ယခုု ဆွေးနွေးပွဲသည် ၂၀၁၆ ခုုနှစ် နိုုဝင်ဘာလဆန်းပိုုင်းက ရန်ကုုန်မြို့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုုဌာန NRPC ရုံုးတွင် နောက်ဆုံုးဆွေးနွေးခဲ့သည့် UNFC မှတင်ပြထား သည့် အချက် ၈ ချက်ကိစ္စကိုု ဆက်လက်ဆွေးနွေးနိုုင်ရန် ညှိနှိုင်းသွားမည်ဖြစ်သည်ဟုု DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။
အထူးသဖြင့် ကျနော်တိုု့ DPN ဖက်က ဆွေးနွေးတဲ့ ၈ ချက်ကလည်း အခုုထိ တိတိပပ အဖြေမရသေးဘူးပေါ့နော်၊ ဘာမှ သဘောထား မကျသေးဘူးဆိုုတော့ အရင်တုုန်းကတော့ ကျနော်တိုု့ နည်းလမ်းတွေ ရှာကြံမယ်ဆိုုပြီးတော့ သဘောတူထားကြတာ ပေါ့လေ ဒါပေမယ့် ကျနော်တိုု့ တကယ်ပဲ တခုုချင်းစီ အတွက် သဘောတူ လက်ခံနိုုင်တဲ့ အခြေအနေ မရောက် သေးဘူးလေ အဲ့ဒီဟာလည်း ကျနော်တိုု့ ဆွေးနွေးကြမယ် နောက်ပြီး မူဘောင် ပြန်လည်သုံုး သပ်မှု အစီအစဉ်လေးတွေကိုုလည်း ကျနော်တိုု့ ရှေ့ဆက် ဘယ်လုုိ သွားကြမယ်ဆိုုတဲ့ ကိစ္စ တွေပါမယ်။ နောက် JMC ကိစ္စလည်း ပါမယ်။
ယခုုတစ်ကြိမ်တွေ့ဆုံုမှုတွင် အစိုုးရကိုုယ်စားလှယ်များဖြစ်ကြသည့် ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တိုု့ပါ၀င်သည့် အဖွဲ့ဝင် ရ ဦးတက်ရောက်မည်ဟုု သိရသည်။
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့မှ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်ပြီး DPN အဖွဲ့ဝင် ၁၃ ဦးထဲမှ ခေါင်းဆောင်တစ်ချို့ တက်ရောက်ကြ မည်ဖြစ်သည်ဟုု ပြောဆိုုသည်။
နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ် အဖွဲ့ DPN အဖွဲ့သည် အစိုုးရနှင့် တစ်နုုိင်ငံ လုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုုးကြရသေးသည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များနှင့် ပူးပေါင်းဖွဲ့ စည်းထားသည့် အဖွဲ့ဖြစ်သည်။ ထိုုအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် နုုိင်ငံရေးဆွေးနွေးပွဲများကိုု ဦးဆောင်ဆွေးနွေးသွားရန် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်ဟုု သိရသည်။
ငြိမ်းချမ်းရေး ကော်မရှင် နှင့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့သည် ၂၀၁၆ ခုုနှစ် နိုုဝင်ဘာလဆန်းက ရန်ကုုန်မြို့ရှိ NRPC ရုံုးတွင် နောက်ဆုံုးအကြိမ် တွေ့ဆုံုခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်ဆိုုင်းပြီး ယခုုနှစ် ၂၀၁၇ ခုုနှစ် ဇန္နဝါရိလတွင် ပထမဆုံုးအကြိမ် တရားဝင် ပြန်လည်တွေ့ဆုံုဆွေးနွေးကြမည်ဖြစ်သည်။







