ချင်းမုုိင်တက္ကသိုုလ်ရှိ UNISERV ခမ်းမတွင် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး လုုပ်အားခ အပြည့်အဝ ရရှိရေး အပါအဝင် အလုုပ်သမားများ၏ ကြံုတွေ့ နေကြရသည့် အခက်အခဲများကိုု သက်ဆိုုင်ရာ ထိုုင်းတာဝန်ရှိသူတွေထံ တင်ပြတောင်းဆိုုသွားရန် အဓိက ဆွေးနွေးသွားမည်ဟုု သိရသည်။
ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အလုုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရွှေ့ပြောင်းအလုုပ်သမားအရေး အတုုိင်ပင်ခံ ပုုဂ္ဂိုလ် ထောင်းခမ်း က လက်ရှိ အလုုပ်သမားများ ကြံုတွေ့နေကြရသည့် အခက်အခဲများနှင့် ပတ်သက်၍ ယခုုလိုု ပြောသည်။
“သူတိုု့ ထုုတ်လာတဲ့ ဥပဒေပေါ့ အသက်ကြီးသူ ၅၅ နှစ် ပြည့်လိုု့ရှိရင် သူတိုု့ အလုုပ်သမားကဒ် အလုုပ်သမား သက်တမ်း မတိုုးပေးဘူး၊ ပြီးတော့ အလုုပ်သမားတွေ လုုပ်ငန်းခွင် လုံုခြံုရေး ကာကွယ်ဖိုု့ ကိုုပေါ့ ပစ္စည်းတွေ မပေးဘူးပေါ့နော် နောက်ပြီးတော့ လုုပ်အားခလည်း သူများ သတ်မှတ်ထားတဲ့ လုုပ်အားခလည်း နှစ်တိုုင်းလုုိမျိုးပဲ ဒီတစ်နှစ်လည်း မရကြသေးဘူးပေါ့နော် အနည်းဆုံုး လုုပ်အားခ ၃၀၈ ဘတ်ပေါ့နော် ချင်းမိုုင်မှာနော် ဒါပေမယ့် သူတိုု့ အခုု ၂၆၀ ၊၂၇၀ လောက်ပဲ ရသေးတယ်။”
အလုုပ်သမား ၂၀၀ နီးပါး တက်ရောက်ဆွေးနွေးနေကြသည့် ယခုု ဆွေးနွေးပွဲတွင် လုုပ်ငန်းခွင် ဘေးကင်းလုံုခြံုရေးကိစ္စ ၊ အခြေခံ လုုပ်အားခနှင့် သင့်ထိုုက်သည့် လုုပ်အားခ ရရှိရေးကိစ္စ ၊ အလုုပ်သမား ပေါင်းစည်းမှု အခွင့်အရေးကိစ္စ နှင့် လူမှုအခွင့်အရေး ကိစ္စများ အုုပ်စုုခွဲ ၍ အဓိက ဆွေးနွေးခဲ့ကြသည်။
ရွှေ့ပြောင်းအလုုပ်သမားများသည် ညနေ ၄ နာရီတွင် ရွှေ့ပြောင်းအလုုပ်သမားများ၏ လိုုလား ချက်များ ရေးသားထားသည့် ပိုုစတာများ ကိုုင်ဆောင်၍ ချင်းမြို့မြို့လယ်ရှိ ဘုုရင်သုံုးပါးရင်ပြင်မှ လေယာဉ်ကွင်းအနီးရှိ စွန်ဘိုုဟတ်ပန်းခြံကိုု လမ်းလျှောက်ချီတက်ခဲ့ကြပြီး လုုိလားချက်များကိုု တောင်းဆိုုခဲ့ကြသည်။
ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကိုု မနက်ဖြန် မေလ ၁ ရက်နေ့တွင် ပြန်လည် စီစစ် ဆွေးနွေးပြီး နေ့လည်ပိုုင်းတွင် ချင်းမုုိင်ခရိုုင်အုုပ်ချူပ်ရေးမှူးရုံုးသိုု့ သွားရောက်တင်ပြတောင်းဆိုုသွားကြ မည်ဟုု သိရသည်။







