အဖွဲ့ဝင်သစ် တိုုးချဲ့ပါက ဆွေးနွေးမှုများ ရပ်ဆိုုင်းမည်ဟု UNFC အား အစိုုးရပြော

အဖွဲ့ဝင်သစ် တိုုးချဲ့ပါက ဆွေးနွေးမှုများ ရပ်ဆိုုင်းမည်ဟု UNFC အား အစိုုးရပြော
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တိုုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တစ်ခုဖြစ်သည့် ညီညွတ်သော တိုုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) ဆွေးနွေးညှိနှိုင်းစဉ်က ပါ၀င်ခြင်း မရှိသော အဖွဲ့အစည်းများကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံပါက  ငြိမ်းချမ်းရေးဆွေးနွေးများကို ရပ်ဆိုုင်းပစ်မည်ဟုု  အစိုးရတာဝန်ရှိများက ပြောသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက  “အဲဒါ အစိုးရသဘောထားပဲ ဆွေးနွေးစဉ် ပါ၀င်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဦးရေကို အဖွဲ့တွေကလွဲလို့ အဖွဲ့အသစ်တွေ ကျနော်တို့ အသိအမှတ်မပြုဘူး။ လက်မခံဘူး။ အကယ်၍ ယူအင်န် အက်ဖ်စီ ပြန်ဖွဲ့လို့ အဖွဲ့အသစ်တွေ ပါလာရင် ယူအင်န်အက်ဖ်စီလည်း ကျနော်တို့ မဆွေးနွေးတော့ဘူး” ဟု ပြောသည်။

အင်န်စီအေ ဆွေးနွေးစဉ်က ပါ၀င်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့ကိုသာ လက်ခံ အသိအမှတ်ပြုမည်ဟု ဦးဇော်ဌေးမှ ပြောသည်။

အစိုးရကိုုယ်စားလှယ်ဖြစ်သည့် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဒေါက်တာ မင်းဇော် ဦး နှင့် နည်းပညာအထောက်အကူပြု အဖွဲ့ဝင် ဦးကျော်လင်းဦးတိုု့ ဦးဆောင်သည့်အဖွဲ့နှင့် ယူအင်န်အက်ဖ်စီ၏ နိုုင်ငံရေး ဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် (ဒီပီအင်န်) တိုု့  ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံုမှုတွင် ဤ သဘောထားအား အစိုုးရ ကုုိယ်စားလှယ်အဖွဲ့က ပြောဆိုုခဲ့သည်။

ယူအင်န်အက်ဖ်စီအဖွဲ့တွင် အဖွဲ့ဝင်အသစ် တိုးလာမည်ဆိုပါက ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်အား ပြန်လည်စတင်ရမည့် အနေအထား ဖြစ်နေသည့်အတွက် အခက်အခဲဖြစ်လာနိုင်သည့် အနေအထားရှိနေကြောင်း အစိုးရဖက်မှ ၎င်းတို့၏ သဘောထားကို လာရောက်ပြောဆိုသွားသည်ဟု နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုုယ်စားလှယ် (ဒီပီအင်န်) အဖွဲ့ခေါင်းဆောင် ခူးဦးရယ်မှ ပြောသည်။

“တကယ်လိုု့များ အဖွဲ့ဝင်သစ်တွေကိုု ကျနော်တိုု့ လက်ခံမယ် ဖြစ်လာခဲ့လိုု့ရှိရင် လောလောဆယ် ဆွေး နွေးရေး ဖြစ်စဉ်ထဲမှာ ဒီအဖွဲ့ဝင်သစ်တွေက ပါခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုုရင်တော့ အခက်အခဲ မရှိပေမယ့်လိုု့ ပါခဲ့တဲ့ အဖွဲ့အစည်းမဟုုတ်ဘူးဆိုုရင်တော့ ဒီဖြစ်စဉ်အသစ်ထဲမှာ ပါ၀င်လာမယ်ဆိုတော့ ဒီဟာက ဆွေးနွေးမှု ဖြစ်စဉ်ကိုု ပြန်ပြီး ကျော့ရမလိုု ပြန်စရမလိုု ဖြစ်ရင် အခက်အခဲ ဖြစ်နိုုင်တယ်ဆိုုတဲ့ အနေအထားမျိုးကိုု သူတိုု့ သဘောထားကိုု လာပေးတာပါ။ တကယ်လို့ ဆက်စပ်ပြီးတော့ ပါလာခဲ့တဲ့ အဖွဲ့အစည်းတွေ ဆိုရင်တော့ အစိုးရဖက်က ဆွေးနွေးရတာ သူတို့ဖက်ကလည်း အရင်က အသိအမှတ်ပြု ထားခဲ့တဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲ့အစည်းတွေဆိုရင်တော့ မဖြစ်နိုင်တော့ဘူးပေါ့။ အဲလိုပဲ သဘောထား မျိုးတွေ လာပေးပါတယ်” ဟု ခူးဦးရယ်က ပြောသည်။

အစိုုးရဖက်မှ ယနေ့ပြောဆိုုလာသည့် သဘောထားများအား ယူအင်န်အက်ဖ်စီ၏ ညီလာခံတွင် လိုုအပ်ပါက ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားသည့် အဖွဲ့များအား လက်ခံမည် လက်မခံမည်ကိုု ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပမည့် ယူအင်န်အက်ဖ်စီ၏  ဒုတိယအကြိမ်မြောက် ညီလာခံကြီးတွင် ဆွေးနွေးသွားကြမည်ဟု ခူးဦးရယ်မှ ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုုနှစ်အတွင်း ရက္ခိုင့်တပ်မတော် AA အပါအဝင်၊ ဇုုိမီး အဖွဲ့၊ ကူးကီးအဖွဲ့များမှ ညီ ညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအင်န်အက်ဖ်စီ)၏ အဖွဲ့ဝင် အသစ်များအဖြစ် ပါ၀င်ရန် လျှောက်ထားမှုများရှိသည်ဟု ယူအင်န်အက်ဖ်စီ မှ ပြောသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...