ဥပဒေဘောင်တစ်ခုုတည်းအောက်တွင် လက်နက်ကိုုင်အဖွဲ့အစည်းအားလုံုး ရောက်ရှိရန်လိုုဟုုပြော

ဥပဒေဘောင်တစ်ခုုတည်းအောက်တွင် လက်နက်ကိုုင်အဖွဲ့အစည်းအားလုံုး ရောက်ရှိရန်လိုုဟုုပြော
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
မြန်မာ့တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေ ဘောင်တစ်ခုတည်း အောက်သို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိပါက ပြည်တွင်းစစ် ပြသာနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဥပေဒေအထောက်အကူပြုကွန်ရက် (Legal Aid Network )မှပြောသည်။

ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက“တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကော မြန်မာစစ်တပ်ကော နှစ်ခုစလုံးက ဥပဒေစိုးမိုးမှုဘောင်တစ်ခုတည်းရောက်ဖို့လိုတယ်။ အဲဒီ ဘောင်တစ်ခုတည်းကို ရောက်အောင်သွင်းဖို့လိုတယ် ငါတို့ကပဲ တရားဝင်တပ် လက်နက်ကိုင်ထားတယ်၊ ကျန်တဲ့ တိုင်းရင်းတော်လှန်ရေးတပ်တွေက အကုန်လုံးတရားမဝင် လက်နက်ကိုင် တပ်တွေဖြစ်တယ်။ အကုန်လုံးဖျက်ရမယ် ဖျက်သိမ်းရေးလမ်းကြောင်းကို စဉ်းစားမယ် ရှိနေသမျှကာလပတ်လုံး ဘယ်တော့မှ ပြည်တွင်းစစ် ပြသာနာကို ရှင်းလို့မရဘူး။ လက်နက်ကိုင် တပ်ဖွဲ့တွေ အကုန်လုံးက ဥပဒေဘောင်တစ်ခုတည်း အောက်ကိုရောက်ဖို့လိုတယ်။ အဲဒါကို အရင်ရှင်းဖို့လိုတယ်။ အဲဒါ မရှင်းနိုင်ပဲနဲ့ ပြည်တွင်းစစ်ပြသာနာ ရှှုင်းလို့မရဘူး။” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပေါများလာခြင်းသည် မြန်မာ့ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး ဥပဒေဘောင်တစ်ခုတည်း အတွင်းတွင် ရှိမနေခြင်းကြောင့် ဖြစ်သည်ဟု ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network )မှ သုံးသပ်ပြောဆိုသည်။

လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို အစိုးရအနေဖြင့် တရားဝင် အဖွဲ့အစည်း ဖြစ်အောင် ဖော်ဆောင်ပေးနိုင်မှသာ ပြည်တွင်းစစ် ပြဿနာကို အဆုံးသတ်နိုင်မည်ဖြစ်ပြီး စစ်မှန်သောငြိမ်းချမ်းရေးကိုတည်ဆောက်နိင်မည် ဟု ရှေ့နေ ဦးအောင်ထူးမှ မှတ်ချက်ပြုပြောဆို သည်။

“ပြည်တွင်းစစ်ပြသာနာကို မှန်ကန်စွာ ငြိမ်းနိုင်ဖို့ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တစ်ခုကို တိုင်းရင်းသားတော်လှန်ရေး တပ်တွေ ပါ၀င်ဖွဲ့စည်းပြီးတော့ တပ်တွေအကုန်လုံးက ဥပဒေစိုးမိုးမှုတစ်ခုတည်းအောက်ကို ရောက်ဖို့လိုတယ်” ဟု ရှေ့နေ ဦးအောင်ထူး မှ ပြောသည်။

မြန်မာနိုင်ငံတွင်းရှိ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်လာကြ သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း တစ်ဖွဲ့ကိုတစ်ဖွဲ့ အမြစ်ပြတ် အပြုတ်တိုက်နိုင်ခြင်းမရှိပေ။

ယခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား ၂၁ ရာစုပင်လုံညီလာခံ နောက်ပိုင်း စက်တင်ဘာလမှ စတင်၍ ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယခုအချိန်အထိဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ပြည်သူလူထုအပါအဝင် ပါတီများ၊ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ မြန်မာ့တပ်မတော် အစရှိသည့် အဖွဲ့များ အတူတကွ ပူးပေါင်းပါ၀င် လုပ်ဆောင်မှ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တစ်ပိုင်းတစ်စ ပူးပေါင်းဆောင် ရွက်ခြင်းမျိုး မဟုတ်ပဲ အပြည့်အဝ ပူးပေါင်းပါ၀င်လုပ်ဆောင်ဖို့လိုအပ်သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ မှပြောသည်။

“တပ်မတော်အနေနဲ့ လက်တွဲဆောင်ရွက်ဖို့လိုအပ်တယ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ တပ်မတော်ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်။ တစ်ပိုင်းတစ်စနဲ့တော့ မရဘူး။ အခုအချိန်အထိ ကျနော်တို့က ငြိမ်းချမ်းရေး မရရှိသေးတာ ဒီ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ တပ်မတော်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိသေးလို့ ဖြစ်တယ်လို့ လူတွေကအဲလို သုံးသပ်တယ် ကျနော်ကအဲလိုပြောချင်တယ်။ ဘာကြောင့်လဲလို့ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးရေး မတ်တပ်နဲ့ တိုက်ပွဲတွေ ပေါ်ပေါ်လာတာက ဒါက မလိုလားအပ်တဲ့ တိုက်ပွဲတွေပဲ ဒါက” ဟု ဒေါက်တာ မနမ်တူးဂျာမှ ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဥပဒေဘောင် အတွင်းမှ ဖြေရှင်းခြင်းမရှိပဲ အဆင်ပြေသလို ဖြေရှင်းနေကြသည့်အတွက် ဥပဒေစိုးမိုးရေးနှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုများရှိနေသမျှကာလတစ်လျှောက် ပြဿနာများ အဆက်မပြတ် ပေါ်ပေါက်နေမည်ဖြစ်သည်ဟု ရှေ့နေ ဦးအောင်ထူးမှ ပြောဆိုသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...