ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရန် DPN နှင့် PPWT ဆွေးနွေး

ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရန် DPN နှင့် PPWT ဆွေးနွေး
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
NCA အပစ်ရပ် (၈) ဖွဲ့၏ တုုိင်းရင်းသားလက်နက်ကုုိင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်အလုုပ်အဖွဲ့(PPWT) ကိုုယ်စားလှယ်ခေါင်းဆောင်များနှင့် ညီညွတ်သောတိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးရှေ့လုုပ်ငန်းစဉ်များ အတူတကွ ပူးပေါင်းဆောင် ရွက်နိုုင်ရန် ထုုိင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် ယနေ့အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးမှာ DPN အဖွဲ့အနေနဲ့ အချက် ရ ချက်အပေါ်တွင် အဓိကထားပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုုင်ဖိုု့ ဆွေးနွေးသွား မှာဖြစ်ပြီး အစည်းအဝေး ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်မိန့်ခွန်းတွင် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။

"ကျနော်တိုု့အနေနဲ့တကယ်ပဲ ဒီဖြစ်စဉ်အတွင်းမှာ အရင်တုုန်းက ကျနော်တိုု့ ညှိနှိုင်းဆွေးနွေးထားပြီးသား ဆောင်ရွက်စရာလုုပ်ငန်းတွေကိုု ခွဲဝေထားပြီးသားကိစ္စရပ်လေးတွေ မပြီးပြတ်သေးတာတွေရှိတယ် မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကလည်း ကနေ့ကျနော်တိုု့သွားနေတဲ့ ဖြစ်စဉ်အတွင်းမှာ အဓိကကျနော်တိုု့ အတူတကွရပ်တည်ပြီးတော့ ဆုုတ်ကိုုင်ကြရမည့် အရာတွေလည်း ဖြစ်တဲ့အတွက်ကြောင့်မိုုလိုု့ကျနော်တိုု့အနေနဲ့ နှစ်ဖက်စလုံုးက စိတ်တူကိုုယ်တူ သဘောတူညီ လက်ခံနိုုင်တဲ့ လုုပ်ငန်းစဉ် မူတစ်ရပ်ဖြစ်ဖိုု့အတွက် အင်မတန်မှ အရေးကြီး တယ်လိုု့ကျနော်တိုု့ကယူဆတဲ့အတွက်ကြောင့်မိုုလိုု့ အခုုလိုု ကျနော်တိုု့ ဒီအစည်းအဝေးမှာ အတူတကွပြန်လည်ပြီးတော့ သုံုးသပ်မှုတွေ ပြင်ဆင်မှုတွေ သဘောတူညီမှုတွေ ရယူဖိုု့အတွက်ရည်ရွယ်ပြီး ကျနော်တိုု့ခေါ်ယူကျင်းပရခြင်းဖြစ်ပါတယ်။"

နှစ်ရက်ကြာ ကျင်းပမည့်အစည်းအဝေးတွင် မိုုင်ဂျာယန် ဆုံုးဖြတ်ချက် အကောင်အထည်ဖော်ရန် ဖြစ်သည့် ပင်လုံုလက်စွဲကိစ္စ၊ ကာကွယ်ရေးနှင့် လုံုခြံုရေးဆိုုင်ရာစာတမ်းကိစ္စများ အပါအဝင် မူဘောင်ပြန်လည်သုံုးသပ်မှုမှုနှင့်ပတ်သက်၍ နှစ်ဘက်ပူးပေါင်း ညှှိနှိုင်းဆောင်ရွက်ရန်ကိစ္စ၊ JMC ပူးတွဲစောင့်ကြည့်ရေးကိစ္စ TOR များနှင့် UNFC ၏ အချက် ၈ ချက်ကိစ္စများကိုု ဆွေးနွေးသွား ကြမည်ဟုု သိရသည်။

ယခုုအစည်းအဝေးမှ ရရှိလာသည့် အချက်များအပေါ်မူတည်၍ ငြိမ်းချမ်းရေး ရှေ့လုုပ်ငန်းစဉ်အတွက် မဟာဗျူဟာတစ်ရပ် ချမှတ်သွား ရန် နှင့် တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံုး အပါအဝင် နိုုင်ငံရေးပါတီများနှင့် EAOs အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပနိုုင်ရေးကိစ္စများကိုုလည်း ဆွေးနွေးဆုံုးဖြတ်သွားကြမည်ဟုု သိရသည်။

တုုိ်င်းရင်းသားလက်နက်ကုုိင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်အလုုပ်အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ပဒိုုစောကွယ်ထူးဝင်း မှ ယခုုအစည်းအဝေးတွင် ဆွေးနွေးမှုများ၏ တချို့အချက်များကိုုသာ ဆွေးနွေးဆုံုးဖြတ်နိုုင်မှာဖြစ်ပြီး တချို့အချက်များကိုုတော့ ထပ်မံ ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်သည်ဟုု အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည်သွင်းပြော ဆိုုခဲ့သည်။

နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့ဝင်ခေါင်းဆောင်များ နှင့် တုုိင်းရင်း သား လက်နက်ကုုိင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် အလုုပ်အဖွဲ့ PPWT အဖွဲ့မှ ပဒိုုစောကွယ်ထူးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ကိုုယ်စားလှယ်ခေါင်းဆောင်များ၏ ယခုုတစ်ကြိမ် တွေ့ဆုံုမှုသည် တတိယအကြိမ် ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...