အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်ဆောင်ရွက်မှုများအား EAOs ၈ ဖွဲ့မှ ဆန့်ကျင်ကန့်ကွက်

အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်ဆောင်ရွက်မှုများအား EAOs ၈ ဖွဲ့မှ ဆန့်ကျင်ကန့်ကွက်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များကိုု အကြမ်းဖက်အဖွဲ့ အစည်း နှင့် လူပုုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်မှုများအား ဆန့်ကျင် ကန့်ကွက်ကြောင်း တစ်နုုိင်ငံ လုံုးပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုး ထားကြသည့် တိုုင်း ရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲမှ ဒီဇင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာ ချက် တစ်စောင် ထုုတ်ပြန်လုုိက်သည်။

ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ NCA တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့၏ ညှိနှိုင်းရေးမှူး ဗိုုလ်မှူးကြီး ခွန်ဥက္ကာ မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုုပ်ငန်းစဉ်ကိုု ထိခိုုက် နိုုင်သည့်အတွက် ထုုတ်ပြန်ခြင်းဖြစ်သည်ဟုု ပြောဆိုုသည်။

လူပုုဂ္ဂိုလ်ဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် အကြမ်းဖက် သတ်မှတ်မယ်ဆိုုရင် ဒီဟာမျိုးက မလုုပ်သင့်ဘူးပေါ့ဗျား၊ ဘယ်တိုုင်းရင်းသား အဖွဲ့အစည်းကိုုမှ ဒီလိုု မလုုပ်သင့်ဘူးပေါ့။ အဲ့ဒါကိုု ကန့်ကွက်တာပါ။ အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ဖိုု့ ကြိုးစားမှုတွေကိုု မလုုပ်သင့်ဘူးလိုု့ ကန့်ကွက်တာ။  အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်လိုုက်ရင် ပိုုပြီးတော့ ဝေးကွာပြီးတော့ လုုပ်ငန်းတွေ လက်ရှိသွားနေတဲ့ Ongoing Process တွေ ပျက်စီးသွားမှာပေါ့ အဲ့ဒါကိုု စိုုးရိမ်လိုု့။

NCA သဘောတူစာချူပ် လက်မှတ်ရေးထိုုးခဲ့ကြသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နှင့် လုုပ်ငန်းအဖွဲ့ PPWT/CT အဖွဲ့ဝင်များ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုုန်မြို့၌ ကျင်းပခဲ့သော တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး အပြီးတွင် ယခုုလိုု ထုုတ်ပြန်လုုိက်ခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုုင်းတွင် နိုုဝင်ဘာလ ၂၀ ရက်နေ့၌  ပစ်ခတ်တိုုက်ခိုုက်မှု ဖြစ်ပွားခဲ့သည့် မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း(ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အား ရှမ်းပြည်နယ် လွတ်တော်က အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ဒီဇင်ဘာလ ရ ရက်နေ့က သတ်မှတ်ခဲ့သည်။

ရှမ်းပြည်က အဲ့ဒီလွတ်တော်က သူဆုံုးဖြတ်ပိုုင်ခွင့် မရှိပါဘူး မရှိပဲနဲ့ သူဆုံုးဖြတ်တော့ အဲ့ဒါ ကျနော်တိုု့ ဟိုုဟာ မဖြစ်ပါဘူး။ ဒါပေမယ့် အများကြီးပေါ့ဗျား လေသံတွေ ထွက်နေတော့ ဘာဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့အစည်းဆိုုတဲ့ သတ်မှတ်ချက်က မဖြစ်သင့်သေးဘူးပေါ့ ကျနော်တိုု့ အဲ့ဒါကိုု ကန့်ကွက်တာပါ ဘယ်တိုုင်းရင်သားအဖွဲ့မဆိုု ချွင်းချက်မရှိပေါ့ မသတ်မှတ်သင့် သေးဘူးပေါ့။ သတ်မှတ်လိုုက်ရင် ဘာတွေ ဖြစ်နိုုင်လည်းဆိုုတာတော့ မသိဘူး ဒါပေမယ့် ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုုပ်ငန်းစဉ်တွေက ထိခိုုက်သွားနိုုင်တာပေါ့။ သူတိုု့ ဆက်ဆံလိုု့ ဘယ်ရတော့မလဲဗျား၊ အဲ့ဒီအဖွဲ့တွေ၊ နောက် နိုုင်ငံတကာ ဥပဒေတွေနဲ့ကြတော့ သတ်မှတ်ပြီးတာနဲ့ နိုုင်ငံတကာ ဥပဒေအရ အဲ့ဒီ အဖွဲ့အစည်းတွေ ဘယ်တိုုင်းပြည် ဘယ်အစိုုးရမှ လက်ခံလိုု့မရတော့ဘူး ဖြစ်သွားနိုုင်တာပေါ့။ ဟုု ဗိုုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောဆိုုသည်။

တဆက်တည်းမှာပင် အကြောင်းအမျိုးမျိုးကြောင့် NCA စာချူပ်တွင် ပါ၀င်လက်မှတ်ရေးထိုုးရန် အဆင်သင့် မရှိသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်ထောင်စုု အစိုုးရ တိုု့ကိုုလည်း အပြုသဘောဆောင်ပြီး ငြိမ်းချမ်းရေးကိုု ရှေးရှု့သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုုမိုုတိုုးမြှင့်လုုပ်ဆောင်ကြရန် NCA အပစ်ရပ် တိုုင်းရင်းသား လက်နက်ကိုုင် ၈ ဖွဲ့က ထုုတ်ပြန်ချက်တွင် အကြံပေး တိုုက်တွန်းထားသည်။

NCA သဘောတူစာချူပ် လက်မှတ်ရေးထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံုး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုုင်ငံလုံုး ဆိုုင်ရာ ကျောင်းသားများ ဒီမိုုကရက်တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ပအိုု့အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုုင်ပြည်လွတ်မြောက် ရေးပါတီ ALP ၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့ ကရင်အမျိုးသား ဒီမိုုကရေစီအကျိုးပြုတပ်မတော် DKBA အဖွဲ့များ ပါ၀င်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...