ဆုုပေးပွဲအခမ်းအနားကိုု ဘယ်လ်ဂျီယံနိုုင်ငံ ဘရတ်ဆဲလ်မြို့တွင် နိုုဝင်ဘာလ ၁၆ ရက်နေ့က AidEx အဖွဲ့မှနေ၍ ဆုုပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့တာဖြစ်သည်။
ဒေါက်တာ စင်သီယာမောင် သည် ကိုုယ်ကျိုးမဖက် စေတနာနှင့် လူထုုအကျိုးပြုလုုပ်ငန်းများအား စွမ်းစွမ်းတမံ လုုပ်ဆောင်နေခြင်းကြောင့် ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဆုနှင့်ပတ်သက်၍ စင်ကာပူခရီးစဉ်မှ ထိုုင်းနုုိင်ငံကိုု ပြန်ရောက်လာသည့် ဒေါက်တာ စင်သီယာမောင် မှ ယခုုလို ပြောဆိုုသည်။
“အဲ့ဒီဆုုအနေအထားကတော့ အခုု လက်ရှိ နိုုင်ငံတကာမှာဖြစ်နေတဲ့ ဒုုက္ခသည်ပြသနာ တွေကိုု လည်း သူတိုု့ ထပ်ပြီးတော့ မီးမောင်းထုုိးပြတာဖြစ်သလိုုပေါ့နော် ကျမတိုု့ အနေနဲ့လည်း မြန်မာနိုုင်ငံ နယ်စပ်ဒေသအသီးသီးမှာ ဒီ ဒုုက္ခသည်ပြဿနာ ရှိနေသေးတယ်ဆိုုတာရယ် နောက် တော့ တချို့ ဒုုက္ခသည်တွေ အိမ်ပြန်ရေးတိုု့ ကိစ္စတွေကလည်း ဒီလိုု မငြိမ်သက်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ အခက်အခဲရှိတယ်ဆိုုတဲ့အကြောင်းကိုု ဒီ လူသားချင်း စာနာထောက်ထားမှု အပိုုင်းမှာရော နော် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကိစ္စတွေရော ဒုုက္ခသည် ပြဿနာတွေ ဖြေရှင်းဖိုု့လိုုအပ်တယ်ဆုုိတာကိုုလည်း ကျမတိုု့ ပိုုပြီးတော့ ဒါ မီးမောင်းထိုုးပြတာ ဖြစ်ပါတယ်။ “ ဟု ဆိုသည်။
ဒေါက်တာ စင်သီယာမောင် သည် ၁၉၈၈ ဒီမိုုကရေစီ အရေးတော်ပုံုကြီး ဖြစ်ပွားခဲ့ပြီးသည့် နောက်ပိုုင်း ထိုုင်း မြန်မာ နယ်စပ်ရောက်ရှိလာသည်။ ၁၉၈၉ ခုုနှစ်တွင် ကျောင်းသားဆေးခန်း ဟုု လူသိများသည့် မယ်တော်ဆေးခန်းကိုု စတင်တည်ထောင်ခဲ့၍ နယ်စပ်ဒေသတွင်ရှိသော မြန်မာရွှေ့ပြောင်း အလုုပ်သမားများနှင့် စစ်ပြေးဒုုက္ခသည်များအား ကျန်းမာရေး ပညာရေး စသည့် လူမှုရေး စောင့်ရှောက်မှုများကိုု လုုပ်ကိုုင်နေသူ ဖြစ်သည်။
AidEx အဖွဲ့မှ ပေးအပ်သည့် ၂၀၁၆ ခုုနှစ် လူသားချင်း စာနာထောက်ထားမှုဆိုုင်ရာ လူစွမ်းကောင်း ဆုုကိုု မြန်မာနိုုင်ငံက ဒေါက်တာ စင်သီယာမောင်ကိုု နောက်ဆုံုး ဇကာတင် ၅ ဦးထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံုးဇကာတင်စာရင်းတွင် အခြားပါ၀င်ခဲ့သူများမှာ အမျိုးသမီးများအပေါ် လိင်ပိုုင်းဆိုုင်ရာ စော်ကားမှုအပေါ် ဆန့်ကျင်လှုပ်ရှားသူ Jaha Dukureh၊ နိုုင်ငံတကာ လူထုုအကျိုးပြု လူမှုရေး လုုပ်ငန်းထူထောင်သူ Dr Martin Fisher၊ အမေရိကန်နိုုင်ငံ လူထုုအကျိုးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ထူထောင်သူ Shaima Ai Zarooni တိုု့ ဖြစ်သည်။
ဒေါက်တာ စင်သီယာမောင် သည် ၂၀၁၃ ခုုနှစ်တွင် ဆစ်ဒနီ ငြိမ်းချမ်းရေးဆုု ချီးမြှင့်ခံရပြီး Ramon Magsaysay ဆုု၊ အာရှဒီမိုုကရေစီနှင့် လူ့အခွင့်အရေးဆုု၊ တိုုင်းမ် မဂ္ဂဇင်း ၏ အာရှ သူရဲကောင်းဆုု၊ ဆွစ်ဇလန် နှင့် အမေရိကန် ကျန်းမာရေးအဖွဲ့များမှ ချီးမြင့်သည့် Jonathan Mann Award ဆုု များ အပါအဝင် နိုုင်ငံတကာမှ ပေးအပ်သည့် ဆုုပေါင်း ၂၄ ဆုုရရှိခဲ့ပြီး ယခုုဆုုသည် ၂၅ ဆုုမြောက် ရရှိခြင်း ဖြစ်သည်။







