နှစ်ကျော့ပြန် စစ်ဘေးဒုုက္ခသည်များ အကူအညီရရေးနှင့် ထိုုးစစ်များရပ်တန့်ရေး ဆန္ဒပြ

နှစ်ကျော့ပြန် စစ်ဘေးဒုုက္ခသည်များ အကူအညီရရေးနှင့် ထိုုးစစ်များရပ်တန့်ရေး ဆန္ဒပြ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ်၌ အစိုုးရစစ်တပ်၏ ထိုုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် နှစ်ကျော့ပြန် စစ်ဘေး ဒုုက္ခ ကြံုနေကြသည့် ပြည်သူများအား အကူအညီပေးရန် ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ မြန်မာကောင်စစ် ၀န်ရုံုးရှေ့တွင် ယနေ့ မနက်ပိုုင်းက ထိုုင်းနုုိင်ငံရောက် ကချင်တိုုင်းရင်းသားများ စုုပေါင်း၍ ဆန္ဒ ထုုတ်ဖော်ခဲ့ကြသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ၏ လိုုင်ဖေါင်တပ်စခန်းကိုု အစိုုးရ စစ်တပ်မှ သိမ်းယူခဲ့ပြီးနောက်ပိုုင်း ယနေ့အချိန်အထိ တိုုက်ပွဲများ ဆက်တိုုက်ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် ယခုုလိုု လာရောက်တောင်းဆိုု ဆန္ဒပြခြင်းဖြစ်သည်ဟုု ခေါင်းဆောင်သူတစ်ဦး ဖြစ်သည့် ကိုုနော်ခမ်း မှ သတင်းထောက်များအား ပြောသည်။

သတင်းမီဒီယာမှာ တက်မလာတဲ့ အတွက် ကြောင့်မိုု့ ထိုုးစစ်က ရပ်ပြီးပြီလိုု့ ထင်နေတယ် မဟုုတ်ဘူး အခုု ဆက်တိုုက်ဖြစ်နေတယ် လိုုင်ဖောင် ဂီဒေါင်း စခန်းတွေ အားလုံုး သိမ်းပြီးရင် လည်း အစိုုးရစစ်တပ်က ဟိုုဖက် ငိုုင်းကြံ့ဆိုုတဲ့ လုုိင်ဖောင်ရဲ့ အထက်မှာ ရှိတဲ့ ကျနော်တိုု့ရဲ့ ကချင်တော်လှန်ရေးတပ်တွေကိုု ဆက်ပြီးထိုုးစစ် ဆင်နေတယ်။ အဲ့ဒီဟာတွေ အားလုံုးရပ်တန့်ဖိုု့ ကျနော်တိုု့ဒီကနေ့ လာပြီး တောင်းဆိုုခြင်း ဖြစ်တယ်၊ နောက်တချက်ကတော့ ကျနော်တိုု့ KIA လိုုင်ဖောင်တပ်စခန်းရဲ့ အနောက်မှာရှိတဲ့ ဇုုိင်းအောင် ကချင်ဒုုက္ခသည်စခန်းမှာလည်း ဒီ အစိုုးရ စစ်တပ်တွေက လက်နက်ကြီးတွေနဲ့ ထုုနေတယ် အဲ့ဒါကြောင့် ဟုု ကိုုနော်ခမ်း မှ ပြောသည်။

ဆန္ဒထုုတ်ဖော်ပွဲတွင် ကချင်ပြည်သူလူထုုများ ဒုုက္ခဆင်းရဲဖြစ်စေသည့် မြန်မာအစိုုးရစစ်တပ်မှ ဖော်ဆောင်နေသော ထိုုးစစ်များ စခန်းသိမ်းတိုုက်ပွဲများအားလုံုး ချက်ချင်းရပ်တန့်ရန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုုင်းတွင် အစိုုးရ စစ်တပ်မှ ပြည်သူလူထုုအား ဖမ်းဆီး သတ်ဖြတ်ခြင်း လူနေအိမ်များကိုု အမြောက်များဖြင့် ပစ်ခတ်ခြင်းများ မုံုးကိုုဒေသမှ ရွာသားများ၏ စပါးခင်းများ မီးရှို့ဖျက်ဆီးခြင်းများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ချက်ချင်းရပ် တန့်ရန် တောင်းဆိုုခဲ့ကြသည်။

ထိုု့အပြင် အစိုုးရစစ်ဗျူဟာကုုန်း၌ ပျောက်ဆုံုးသွားသည်ဟုု ပြောဆိုုနေသော မုံုးကိုုဒေသခံ ကချင်သင်းအုုပ်ဆရာတစ်ပါးနှင့် သင်းထောက်တစ်ပါးတိုု့ ပျောက်ဆုံုးနေမှုအပေါ် မြန်မာအစိုုးရမှ စုံုစမ်းစစ်ဆေးဖေါ်ထုုတ်ပေးရန် လည်း ထိုုင်းနုုိင်ငံရောက် ကချင်လူထုု၏ သဘောထား ထုုတ်ပြန် ထားသည်။

အလားတူ တရုုတ်အစိုုးရထံကိုုလည်း အစိုုးရစစ်တပ်၏ ပစ်ခတ်မှုကြောင့် တရုုတ်နိုုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင် ခိုုလုံုကြသော ဇိုုင်းအောင်ဒုုက္ခသည်များကိုု တရုုတ်အစိုုးရမှ ပြန်လည်မောင်း ထုုတ်ခြင်းမပြုပဲ လူသားချင်း စာနာမှု အကူအညီများပေး၍ ကူညီစောင့်ရှောက်ပေးရန် လည်း တောင်းဆိုုသည်။

ရွာကနေ ဒုုက္ခသည်စခန်းကိုု တခါ ပြေးရတယ်။ နောက်ဆုံုးအခုုဟာ စစ်ပြေးဒုုက္ခသည်စခန်းမှာ တစ်ရက်မှာ လက်နက်ကြီး ငါးလုံုးခြောက်လုံုးလောက် ပစ်ထည့်လုုိက်တော့ အဲ့ဒီ စစ်ပြေးဒုုက္ခ သည်စခန်းကနေ တခါ တောထဲကိုု တခါ ပြန်ပြေးရတယ် တရုုတ်နိုုင်ငံဖက်ခြမ်းသွားတော့ တရုုတ်စစ်တပ်က နယ်စပ်မှာ တားဆီးပြီး ပေးမဝင်တော့ အဲ့ဒီ နယ်စပ်မှာပဲ ငှက်ပျောဖက် ခင်းပြီးမှပဲ လမ်းပေါ်မှာ အိပ်နေရတာတွေ့တယ်၊ နောက် နှစ်ရက်လောက် အဲ့ဒီမှာနေပြီးမှ တခါအခုုပြန်လိုု့ရပြီးတဲ့ တခါ ပြန်သွားတယ် တခါပြန်သွားတော့ သူတိုု့ ရောက်တာနဲ့ တခါပြန်ပစ်တယ် အဲ့ဒီ ဒုုက္ခသည်စခန်းထဲမှာ နှစ်ရက်သုံုးရက်ဆက်တိုုက် အဲ့သလိုုပစ်နေတော့ အဲ့ဒါကိုု သံရုံုးကနေတဆင့် အစိုုးရဆီမှာအကြောင်းကြားပေးဖိုု့လာတောင်းဆိုုတာပါ။ ဟုု ဆန္ဒပြပွဲတွင် ပါ၀င်သူတစ်ဦးဖြစ်သည့် ဦးဟောင်ခေါင်း မှ ပြောသည်။

ယနေ့ ကချင်တိုုင်းရင်းသားများ၏ စုုပေါင်းဆန္ဒထုုတ်ဖော်ပွဲတွင် မြန်မာအစိုုးရစစ်တပ်၏ ထိုုးစစ်နှင့် ကချင်ဒုုက္ခသည်များအား ဒုုက္ခဆင်းရဲ ထပ်မံပေးနေမှုအပေါ် ထိုုင်းနုုိင်ငံရောက် ကချင်လူထုု၏ တောင်းဆိုုချက် ၅ ချက်ပါ သဘောထား ထုုတ်ပြန်ချက်တစ်စောင် ထုုတ်ပြန်ခဲ့သည်။

ထိုုထုုတ်ပြန်တောင်းဆိုုချက်များကိုု ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံုးမှ လက်ခံယူ ပေးဖိုု့ တောင်းဆိုုခဲ့သော်လည်း တာဝန်ရှိသူတစ်ဦးတစ်ယောက်မှ လာရောက်လက်ခံရယူခဲ့ခြင်း မရှိခဲ့ပါ။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...