ရွှေ့ပြောင်းအလုုပ်သမားအခွင့်အရေးများရရှိရန် တောင်းဆိုုမည်

ရွှေ့ပြောင်းအလုုပ်သမားအခွင့်အရေးများရရှိရန် တောင်းဆိုုမည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုုင်ရာ ရွှေ့ပြောင်းအလုုပ်သမားနေ့ International Migrants Day အထိမ်းအမှတ် အခမ်းအနားကိုု ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့ရှိ ချင်းမုုိင်တက္ကသိုုလ် UNISERV တွင် ကျင်းပခဲ့ပြီး မြန်မာအလုုပ်သမားများနှင့် ထိုုင်းအလုုပ်သမားများ၏ အခက်ခဲပြဿနာများကိုု အဖြေရှာသည့် နှီးနှောဖလှယ်ပွဲ တစ်ခုပြုလုုပ်ခဲ့သည်။

နှီးနှောဖလှယ်ပွဲတွင် ရွှေ့ပြောင်းအလုုပ်သမားများ၏ ကြံုတွေ့နေရသည့် လုုပ်ငန်းခွင် ကိစ္စများ ၊ ရသင့်ရထိုုက်သည့် အခွင့်အရေး ချိုးဖောက်ခံနေရမှု ကိစ္စရပ်များနှင့် လက်ရှိရင်ဆိုုင်နေကြရသည့် အခက်အခဲ ပြသနာများကိုု ဆွေးနွေးအဖြေရှာ၍ ချင်းမိုုင်ခရိုုင်ရုံုးသိုု့ စာရေးတောင်းဆိုုသွားရန် စီစဉ်ထားကြောင်း ရွှေပြောင်းအလုုပ်သမားရေးရာအဖွဲ့ WSA မှ အတုုိင်ပင်ခံပုုဂ္ဂိုလ် နန်းထောင်းခမ်း က သတင်းထောက်များအား ပြောဆိုုသည်။

အခက်အခဲတွေက အခုု တချို့နေရာမှာ လုုပ်အားခ အနည်းဆုံုး လုုပ်အားခလည်း မရသေးဘူး နားရက်မရသေးဘူးပေါ့နော် နောက်ပြီးတော့ ဒီ လက်မှတ်အတွက်ကိစ္စပေါ့နော် ဒီ ပန်းရောင်ကဒ်ကိုုင်နေတဲ့ လူတွေရဲ့ အခက်အခဲပေါ့နော်၊ သွားလာရေး အခက်အခဲ နောက်ပြီးတော့ ဒီ Pass Port ကိုုင်နေတဲ့လူတွေအခက်အခဲ နောက်ပြီးတော့ ယာဉ်မောင်းလုုိင်စင် ဒီ ပန်းရောင်ကဒ် ကိုုင်တဲ့ လူတွေက ယာဉ်မောင်းလိုုင်စင် လုုပ်ခွင့်မရသေးဘူးပေါ့နော် အဲ့ဒါတွေလည်းပါတယ်။

နှီးနှောဖလှယ်ပွဲတွင် ရွှေ့ပြောင်းအလုုပ်သမားများ နယ်မြေကျော်လွန်သွားလာရေးကိစ္စ၊ ကိုုင်ဆောင်ထားသည့် လက်မှတ်များတွင် နံပါတ်အက္ခရာ ၆ နှင့် ၀ ပါသော ဂဏာန်းများ၏ အကျိုးသက်ရောက်မှုကိစ္စ၊ ပန်းရောက်လက်မှတ်ကိုုင်ဆောင်သူကိစ္စ၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုုကိစ္စ၊ ကျန်းမာရေး အာမခံ ကိစ္စ၊ အစရှိသည့် အချက် ၁၀ ချက် ခန့်ကိုု တက်ရောက်လာသူများမှ အုုပ်စုု ၁၀ စုုခွဲ၍ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကိုု ဒီဇင်ဘာလ ၁၉  ရက်နေ့ တနင်္လာနေ့တွင် ရွှေ့ပြောင်းအလုုပ်သမားများ စုုပေါင်းလမ်းလျှောက်ချီတက်ပြီး ချင်းမုုိင်ခရိုုင်ရုံုးမှ တာဝန်ရှိသူများထံ စာရေးတောင်းဆိုုသွားမည်ဟုု သိရသည်။

ချင်းမုုိင်မြို့အနီးတွင် ပန်းရံလုုပ်ငန်းကိုု အလုုပ်လုုပ်ကိုုင်နေသည့် ရှမ်းတိုုင်းရင်းသားတစ်ဦးမှ  ယနေ့ ကျင်းပသည့် နိုုင်ငံတကာ ရွှေ့ပြောင်းအလုုပ်သမားနေ့ အခမ်းအနားကိုု တက်ရောက်ခွင့်ရ သည့်အတွက် ၀မ်းသာ ရပြီး သူ၏ ဆုံုးရှံုးနေသည့် အခွင့်အရေးများ ရရှိရန် တောင်းဆိုုသွားမည်ဟုု ပြောဆိုုသည်။

ကျနော့်ရဲ့ ဆန္ဒကတော့ ဒီ မြန်မာနိုုင်ငံသားတွေ ယိုုးဒယားနိုုင်ငံမှာ အလုုပ်လာလုုပ်တဲ့အချိန်မှာ အားလုံုးကိုု လုုပ်အားခတွေလည်း များများရချင်တယ်။ နောက်ပြီး အလုုပ်လုုပ်ကိုုင်တဲ့အချိန်မှာ လည်း လုုပ်ငန်းခွင်မှာ လုံုခြံုမှုကိုု ရယူချင်ပါတယ်။ ပြီးရင် သွားလာရေး ကိစ္စမှာ လွယ်လွယ် ကူကူနဲ့ သွားစေချင်ပါတယ်ခင်ဗျ။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုုင်ရာ ရွှေ့ပြောင်းအလုုပ်သမားနေ့ International Migrants Day အထိမ်းအမှတ် အခမ်းအနားကိုု ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့အပြင် ဘန်ကောက်မြို့ရှိ မဟာချိုင်ဒေသမှာလည်း ရွှေ့ပြောင်းအလုုပ်သမား အခွင့်အရေးကွန်ရက် MWRN အဖွဲ့က ဦးစီးပြီး ဝပ်ထစ်ဘုုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုုပ်ခဲ့ရာတွင် ရွှေ့ပြောင်းအလုုပ်သမား တစ်ထောင် နီးပါး တက်ရောက်ခဲ့ကြသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...