UNFC က မြောက်ပိုုင်းတိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့များနှင့် ညှိုနှိုင်းသွားမည်

UNFC က မြောက်ပိုုင်းတိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့များနှင့် ညှိုနှိုင်းသွားမည်
by -
သတင်းနှင့် မီဒီယာကွန်ရက်
ဇူလိုုင်လ ၁၇။ မြောက်ပိုင်း အဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်ရန် ညီညွတ်သော တုုိင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြိုးပမ်းသွားမည်ဟု ပြောဆိုုလိုုက်သည်။ မကြာမီ အချိန်အတွင်း UNFC မှ ဥက္ကဌသစ် နိုုင်ဟံသာ၊ ဗိုလ်မှူးကြီး ဆော်လမွန်နှင့် ဦးထွန်းဇော်တို့အား ၀ အဖွဲ့ ဦးဆောင်သော မြောက်ပိုုင်းတိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့များနှင့် သွားရောက်တွေ့ဆုံညှိုနှိုင်းရန် ရွေးချယ်ထားကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ နိုုင်အောင်မငေးက ပြောသည်။ “သူတို့ နောက်ဆုံးစာမှာ သူတို့က အင်န်စီအေလမ်းကြောင်းလိုက်မယ်လို့ အဲလိုပြောထားတာတစ်ခုရှိတယ်။ အဲလိုဆို ကျနော်တို့က ဘယ်လိုအပိုင်းမှာ ဘယ်လိုကဏ္ဍမှာ ကျနော်တို့နဲ့ ချိတ်ဆက်လို့ရလဲ ဒါကလူချင်းတွေ့မှပဲ အသေအချာပြောလို့ရမယ်။ ကျနော်တို့လည်း တိတိကျကျ မသိသေးဘူးလေ ကျနော် တို့လည်း အင်န်စီအေ လမ်းကြောင်း နောက်ဆုံးမှာ သူတို့ကအင်န်စီအေလမ်းကြောင်း လိုက်ပါမယ်လို့ ပြောထားတယ်ဆိုတော့ ကျနော်တို့မှာ အားတက်စရာတော့ ရှိတာပေါ့။ အားတက်စရာရှိတာ ဆိုတော့ ဘယ်အပိုင်းလိုက်မယ် ဘယ်ဟာတူလဲ ဘယ်လိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လို့ရသလဲဆိုတာ ကျနော်တို့ ဥက္ကဋ္ဌသွားမှ အသေ အချာပြောမှ သိမယ်” ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သည့် မြောက်ပိုုင်းတိုုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တစ်နိုုင်ငံလုံုးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (NCA) မဟုတ်သည့် လမ်းကြောင်းဖြင့် သွားရန်လိုအပ်ကြောင်း မူလကကြေညာချက်ထုတ်ပြန်ခဲ့သည်။ နိုင်အောင်မငေး က “ပူးပေါင်းဆောင်ရွက်လို့ရတဲ့ဟာက အားလုံးပူးပေါင်းဆောင်ရွက် ပါမယ်။ ကျနော်တို့ဟာ ဆိုရင် ကျနော်တို့ရော သူတို့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရဲ့ တိုင်းရင်းသား အခွင့်အရေးကို အတူတကွ လုပ်ဆောင်တဲ့သူပေါ့ ဒါပေမဲ့ နည်းလမ်းကျတော့ မတူတော့ မတူဘူး ပေါ့နော။ ဒါပေမဲ့ သွားမယ့် ပန်းတိုင်က တူနေတယ်ဆိုတော့ ပူးတွဲလုပ်လို့ရတဲ့ဟာ အများကြီးပေါ့နော” ဟု ဆက် ပြော သည်။ သို့သော် UNFC မှ တွေ့ဆုံရန် စာပို့ထားသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တစ်စုံတစ်ရာ ပြန်လည် အကြောင်းကြားလာခြင်း မရှိသေးသည့်အတွက် တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ မသိရသေးဟု UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး မှ ပြောသည်။ “အဓိကကကျနော်တို့ ယူအင်န်အက်ဖ်စီ ဥက္ကဋ္ဌက ဦးစီးပြီးသွားမယ်လို့ ဒါပေမယ့် သူတို့အားတဲ့အချိန်က ဘယ်နေ့ ဒီမှာ အခုကကြပ်နေတယ်။ ကျနော်တို့ စာပို့ထားတယ် စာမပြန်သေးဘူးလေ။ ဘယ်အချိန်သူတို့လည်း သူတို့ အလုပ်နဲ့ သူတို့ရှိတယ်ဆိုတော့လေ ရက်အတိအကျတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ တွေ့ဖို့တော့ အစီအစဉ် ရှိမယ် တွေ့ဖို့သင့်တယ် ဆိုတော့က ကျနော်တို့ ပြောထားတာပေါ့နော။” ၀ ဦးဆောင်သည့် မြောက်ပိုုင်းတိုုင်းရင်းသား အဖွဲ့များက NCA မဟုတ်သည့် လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးကိုု ရယူရန်ကြိုးပမ်းသွားမည်ဟု ကြေညာပြီးနောက် ယင်းအဖွဲ့တွင်ပါ၀င်သော ကချင်ပြည်လွတ်လပ်ရေး အဖွဲ့က UNFC ဥက္ကဌ တာဝန်နှင့် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...