မြောက်ပိုုင်း တပ်ပေါင်းစုနှင့် ဆွေးနွေးရန် ငြိမ်းချမ်းရေး ကော်မရှင် ကမ်းလှမ်း

မြောက်ပိုုင်း တပ်ပေါင်းစုနှင့် ဆွေးနွေးရန် ငြိမ်းချမ်းရေး ကော်မရှင် ကမ်းလှမ်း
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
“၀” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ UWSP ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့အား အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်မှ တရုတ်အစိုးရ ကိုယ်စား လှယ်များမှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာသည်ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA) မှ ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ပြောသည်။

“ကျနော်တို့ကို တရုတ်တွေတစ်ဆင့်  တွေ့မယ်လို့ပဲ ပြောတယ်လေနော။ ဘယ်နေ့တွေ့မယ် အဲဒါတော့ မပြောတတ်သေးဘူး။”

မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များသည် တွေ့ဆုံဆွေးနွေးရန်အတွက် ပန်ဆန်း (ပန်ခမ်း) မြို့သို့ ရောက်ရှိနေပြီး အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်ဖက်မှ အခြေအနေကို မသိရှိရသေးဟု တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြောသည်။

ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တို့ တွေ့ဆုံမည်ဆိုပါက တရုတ်နိုင်ငံအတွင်းတွင် တွေ့ဆုံမည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်နှင့် သိပ်မဝေးသည့် နယ်စပ်မြို့ တစ်နေရာတွင် တွေ့ဆုံမည်ဟု သိရသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်မှ တရုတ်အစိုးရ ကိုယ်စားလှယ်များမှ တစ်ဆင့် ဆက်သွယ်လာခြင်းဖြစ်ပြီး ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေး ကော်မတီ (FPNCC) ကော် မတီ အနေဖြင့် တွေ့ဆုံမည်ဆိုပါ တွေ့ဆုံဆွေးနွေးသွားမည်ဟု ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ဆက်ပြောသည်။

“တကယ်လို့ ခွဲပြီးတွေ့မယ်ဆိုရင်တော့ သိပ်မသေချာဘူး။ မတွေ့ဘူးလို့ပဲ ဆုံးဖြတ်ကြတာပဲလေနော။(၇) ဖွဲ့စလုံး တစ်နေရာတည်းတွေ့ရင်တော့ ဒါကတော့ တွေ့ဖို့များပါတယ်” ဟု ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ပြောသည်။

‘၀’ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ/ ‘၀’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSP/UWSA)၊ ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေး ကော်မတီ (FPNCC)အဖွဲ့တွင် ရက္ခိုင်အ မျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင် လွတ်လပ်ရေး အဖွဲ့/ကချင်လွတ်လပ်ရေး တပ်မတော်(KIO/KIA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုက ရေစီ မဟာမိတ် တပ်မတော်(MNTJP/MNDAA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တ အာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ/ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုး သား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA) စသည့် အဖွဲ့ (၇) ဖွဲ့ ပါ၀င်သည်။

“၀” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ UWSP ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့သည် တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းမှ မဟုုတ်ပဲ အစိုးရနှင့် နိုင်ငံရေး လမ်းကြောင်းသစ်ဖြင့် ဆွေးနွေးမည်ဟု တရားဝင် ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...