ ကိစ္စမှာ ဆိုုလိုု့ရှိရင် ကျနော်တိုု့ JMC နဲ့ ပတ်သက်ပြီးတော့ လုုပ်ငန်းလမ်းညွန်တိုု့ လုုပ်ထုံုးလုုပ်နည်းပိုုင်းတိုု့ အများကြီး သုံုးသပ်စရာ တွေလည်း ရှိနေပါသေးတယ် ဒါတွေကြောင့်ပဲလား ဆိုုတော့လည်း မဟုုတ်ဘူး။ လက်တွေ့အကောင်အထည်ဖော်ကြတဲ့အခါမှာပေါ့ တဖက်ရဲ့ နုုိင်ငံရေး ဆန္ဒပြည့်ဝမှုပေါ့ဗျား၊ နုုိင်ငံရေးဆန္ဒနဲ့သဘောထားကြီးမှုပေါ့ အထူးသဖြင့် တပ်မတော်ဖက်က အဲ့ဒီလိုုမျိုး လက္ခဏာတွေက သိပ့်မတွေ့ရဘူးပေါ့လေ အဲ့ဒါကြောင့်လည်းပဲ မြေပြင်မှာ ထိပ်တုုိက်တွေ့ဆုံုမှု တွေ ပြန်ဖြစ်ကြတာပေါ့နော် ဒါတွေမဖြစ်ဖိုု့အတွက်ဆိုုလိုု့ရှိရင် ကြားက သမာသမက် ကျတဲ့ နိုုင်ငံတကာ ဆုံုးဖြတ်မည့်ကိုုယ်စားလှယ်တွေကိုု ပါ၀င်ပြီးမှ ဖြစ်စေချင်တယ်။"
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ NCA အပစ်ရပ်လက်မှတ်မရေးထိုုးရသေးသည့် ညီညွတ်သောတုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ရေးထိုုးနိုုင်ရေး အတွက် တရားဝင်ဆွေးနွေးပွဲ ၅ ကြိမ် ပြုလုုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ဇူလိုုင်လ ၂၀ ရက်နေ့ကလည်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ အကြံပေးအရာရှိ ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ ဒုုတိယခေါင်းဆောင် နုုိင်အောင်မငေး ဦးဆောင်တဲ့အဖွဲ့တိုု့ ထိုုင်းနိုုင်ငံ ချင်းမိုုင်မြို့တွင် အလွတ်သဘောတွေ့ဆုံုခဲ့ကြသည် ဟုသိရသည်။







