ဖက်ဒရယ် အခြေခံမူများအပါအဝင် ကဏ္ဍကြီး သုံုးရပ်အားတိုုင်းရင်းသားလက်နက်ကိုုင် အဖွဲ့များသိုု့ တင်ပြအတည်ပြုချက်ရယူမည်

ဖက်ဒရယ် အခြေခံမူများအပါအဝင် ကဏ္ဍကြီး သုံုးရပ်အားတိုုင်းရင်းသားလက်နက်ကိုုင် အဖွဲ့များသိုု့ တင်ပြအတည်ပြုချက်ရယူမည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ယခင်နှစ် မိုုင်ဂျာယန် အစည်းအဝေးမှာ တာဝန်ပေးခဲ့သော ကဏ္ဍကြီး သုံုးရပ်ဖြစ်သည့် ပင်လုံလက်စွဲစာအုုပ်၊ ဖက်ဒရယ် အခြေခံမှုများနဲ့ လုံုခြံုရေးဆိုုင်ရာ စာတမ်း ကိစ္စတွေအပေါ် နောက်ဆုံုး ပြင်ဆင်ထားချက်တွေကိုု မကြာခင်မှာ လက်နက်ကိုုင် အဖွဲ့အစည်း ၁၅ ဖွဲ့ကိုု တင်ပြအတည်ပြုချက် ရယူနိုုင်ဖိုု့ ဧပြီလ ၂ ရက်နေ့တွင် နုုိင်ငံရေးဆိုုင်ရာ တွေ့ဆုံုဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN က လုုပ်ငန်းညှိုနှိုင်း အစည်း အဝေး ကျင်းပခဲ့တယ်လိုု့ အဖွဲ့ ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။

NMG03“ဒီ ပင်လုံုလက်စွဲ ၊ နောက်တခုုကတော့ ဖက်ဒရယ်အခြေခံမူများ၊ နောက် လုံုခြံုရေးဆိုုင်ရာ ကိစ္စရပ်များစာတမ်း ဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တိုု့ အတူတကွ ထိုုင် သုံုးသပ်မယ်၊ အတည်ပြုမယ်၊ ဘာကြောင့်လည်းဆိုုရင် အမှန်ကတော့ အရင်က မိုုင်ဂျာယန် လိုုမျိုး စုံုညီ အစည်းအဝေး တခုုမှာ ကျနော်တိုု့ ပြန်လုုပ်ဖိုု့ ဖြစ်တယ် ဒါပေမယ့် လောလောဆယ် အခြေအနေမှာ အဲ့လိုုပြန်လုုပ်နိုုင်ဖိုု့ အခြေအနေ မရှိသေးဘူး၊ အဲ့ဒါကြောင့်မိုုလိုု့ ကျနော်တိုု့ ထိပ်သီးခေါင်းဆောင်တွေလောက်ပဲ အရင်စုုပြီးတော့ ကျနော်တိုု့သဘောထား တခုုခုု ချမှတ်နိုုင်ဖိုု့အတွက် ရည်ရွယ်ပြီး လုုပ်မှာ ဖြစ်ပါတယ်”

အခုုပြင်ဆင်ထားချက်တွေကို ဧပြီလ လယ်ပိုုင်းမှာ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့ ၁၅ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံုပြီး အတည်ပြုဖိုု့ ရှိသည်ဟုုလည်း ခူးဦးရယ်က ဒီကနေ့ ချင်းမိုုင်မှာ ကျင်းပသည့် DPN အစည်းအဝေး အပြီးမှာ သတင်းနှင့် မီဒီယာ ကွန်ရက်ကို ပြောသည်။

တချိန်တည်းမှာပင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံုဆွေးနွေးပြီး မူအားဖြင့်သဘောတူညီမှု ရလာသည့် အဆိုုပြုချက် ၉ ချက်ကိုု ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တစ်ဖွဲ့ချင်းစီ ၏ သဘောထားတုန့်ပြန်ချက်တွေကို UNFC ဗဟိုုအလုုပ်အမှုဆောင် အဖွဲ့ကို တင်ပြဖိုု့လည်း ပြင်ဆင်မှုတွေ လုုပ်ခဲ့သည်ဟုု ခူးဦးရယ် မှ ပြောသည်။

မနက်ဖြန် ဧပြီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာကျင်းပမည့် UNFC ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဗဟိုုအလုုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာတော့ အဲဒီ အချက်တွေကိုု တင်ပြသွားမည် ဖြစ်ပါသည်။

နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ် အဖွဲ့ DPN အဖွဲ့သည် အစိုုးရနှင့် တစ်နုုိင်ငံ လုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုုးကြရသေးသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များနှင့် ငြိမ်းချမ်း ရေးနှင့် နုုိင်ငံရေး ဆွေးနွေးမှု ဖြစ်ပေါ်ရန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

နိုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ် အစည်းအရုံုး LDU ၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့ဝင် ခေါင်းဆောင်များ ပါ၀င်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...