အပစ်ရပ် ရှမ်းတပ်မတော် စခန်းအား မြန်မာ့တပ်မတော်မှ ပစ်ခတ်မှု ဖြေရှင်းပေးရန် JMC-S အား တိုင်ကြား

အပစ်ရပ် ရှမ်းတပ်မတော် စခန်းအား မြန်မာ့တပ်မတော်မှ ပစ်ခတ်မှု ဖြေရှင်းပေးရန် JMC-S အား တိုင်ကြား
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထား သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၏ တပ်စခန်းတစ်ခုအား မြန်မာ့တပ်မတော်မှ ဧပြီလ (၅) ရက်နေ့ က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် အမြန်ဆုံးဖြေရှင်းပေးဖို့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ (JMC-S) ကို တိုင်ကြားထားသည်ဟု RCSS က ပြောသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ပင်လုံမြို့နယ် မြောက်ဘက်၊ (၁၀) မိုင်ခန့်အကွာတွင်ရှိသည့် RCSS တပ်စခန်းတခုအား အစိုးရတပ်မတော်က ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည့်အတွက် NCA ကို အစိုးရတပ်မတော်ဘက်မှ ချိုးဖောက်နေသည့်အပေါ် အမြန်ဆုံး ဖြေရှင်းပေးရန် JMC-S ကို တိုင်ကြားထားခြင်း ဖြစ်သည်ဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒု-ဗိုလ်မှူး ကြီး စိုင်းငင်း က ပြောသည်။

“အဲ့ဒီတိုက်ပွဲဖြစ်ဖြစ်ချင်းမှာပဲ ကျနော်တို့ JMC-S ကနေပြီးတော့ စာရေးအကြောင်းကြားထား တာရှိတယ်။ ကျနော်တို့ နယ်မြေထဲကို လက်နက်ကိုင်ပြီးဝင်လာတာ အကြောင်းမကြားတာက လည်း NCA ကို ချိုးဖောက်ရာ ရောက်တာပေါ့နော်။ အခုလို တိုက်ပွဲဖြစ်တာကလည်း မဖြစ်သင့် ကြောင်း ကျနော် တို့ JMC-S က နေပြီးတော့ အကြောင်းကြားထားတာ ရှိပါတယ်။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးပါဆို တဲ့အကြောင်း ဒီနေ့ပဲ စာရေးထားတာ ရှိပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အရ တစ်ဖက် အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သ ဘောတူညီချက်ဖြင့် သွားလာခြင်း၊ တဖက်နယ်မြေအတွင်း သွားမည်ဆိုပါက တဖက်က ကြိုတင် အကြောင်းကြားခြင်းများ ပြုလုပ်ဖို့ လက်မှတ်ထိုးထားကြသော်လည်း အစိုးရတပ်မတော်မှ တစ်စုံ တစ်ရာ အကြောင်းကြားခြင်းမရှိသည့်အပြင် ယခုကဲသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသည် NCA ကို တပ်မတော်မှ ချိုးဖောက်ခြင်း ဖြစ်သည်ဟု RCSS က ပြောသည်။

ခိုလမ်မြို့ အခြေဆိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၂၄၆) ခြေ လျင်တပ်ရင်းမှ လှုပ်ရှားစစ်ကြောင်း အင်အား (၆၀) ခန့်က ပင်လုံမြို့နယ်မြောက်ဘက် (၁၀) မိုင် အကွာတွင်ရှိသည့် နမ့်ဆိုင်း ကျေးရွာအနီးရှိ RCSS ထိန်းချုပ်နယ်မြေထဲ တစ်စုံတစ်ရာ အကြောင်း ကြားခြင်းမရှိပဲ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း က ဆက် ပြောသည်။

“အဲ့ဒီ နမ့်ဆိုုင်းကျေးရွာ ဒီ တပ်အီးကျေးရွာအုုပ်စုုပေါ့ အဲ့နားမှာ တိုုက်ပွဲ ဖြစ်တာ ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တိုု့ နေ့ခင်း ၁၂ နာရီခွဲ ကနေပြီးတော့ မွန်လွဲ တစ်နာရီအထိ မိနစ်သုံုးဆယ်ကြာတဲ့ တိုုက် ပွဲ ဖြစ်တယ်၊ ကျနော်တိုု့ရဲ့ ထိန်းချူပ်ရာ နယ်မြေထဲကိုု သူက အကြောင်းမကြားပဲနဲ့ ဝင်လာတော့ ဒီလိုု ရုုတ်တရက် ရင်ဆိုုင် တိုုက်ပွဲ ဖြစ်တဲ့သဘောပါ။ နည်းနည်းပါးပါး ထိခိုုက်တယ်လိုု့တော့ကြား တယ်။” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် နောက် ပိုင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် မြန်မာ့ တပ်မတော်တို့ အကြား မတ်လအတွင်းကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တစ်နှစ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ကျော်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၅ ခုနှစ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/ SSA) သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမို ကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့များနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...