တတိယအကြိမ်မြောက် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

တတိယအကြိမ်မြောက် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ရှမ်းပြည်နယ်အတွင်း တိုုင်းရင်းသားပေါင်းစုံု၏  ညီညွတ်ရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုုကရေစီနိုုင်ငံရေးစနစ်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုု တည်ထောင် နိုုင်ရေးအပါအဝင်  ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက် သွားနိုုင်ရေးအတွက် ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးကိုု ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ယနေ့ စတင်ကျင်းပနေသည်။

အစည်းအဝေးတွင် ယနေ့ လက်ရှိအစိုုးရက နောက်ကြောင်းမပြန်ရဘူးဆိုုပြီး ထုုတ်ဖော်ပြောဆိုုလုုိက်တာဟာ ဥပဒေလည်း မရှိသလိုု မှားယွင်းတဲ့ လုုပ်ရပ်ဖြစ်တယ်လိုု့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ရှမ်းတုုိင်းရင်းသားများ ဒီမိုုကရေစီအဖွဲ့ချူပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောဆိုုခဲ့သည်။

ထိုု့အပြင် ၂၀၀၈ ဖွဲ့စည်းအုုပ်ချူပ်ပုံု အခြေခံ ဥပဒေ အား ပြုပြင်ဖိုု့ လိုုအပ်နေပြီး မပြုပြင်ပဲ ဒီအတုုိင်းဆက်လက်ထား ရှိနေမယ် ဆိုုပါက မိမိတိုု့ရဲ့ ဘဝ တွေဟာ ကောင်းမွန်လာမှာမဟုုတ်ဘူးဟုု  ဦးခွန်ထွန်းဦး မှ အစည်းအဝေး တက်ရောက် လာသူများကိုု ပြောဆိုုခဲ့သည်။

ဒီအခြေအနေများကြောင့် ရှမ်းတုုိင်းရင်းသားများအချင်ချင်း စုုစည်းညီညွတ်ဖိုု့လိုုပြီး တိုုင်းပြည်တိုုးတက်ရေးနှင့် ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုုးတက်ရေးတွေအတွက် အတူတကွ ၀ိုုင်းဝန်းကြိုးပမ်းသွားကြရန် တုုိက်တွန်းပြောဆိုုခဲ့သည်။

၂ ရက်ကြာ ကျင်းပမည့် ယခုုအစည်းအဝေးတွင် လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် ဦးခွန်ထွန်းဦး နေရာကိုု ပြန်လည်ရွေးချယ်တင်မြောက်သွားရန်နှင့် ရှမ်းပြည်နယ်အတွင်း ကျင်းပခွင့်မရသေးသည့် လူမျိုးအလုုိက် အမျိုးသားအဆင့် နုုိင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနုုိင်ရေး ကိစ္စများကိုု အဓိကထား ဆွေးနွေးသွားကြရန် ရှိသည်ဟုု သိရသည်။

ယနေ့ အစည်းအဝေးကိုု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC၊ ရှမ်းတိုုင်းရင်းသားများ ဒီမိုုကရက်တစ်ပါတီ SNDP၊ ရှမ်းတုုိင်းရင်းသားများ ဒီမိုုကရေစီအဖွဲ့ချူပ် SNLD မှ ခေါင်းဆောင်များနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ၊ ရှမ်းလူငယ်အဖွဲ့အစည်း၊ မျိုးဆက်သစ်(ရှမ်းပြည်)၊ ရှမ်းမျိုးနွယ်စုုရေးရာအဖွဲ့(ကချင်ပြည်နယ်) က ကိုုယ်စားလှယ်များ တက်ရောက် နေကြသည်။

ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အဖွဲ့ကိုု ၂၀၁၃ ခုုနှစ် အောက်တိုုဘာ ၁၅ ရက်နေ့က ထိုုင်းမြန်မာနယ်စပ် တနေရာမှာ ဖွဲ့စည်းခဲ့သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...