ယခုုအစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့် နိုုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် UNFC မှ ဖွဲ့စည်းထားသည့် နိုုင်ငံရေး ဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နောက်ဆုံုး အခြေအနေများကိုု တင်ပြပြီး ရှေ့လုုပ်ငန်းစဉ်အတွက် အဓိက ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။
တဆက်တည်းမှာပင် ၂၀၁၆ ခုုနှစ် ဇူလိုုင်လက မိုုင်ဂျာယန် မျက်နှာစုံုညီအစည်းအဝေးတွင် သဘောတူညီထားကြသည့် ပင်လုံုလက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စုုနှင့် ဖွဲ့စည်းပုံုအခြေခံ တွင် ပါ၀င်ရမည့် အခြေခံမူများ၊ အမျိုးသား ကာကွယ်ရေးနှင့် အမျိုးသား လုံုခြံုရေး မူဝါဒဆိုုင်ရာ အခြေခံမူများနှင့် ဖက်ဒရယ် ပြည်ထောင်စုု တပ်မတော် ဆိုုင်ရာ မူဝါဒများကိုု လက်ရှိ အကောင်အ ထည် ဖော်ဆောင်ရွက်မှုများနှင့် ရှေ့လုုပ်ငန်းစဉ်များအား ဆွေးနွေးသွားကြရန် ရှိသည်ဟုု သိရ သည်။
နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုးရေး၊ မရေးထိုုးရေး ကိစ္စများကိုုလည်း ဆွေးနွေး ဆုံုးဖြတ်နိုုင်ဖွယ်ရှိသည်ဟုု အစည်းအဝေး တက်ရောက်လာသည့် ခေါင်းဆောင်တချို့မှ သုံုးသပ်ပြောဆိုုသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုုအလုုပ်အမှု ဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးကိုု ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုး တက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင် ပြည် အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ် အစည်းအရုံုး LDU နှင့် ၀ အမျိုးသား အဖွဲ့ချူပ် WNO စသည့် အဖွဲ့ ရ ဖွဲ့မှ ခေါင်းဆောင်ကိုုယ်စားလှယ်များ တက်ရောက်နေသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့အား ၂၀၁၀ ခုုနှစ် နိုုဝင်ဘာလတွင် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့နှင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။







