မော်တော်ယာဉ်များ ဖားကန့်အနီးဝန်းကျင် ည ရ နာရီနောက်ပိုုင်း သွားလာခြင်းမပြုရန် ကေအိုုင်အေ သတိပေး

မော်တော်ယာဉ်များ ဖားကန့်အနီးဝန်းကျင် ည ရ နာရီနောက်ပိုုင်း သွားလာခြင်းမပြုရန် ကေအိုုင်အေ သတိပေး
လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေအရ ဖားကန်မြို့နှင့် ပတ်ဝန်းကျင်လမ်းများတွင် မော်တော်ယာဉ်များ ည ရ နာရီ နောက်ပိုုင်း သွားလာခြင်း မပြုရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ကန့်သတ်လိုုက်ကြောင်း သတိပေးစာကိုု ဇွန်လ ရ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှစပြီး မိုးကောင်း-ကာမိုင်းလမ်း၊ လဝါး-ကာမိုင်းလမ်း၊ ကာမိုင်း-ဖားကန့်လမ်း၊ ဝှေ့ခါ-ဖားကန့်လမ်းများပေါ်တွင် ခရီးသွားလာသည့် အချိန်ကို ကေအိုုင်ကေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ က ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ယင်းလမ်းမများပေါ်တွင် နံနက် ၆းဝဝ နာရီမှ ည ရ နာရီအချိန်အတွင်းသာ သွားလာရန်နှင့် ည ရးဝဝ နာရီမှ နံနက် ၆းဝဝ နာရီအတွင်း ခရီးသွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် သတိပေးစာတွင် ဖော်ပြထားသည်။

ယခုုကဲ့သို့ မော်တော်ယာဉ်အသင်းများနှင့် ခရီးသွားပြည်သူများ၏ ခရီးသွားလာခြင်းအပေါ် အချိန်ကန့်သတ်ခြင်းမှာ လူအများ၏ လုံခြံုရေးအတွက် ဖြစ်သည်ဟုု ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အို/ကေအိုင်အေ)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“စစ်ရေးအခြေအနေအရ ခုချိန်မှာ အဲဒီတနိုင်းဖက်မှာ တပ်မတော်ဖက်ကနေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ် နေတယ် အဲဒီဟာကြောင့် မိဘပြည်သူများ လုံခြံုရေးကို ရှေ့ ရှု့ ပြီးမှ ဒီသွားလာခွင့်ပြုတဲ့ အချိန်တွေကို ကန့် သတ်ပေးတာနေမှာပါ။ ဒါကစစ်ရေး အခြေအနေအရ ဖြစ်ပါတယ်” ဟုပြောသည်။

သတိပေး အကြောင်းကြားစာထဲတွင် မော်တော်ယာဉ်အသင်းများနှင့် ခရီးသွားပြည်သူ များမှ သတ်မှတ်ချိန်ကို ကျော်လွန်ပြီး ခရီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့်ကိစ္စရပ်များကိုမဆို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အို/ကေအိုင်အေ) တပ်ရင်း ၆ မှ တာဝန်ခံမည် မဟုတ်ကြောင်းနှင့် လိုက်နာခြင်း မရှိပါက မော်တော်ယာဉ်အသင်း ယာဉ်မောင်းများ၏ တာဝန်သာဖြစ်ကြောင်း ပါရှိသည်။

ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေသည့် အခြေအနေတွင်ရှိနေသည်ဟု ဗိုုလ်မှူးကြီး နော်ဘူက ပြောသည်။

“အခုထက်ထိကတော့ တပ်မတော်ဖက်က ထိုးလာတာ လုံးဝ မဆုတ်ဘူးဖြစ်နေတယ်။ စစ်အင်အားတွေလည်း ထပ်တိုးလာတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ အဲဒီအခြေအနေကိုကြည့်ရင်တော့ တိုက်ပွဲကတော့ ပိုပြင်းထန်လာမယ့် အနေအထားဖြစ်ပါတယ်”

မကြာခင်က တနိုုင်းဒေသအတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်အကြား တိုုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ဖားကန့်ဒေသတွင်လည်း စစ်ရေးတင်းမာမှုများ ရှိနေသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...