မုံးကိုးမြို့တွင် သတင်းထောက်များအား ကူညီခဲ့သူနှစ်ဦးပျောက်ဆုံး

မုံးကိုးမြို့တွင် သတင်းထောက်များအား ကူညီခဲ့သူနှစ်ဦးပျောက်ဆုံး
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
သတင်းထောက်များအား လိုက်လံကူညီပေးခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်းမုံးကိုးမြို့ရှိ နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာတစ်ဦးနှင့် သင်းထောက်ဓမ္မအမှုတော်ဆောင်တစ်ဦးအား မည့်သည့်အဖွဲ့မှ ခေါ်ဆောင်သွားသည်ကိုမသိရှိရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။

မုံးကိုး ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံးနေသော နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာနှင့်သင်းထောက် နှစ်ဦးမှာဦးလန်းဂျော်ဂမ်ဆိုင်းနှင့် ဦးဒွမ်ဒေါ့နောင်လတ် ဖြစ်ပြီး၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက် နေ့တွင် မုံးကိုးဒေသသို့ ရောက်ရှိလာသည့် သတင်းထောက်များအား လမ်းပြပို့ဆောင် ကူညီပေးခဲ့သူ ဖြစ်သည်ဟုသိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ စနေနေ့ ညနေပိုင်းအချိန်တွင် မုံးကိုး ဗျူဟာကုန်းတပ်စခန်းသို့ သွားမည်ဟုပြောဆိုခဲ့ပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်သည်ဟုဓမ္မအမှုတော်ဆောင်ဆရာနှင့် သင်းထောက်အား ဗျူဟာကုန်အသွားလမ်းတွင် ၎င်းတို့၏ မိတ်ဆွေများအားပြောကြားခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဘယ်သူခေါ်သွားတာလဲအတိအကျမသိသေးဘူး။ စနေနေ့ညနေ ၄ နာရီခွဲနဲ့ ညနေ ၅ နာရီ ကြားလောက်မှာ ရွာကိုဖြတ်သွားတာသူ့မိတ်ဆွေတွေ လမ်းမှာတွေ့လိုက်တော့ ဘယ်သွားကြမလဲ။အခုမိုး ချုပ်ခါနီးပြီဆိုမေးလိုက်တော့ သူတို့ နှစ်ယောက် ဗျူဟာမှာ လူဖမ်းထားတာသွားရွေးတာ သွားကယ်တာပဲလို့ပဲပြောတယ်တဲ့ ဗျူဟာကိုသွားတယ်လို့ပဲပြောတယ်တဲ့ သူတို့နှစ်ယောက်လည်းခပ်မြန်မြန်နဲ့ သွားကြတယ်တဲ့” ဟုမုံးကိုးဒေသခံတစ်ဦးကပြောသည်။

ပျောက်ဆုံးနေသည့် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာနှင့် သင်းထောက်ဆရာ နှစ်ဦးမှာမုံးကိုးမြို့ရှိကချင်နှစ် ခြင်းခရစ်ယာန်အသင်းတော်မှ အမှုတော်ဆောင်များဖြစ်ပြီး မုံးကိုးကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ လက်အောက်ရှိအသင်းတော်တစ်ပါးဖြစ်သည်။

သို့သော် ယခုအချိန်အထိ နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာနှင့် သင်းထောက်ဆရာ နှစ်ဦးတို့သည် မည့်သည့်နေရာသို့ ရောက်ရှိနေသည်ကိုမိမိတို့ အနေဖြင့် မသိရှိရကြောင်း၊ မုံးကိုးဗျူဟာကုန်းအားမေးမြန်းစုံစမ်းမှုများ ပြုလုပ်သော်လည်း ဗျူဟာကုန်းမှ ပျောက်ဆုံးနေသည့် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာနှင့် သင်းထောက်ဆရာတို့ ရောက်ရှိလာခြင်းမရှိဘဲ ၎င်းတို မသိရှိရကြောင်းသာ ပြန်လည်ပြောကြားခဲ့သည်ဟု ၎င်းမုံးကိုးဒေသခံမှ ဆက်ပြောပြသည်။

“အခုအခြေအနေကစုံစမ်းနေတုန်းပဲအခုဆက်ပြီးတော့ ဗျူဟာကို ပြန်မေးပေးဖို့ ဖောင်းဆိုင် ပြည်သူ့စစ် ခေါင်းဆောင်ကိုလည်းပြောထားတယ်။ မုံးကိုးပြည်သူစစ်ခေါင်းဆောင်းကိုလည်းပြောထားတယ်။ ဒါပေမဲ့ ဖောင်းဆိုင်ပြည်သူ့စစ် ဆမ်ဆီကိုမေးမြန်းကြည့်တော့ သူမေးကြည့်တော့ မလာဘူး။ ကျနော်တို့မသိဘူး။ အဲလိုပဲပြောတယ်တဲ့”ဟုမုံးကိုးဒေသခံမှ ပြောသည်။

မိမိတို့အနေဖြင့် ပျောက်ဆုံးနေသူများအားမည်ကဲ့သို့ စုံစမ်းရမည်ကိုမသိတော့ကြောင်း၊ ယခုကဲ့သို့ စုံစမ်းမရသည်ကို အံ့သြမိကြောင်းပျောက်ဆုံးနေသာအဆိုပါ ခရစ်ယာန်အမှုတော်ဆောင် နှစ်ဦးအတွက် လွန်စွာစိတ်ပူနေမိကြောင်းဒေသခံများကဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမုံးကိုးမြို့သည် ပြီးခဲ့သည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းမဟာ မိတ်အဖွဲ့ဝင်များ ဖြစ်သောကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)နဲ့ မြန်မာ့တပ်မတော်တို့ ကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...