အစိုုးရစစ်တပ်၏ ထိုုးစစ်ဆင်မှုများသည် ၂၀၁၅ နိုုဝင်ဘာရွေးကောက်ပွဲပြီးသည့်နောက်ပိုုင်း ထိုုးစစ်ဆင်မှု ပိုုမိုုပြင်းထန်လာ၍ ဒေသခံပြည်သူများသည် အိုုးအိမ်စွန့်ခွာထွက်ပြေးရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့်အခြေအနေများကို မြန်မာပြည်သူများအပါအဝင် နိုုင်ငံတကာမှ သိရှိနိုုင်ရန် ဖြန့်ဝေလိုုက်ခြင်းဖြစ်ကြောင်း KWAT အဖွဲ့၏ ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ ဒေါ်ရှယ်လီဆိုုင်း မှ ပြောသည်။
“အဓိကကတော့ အဲ့ဒီ စစ် တွေပိုုပြီးမှ ကချင်ဒေသ ရှမ်းပြည်မြောက်ပိုုင်းဒေသတွေမှာ ရှမ်းပြည် ဒီငြိမ်းချမ်းရေးယူထားတဲ့ ဒေသတွေရော ရခိုုင်ပြည်တိုု့ဆိုုရင်လည်း ငြိမ်းချမ်းရေး ယူထားပြီလေ အဲ့ဒါ ပိုုပြီးမှ ညှဉ်းပန်းမှုတွေဖြစ်လာတယ် စစ်တွေပိုုဖြစ်လာတာကိုု မီးမောင်းထိုုးပြချင်တာပါ၊ အနောက်နိုုင်ငံက လူတွေက ကျမတိုု့ NLD တက်ပြီး ဒီမိုုကရေစီတိုုင်းပြည်ဖြစ်ပြီး ဆိုုတဲ့ဟာမျိုး ပြောနေကြတာကော၊ ဆိုုတော့ ကျမတိုု့ အမြင်ကတော့ မဟုုတ်သေးဘူးလေ၊ ပိုုပြီးမှ တိုုက်ပွဲတွေ ဖြစ်လာတာ။ “ ၎င်း က ဆိုမှတ်ချက်ပြုပြောဆိုသည်။
မြန်မာနုုိင်ငံမြောက်ပိုုင်း ကချင်ပြည်နယ်အတွင်းမှ လုံုခြံုရေးအခြေအနေများကိုု အဓိက ဖော်ပြ ထားသည့် ယင်းအစီရင်ခံစာတွင် NLD အစိုုးရသစ် လက်ထက် တိုုက်ခိုုက်မှုများ အဆုံုးသတ်၍ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်ရှေ့ဆက်တိုုးနိုုင်မည်ဟုု မျှော်လင့်ခဲ့သော်လည်း အစိုုးရ စစ်တပ်ရဲ့ ထုုိးစစ်ဆင်မှုတွေ ပိုုပြင်းထန်လာနေကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။
ထိုုအစီရင်ခံစာတွင် အရှိန်မြင့်လာသည့် အစိုုးရစစ်တပ်၏ စစ်ရေးထိုုးစစ်များ ၊ ထပ်မံဖြစ်ပေါ်လာ သည့် အိုုးအိမ်မဲ့စွန်ခွာထွက်ပြေးမှုများ၊ သတင်းအချက်အလက် လွဲမှားခြင်းနှင့် အကူအညီများ ပိတ်ပင်ဟန့်တား ခြင်း၊ တပ်မတော်မှ ကျူးလွန်သည့် လိင်ပိုုင်းဆိုုင်ရာ အကြမ်းဖက်မှုများအား ထိထိမိမိ တရားဥပဒေအရ အရေးယူမှု ကင်းမဲ့ခြင်း နှင့် KWAT အဖွဲ့မှ မှတ်တမ်းတင်ထားသည့် အစိုုးရစစ်တပ်၏ ချိုးဖောက်မှုများ ကိစ္စတွေကိုု အသေးစိတ် ဖော်ပြထားသည်။
စာမျက်နှာ ၃၁ မျက်နှာပါရှိသည့် ထိုုအစီရင်ခံစာထုုတ်ပြန်နိုုင်ရန် ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုုင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ၂၀၁၅ ခုုနှစ် နိုုဝင်ဘာလ မှ ၂၀၁၆ ခုုနှစ် အောက်တိုုဘာလ အထိ စစ်တမ်းကောက်ယူပြီး မှတ်တမ်းတင် ထုုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုု ဒေါ်ရှယ်လီဆိုုင်း မှ ဆက်ပြောဆိုသည်။
“ညင်းပန်းနှိမ်စက်မှုတွေ့ရတယ်၊ တရားကိုုလည်း မလုုိက်နာဘူးပေါ့ တရားစွဲမှုတွေ ဟိုုအမှုတွေ ပြောတာလည်း လက်မခံတဲ့ဟာတွေ၊ တရားလက်လွတ်သတ်ဖြတ်မှု မတရာဖမ်းဆီးမှု ထိန်းသိမ်းချူပ်နှောင်မှုတွေ လုု့ယက်မှု ပိုုင်ဆိုုင်မှုပစ္စည်းများ ဖျက်စီးမှု အိမ်မီးရှို့မှု အရပ်သား ပြည်သူများကိုု ပစ်မှတ်ထားခြင်း ပြည်သူလူထုုနေတဲ့နေရာမှာ လက်နက်ကြီး ဖြင့်ပစ်ခတ်လိုု့ ပေါက်ကွဲပြီး ကလေး သုံုးယောက်ထဲမှာ တစ်ယောက်သေသွားတယ် “၎င်း ကဆိုသည်။
KWAT အဖွဲ့၏ မှတ်တမ်းတင်နိုုင်ခဲ့မှုတွင် ညှဉ်းပန်းနှိပ်စက်ခံရသူပေါင်း ၂၁ ဦး၊ တရားလက်လွတ်သက်ဖြတ်မှုတွင် အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၆ ဦးရှိခဲ့ပြီး မတရား ဖမ်းဆီးချူပ်နှောင်ခံရသူပေါင်း ၂၀၀ နီးပါးနှင့် အိုုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မိသားစုုပေါင်း ၆၀ ပါ၀င်သည်ဟုု သိရသည်။
ယင်းဖြစ်ရပ်များကြောင့် ထိုုးစစ်ဆင်မှုများ ချက်ချင်းရပ်တန့်ပေးရန် အပါအဝင် လူသားချင်းစာနာမှု အကူအညီများ ပိတ်ပင်ထားမှုများ ပယ်ဖျက်ပေးရန်နှင့် နိုုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံုးစတင်နိုုင်ရန် တောင်းဆိုုထားသည့် တောင်းဆိုုအကြံပြုချက် ၁၄ ချက်ကိုု KWAT အဖွဲ့မှ ထုုတ်ပြန်တောင်းဆိုုထားသည်။
ကချင်အမျိုးသမီးအစည်းအရုံုး (ထိုုင်းနိုုင်ငံ) KWAT အဖွဲ့သည် ကချင်ပြည်နယ်အတွင်း ခွဲခြား ဆက်ဆံမှုပုံုစံအားလုံုးကိုု တိုုက်ဖျက်ရန်၊ အမျိုးသမီးများအနေဖြင့် ဆုံုးဖြတ်ချက် ချမှတ်ခြင်းများတွင် ပါ၀င်နိုုင်ရေး စွမ်းရည်မြှင့်တင်ရန် နှင့် ကလေးငယ်တိုုင်း ၎င်း တိုု့၏ အစွမ်းအစ များ ထုုတ်ဖေါ်နိုုင် သော အခွင့်အလမ်းရရှိရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုုဖြစ်သည်။







