ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မူဝါဒ ၉ ခု တင်ပြမည်

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မူဝါဒ ၉ ခု တင်ပြမည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့အခြေစိုုက် တိုုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စုု မြန်မာနိုုင်ငံ) Ethnic Nationalities Affairs Center (Union of Burma) အဖွဲ့မှရေးဆွဲထားသည့် မူဝါဒ ၉ ခုုအား ပြည်သူလူထုုနှင့် CSOs/CBOs များ၊ နိုုင်ငံရေးပါတီခေါင်းဆောင်များအား ချပြပြီး လာမည့် ပြည်ထောင်စုုငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြသွားရန် ဆုံုးဖြတ်ခဲ့ကြကြောင်းသိရသည်။

နိုုင်ငံရေးမူဘောင်ရေးဆွဲရာတွင် တိုုင်းရင်းသားများနှင့်ကိုုက်ညီသည့်မူဝါဒများ ထည့်သွင်းရေးဆွဲနိုုင် ရန် မူဝါဒ ၉  ခုုအား အဓိက ရေးဆွဲခဲ့ကြသည့် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုုယ်စားလှယ်များ ရှေ့လုုပ်ငန်းစဉ်များ ချမှတ်ရန် ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့တွင် ၂ ရက်ကြာအစည်းအဝေးကျင်းပခဲ့ပြီး ယခုုလိုု ဆုံုးဖြတ်ခဲ့ ကြခြင်း ဖြစ်သည်။

အောက်တိုုဘာလ ၂၉  ရက်နေ့က ကျင်းပ ပြီးစီးသွားသည့် ထိုုအစည်းအဝေးတွင် ရေးဆွဲထား သည့် မူဝါဒ ၉  ခုုအား ဒေသအလုုိက်ဆွေးနွေးရန်ရှိသည့် အမျိုးသား နိုုင်ငံရေးဆွေးနွေးပွဲများနှင့် နေပြည်တော်အဆင့် ကဏ္ဍအလိုုက်ဆွေးနွေးမှုများတွင် ထည့်သွင်းဆွေးနွေးနိုုင်ရေး ကြိုးစား သွားရန် နှင့် အားလုံုးလက်ခံနိုုင်သည်အထိ လုုပ်ဆောင်သွားကြရန် ဆုံုးဖြတ်ခဲ့သည်ဟုု သိရသည်။

"ပြုစုုထားတဲ့ ဒီ Policy ရည်ရွယ်ချက်ကတော့ ကျနော်တိုု့ အာဏာ ခွဲဝေမှု နော်  ဘယ်မူဝါဒ ပဲကြည့်ကြည့် ပညာရေးပဲကြည့်ကြည့် ကျန်းမာရေးပဲ ကြည့်ကြည့် ကျနော်တိုု့ တကယ့် ဖက်ဒ ရယ်ပြည်ထောင်စုု ဖြစ်လာမယ်ဆိုုရင်တော့ အဲ့ဒီ မူဝါဒ တွေ ကျနော်တိုု့ အာဏာ ခွဲဝေမှုပေါ့။ ဒီ ဖက်ဒရယ် ပြည်ထောင်စုု အဆင့်တုုိင်း ကျနော်တိုု့ရဲ့ ပြည်နယ်အဆင့်ပေါ့ ဘယ်လိုုအာဏာခွဲဝေမှု  ပြုလုုပ်ရမလဲဆိုုတာ အဲ့ဒီ ပေါ်လစီကိုု ကျနော်တိုု့ ရေးထားတာ" ဟုု ENAC အဖွဲ့မှ Deputy Executive Director  Dr.Pon Nya Mon မှ ပြောသည်။  "ဘာဖြစ်လဲဆိုုတော့ တိုုင်းရင်း သား တွေက ကျနော်တိုု့ ဖက်ဒရယ်ယူနီယံကိုုတောင်းဆိုုတယ်လေ ဖက်ဒရယ်ယူနီယံဆိုုတာ ဒါကတော့ ဘယ်လိုုလဲဆိုု အာဏာခွဲဝေမှုပဲ အာဏာခွဲဝေမှုဆိုုတာ အစစအရာရာကိုု ခွဲဝေရမယ် ပညာရေးရော ကျန်းမာရေးရော စီးပွားရေးရော အကုုန်လုံုးပေါ့ နော် ကျနော်တိုု့ အဲ့ဒါကိုု ပြင်ဆင် ထားတာ။" ၎င်းကဆိုသည်။

အစည်းအဝေးတွင် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့များမှ လက်ရှိ ငြိမ်းချမ်း ရေးလုုပ်ငန်းစဉ် အခြေအနေများဆွေးနွေးခဲ့ပြီး၊ ENAC အဖွဲ့မှလည်း လက်ရှိ အကောင်အထည် ဖော်နေသည့် မူဝါဒလုုပ်ငန်းစဉ်နှင့် အနာဂတ် စီမံချက်များအား ဆွေးနွေးခဲ့သည်ဟုု သိရသည်။

တဆက်တည်းမှာပင် အရပ်ဖက် လူမှုအခြေပြုအဖွဲ့အစည်းများမှ တက်ရောက်လာသည့် ကိုုယ်စားလှယ်များမှလည်း ရေးဆွဲထားသည့် မူဝါဒ ၉ ခုု အား ပြင်ဆင်ဖြည့်စွတ်ရန်လိုုအပ်သည့် အချက်အလက်များဆွေးနွေးခဲ့ကြပြီး အမျိုးသမီးနှင့်ကလေးငယ်များဆိုုင်ရာမူဝါဒအသစ်တစ်ခုု ထပ်မံရေးဆွဲရန်လည်း ဆွေးနွေးခဲ့ကြသည်ဟုု သိရသည်။

အစည်းအဝေးတွင် လူမှုုအခြေပြုအဖွဲ့အစည်းများထဲမှ ပညာရေးနဲ့ပတ်သက်ပြီး ကိုုယ်စား တက်ရောက်ခဲ့သည့် နိုုင်ငံလုံုးဆိုုင်ရာ ပညာရေး ကွန်ယက် NNER ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင် မှ ဒီမူဝါဒများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် သက်ဆိုုင်သူများအားလုံုး ထည့်သွင်းစဉ်းစား သင့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားသင့်ကြောင်း ပြောဆိုုသည်။

"အရေးကြီးတယ် ဒီ ပေါ်လစီမှာပါ၀င်တာက ဒီ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းတွေပါတယ်၊ နောက် တိုုင်းရင်းသား နုုိင်ငံရေးအဖွဲ့အစည်းတွေပါတယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေ ကဏ္ဍစုံုက ပါ၀င်တယ် ဆိုုတော့ ဒီ ပေါ်လစီ က ဒီ တိုုင်းရင်းသား အဖွဲ့အစည်းတွေရော အရပ်ဖက် အဖွဲ့အစည်းတွေရော ကိုုယ်စားပြုထားတဲ့ မူဝါဒ ဖြစ်တယ် ဒီ ပေါ်လစီရဲ့ ရည်ရွယ်ချက်ကလည်း ကျနော်တိုု့ နုုိင်ငံမှာ ဒီ ဒီမိုုကရေစီ ဖက်ဒရယ်ပြည်ထောင်စုု ထူထောင်ဖိုု့ ရည်မှန်းချက်နဲ့ ရေးဆွဲထားတဲ့ မူဝါဒတွေဖြစ်တဲ့အတွက် ဒါ ကျနော်တိုု့ နုုိင်ငံ ထူထောင် တဲ့ ကိစ္စမှာ အရေးကြီးတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။" ၎င်းကဆိုသည်။

ရေးဆွဲထားသည့် မူဝါဒ မူကြမ်းများသည် ကျန်းမာရေး မူဝါဒများ၊ ပညာရေး မူဝါဒများ၊ မြေယာ မူဝါဒများ၊ သဘာဝ သယံဇာတဆိုုင်ရာ မူဝါဒများ၊ စိုုက်ပျိုးရေးဆိုုင်ရာ မူဝါဒများ၊ ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ဒုုက္ခသည်များ ဆိုုင်ရာ မူဝါဒများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီဆိုုင်ရာ မူဝါဒများ၊ အခွန်ကောက်ခံခြင်းဆိုုင်ရာ မူဝါဒများ၊ ကုုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု ဆိုုင်ရာ မူဝါဒများ ဖြစ်သည်။

ထိုုမူဝါဒများသည် မြန်မာနိုုင်ငံ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုုကရေစီ ပြည်ထောင်စုုနိုုင်ငံသိုု့ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် ပါ၀င်မည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုုင်းရင်းသား နိုုင်ငံရေး ပါတီများ၊ လူထုုအခြေပြု အဖွဲ့အစည်းများနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများအကြား မူဝါဒဆိုုင်ရာ တူညီသော ဘုံုနားလည်မှုများ ရရှိရန်အတွက် တိုုင်းရင်းသား လူမျိုးများ ရေးရာစင်တာ (ပြည်ထောင်စုု မြန်မာနိုုင်ငံ) ENAC အဖွဲ့မှ ၂ နှစ်အတွင်း ပြုစုုထားသည့် မူဝါဒများဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...