တပ်မတော်မှ ထိုုးစစ်ဆင်မှု ရပ်တန့်ရေး တနိုုင်းဒေသခံများ ဆန္ဒထုုတ်ဖော်

တပ်မတော်မှ ထိုုးစစ်ဆင်မှု ရပ်တန့်ရေး တနိုုင်းဒေသခံများ ဆန္ဒထုုတ်ဖော်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၁ ရာစုပင်လုံညီလာခံပထမအကျော့အပြီး အစိုးရတပ်မတော်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိကချင်ပြည်လွတ်လပ်ရေး KIO ထိန်းချုပ်နေမြေများသို့ ပြင်းထန်စွာ ထိုးစစ်ဆင်မှုများအား နိုုင်ငံတကာမှ သိရှိပြီးကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစဉ်များ အားကူညီဖော်ဆောင်ပေးနိုင်ရန်အတွက် တနိုင်းမြို့ရှိဒေသခံပြည်သူများက လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အောက်တိုုဘာလ၃ရက်နေ့ မနက် ၉  နာရီကတနိုုင်းမြို့အတွင်း လှည့်လည်ဆန္ဒထုုတ်ဖော်ရခြင်းသည် အစိုးရတပ်မတော်၏ ထိုးစစ်များရပ်တန့််ပေးရန်တနိုုင်းဒေသခံများ စုုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ် သည်ဟုုတနိုင်းမြို့ ကချင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးအင်ဒိန်ဇော်နော် မှ ပြောသည်။

“ကျွန်တော်တို့ ဒီနေ့ စီးတန်းလှည့်လည် ဆန္ဒဖော်ထုတ် အစီအစဉ် လုပ်ရခြင်းဟာ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ၂၁ ပင်လုံညီလာခံလုပ်နေစဉ်မှာပဲ စစ်တပ်ကထိုးစစ်ဆင်လာပြီး ကချင်ပြည်နယ်အနှံ့မှာ တိုက်ပွဲတွေဖြစ်လာပြီး ကျွန်တော်တိို့ ဒီစစ်မီးကြီးဟာဒီထက်မကပိုပြီးပြင်းထန်းလာလို့ရှိရင် ဒီပြည်သူလူထုတွေရောစစ်ပြေးဒုက္ခသည် စစ်ရှောင်ဒုက္ခသည်တွေပါ အတော်များများဒုက္ခရောက်နိုင်မယ့် အနေအထားတွေရှိပါတယ်။ အခုကျွန်တော်တို့ ဒီစစ်မီးကို ငြိမ်းဖို့အတွက်နဲ့ ကချင်ပြည်နယ်မှာ ကျွန်တော်တို့ရဲ့ ဒီငြိမ်းချမ်းရေးကိုအမြန်ဆုံးဖော်ဆောင်ပေးနိုင်ဖို့အတွက်ကြောင့် ကျွန်တော်တို့ လူစုဝေးပြီးမှ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်”

လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ပြည်သူများကကချင်ဒေသတွင် တပ်မတော်မှ ထိုးစစ်ချက်ချင်းရပ်၊ စစ်ဘေးရှောင်များဂုဏ် သိက္ခာရှိစွာနေရပ်ပြန်နိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊ ကချင်ပြည်နယ်တွင် ဖယ်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ နိုင်ငံပြဿနာမပြေလည်သရွေ့ အကြီးစားစီးမံကိန်းများရပ်ဆိုင်းရေးစသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်မှ ထိုးစစ်ဆင်မှုများအပေါ် ဦးအင်ဒိန်ဇော်နော်က သူ့အမြင်ကိုယခုလိုပြော သည်။

“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာအစိုးရစစ်တပ်ကထိုးစစ်လုပ်နေတာကိုကြည့်ရင် ငြိမ်းချမ်းရေးကိုလိုလားပေမယ့် ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် မတက်ရောက်နိုင်တာကို မြင်နေပါတယ်။ ပြီးမှ အခုလိုမျိုးထိုးစစ်ဆင်တဲ့ အနေအထားဟာ ကျွန်တော်တို့ တပ်မတော်ဟာအာဏာလက်ရှိ ရှိနေတုန်းဘဲဆိုတဲ့ အမြင်ကို ကျွန်တော်မြင်ပါတယ်။”

NMG04

တနိုုင်းမြို့၏ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းအစီအစဉ်ကိုတနိုင်းမြို့ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကဦးဆောင်ပြီးလူမျိုုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ဒေသခံပြည်သူ (၇၀၀) ကျော်တက်ရောက်ခဲ့ပြီးနေ့လည် ၁၁ နာရီအထိတနိုင်းမြို့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ မြစ်ကြီးနားမြို့၌လည်းလမ်းလျှောက်ဆန္ဒထုုတ်ဖော်ရန် ကြိုးစားခဲ့သော်လည်းခွင့်မပြုခဲ့သောကြောင့် စီတာပူရှိမနောကွင်း တွင်စုုဝေးခဲ့ကြပြီးကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းအစိုုးရတပ်မတော်မှ ထိုုးစစ်ဆင်မှုများရပ်တန့်ရေးလူထုုဆန္ဒထုုတ်ဖော်ခြင်း ဆုုတောင်းခြင်းများပြုလုုပ်ခဲ့သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...