တိုုင်းရင်းသား ထိပ်သီးခေါင်းဆောင်များပါ၀င်သည့် အရေးပေါ် အစည်းအဝေး ကျင်းပ

တိုုင်းရင်းသား ထိပ်သီးခေါင်းဆောင်များပါ၀င်သည့် အရေးပေါ် အစည်းအဝေး ကျင်းပ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဗဟိုုအလုုပ်အမှုဆောင် အရေးပေါ် အစည်းအဝေး ကိုု ယနေ့ ဇန္နဝါရီလ ၂၃ ရက်နေ့တွင် ထိုုင်းနိုုင်ငံ ချင်းမိုုင်မြို့၌ ကျင်းပနေသည်။

အစည်းအဝေးတွင် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစုု ပင်လုံု ဒုုတိယအကြိမ် အစည်းအဝေးနှင့် ပတ်သက်၍ သဘောထား ဆုံုးဖြတ်ချက်များ ချမှတ်ခြင်းအပါအဝင် ငြိမ်းချမ်းရေး ရှေ့လုုပ်ငန်းစဉ်ကိစ္စများ ဆွေးနွေးချမှတ်ခြင်းနှင့် UNFC ၏ ဒုုတိယအကြိမ် ညီလာခံ ကျင်းပရေး ကိစ္စများအား အဓိက ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။

နှစ်ရက်ကြာ ကျင်းပမည့် UNFC ဗဟိုုအလုုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကိုု NCA တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုုးကြရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ရ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များအပါအဝင် အဖွဲ့ဝင် ကိုုယ်စားလှယ် ၃၀ ခန့် တက်ရောက် ဆွေးနွေးနေကြသည်။

လက်ရှိ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP ၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်ပါတီLDP နှင့် ၀ အမျိုးသားအဖွဲ့ချူပ် WNO များ ပါ၀င်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကိုု ၂၀၁၀ ခုုနှစ် နိုုဝင်ဘာလတွင် တိုုင်းရင်းသား လက်နက်ကုုိုုင် တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...