ကချင်ဒုက္ခသည်များကို အမေရိကန် ကူညီမည်ဟုုဆို

ကချင်ဒုက္ခသည်များကို အမေရိကန် ကူညီမည်ဟုုဆို
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ကချင်ပြည်နယ်ကိုု လေ့လာရေး ခရီးစဉ်ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုုင်ရာ အမေရိကန်သံ အမတ် Scot Marciel (စကော့မာဆီအယ်လ်) သည် ဒုုက္ခသည်များ၏ အခြေအနေများကိုု တင်ပြ ပြီး အကူအညီပေးရန် စဉ်းစားသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Scort Martialစက်တင်ဘာလ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့ကိုု ရောက်ရှိခဲ့သည့် သံအမတ်ကြီးသည် ကချင်ပြည် နယ် ဝန်ကြီး ချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် အစိုုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံုပြီး နောက် မိုုင်းနား KBC စစ်ဘေးဒုုက္ခသည်စခန်းကိုု သွားရောက်လေ့လာခဲ့သည်။

အမေရိကန်သံအမတ်ကြီးက သူတွေ့ရှိခဲ့တဲ့ အခြေအနေတွေ၊ ဒေသခံတွေ၊ စစ်ဘေးဒုုက္ခသည်တွေ ရဲ့ အခက်အခဲတွေကိုု အမေရိကန်အစိုုးရအဖွဲ့ အပါအဝင် တာဝန်ရှိသူတွေကိုု တင်ပြပြီး အဆိုုပါ အခက်အခဲ ပြဿနာတွေနဲ့ ပတ်သက်ပြီးမည်မျှအထိ ကူညီပေးသွားမလဲဆိုုတာတွေကိုု စဉ်းစားပေးသွားမှာ ဖြစ်ကြောင်း မိုုင်းနား KBC စစ်ဘေးဒုုက္ခသည်စခန်းမှာ စစ်ရှောင်ပြည် သူများနှင့် တွေ့ဆုံုစဉ် ပြောဆိုုခဲ့သည်။

ကချင်ပြည်နယ် အစိုုးရအဖွဲ့နှင့် တွေ့ဆုံုစဉ် ငြိမ်းချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စတွေနှင့် ပတ်သက် ပြီး ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောသည်။

သံအမတ်ကြီး Scot Marciel ဟာ မြေမြှုပ်မိုုင်းရှင်းလင်းရေး မြစ်ကြီးနား အခြေစိုက် နိုုင်ငံတကာ အဖွဲ့အစည်းတချို့နှင့် လည်း တွေ့ဆုံုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သည် ကချင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် လည်း တွေ့ဆုံု သွားမှာဖြစ်ပြီး သူ့ကချင်ပြည်နယ်ခရီးစဉ်ကတော့ စက်တင်ဘာလ ၂၆ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ ၃ ရက်အကြာ လေ့ လာသွားမှာ ဖြစ်ကြောင်း သိရသည်။

သုံုးရက်တာ ကြာမြင့်မည့် သံအမတ်ကြီးရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုုးရ အဖွဲ့၊ ဒေသခံ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်း များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံုပြီး ကချင်ပြည်နယ် အတွင်း အမေရိကန်ပြည်ထောင်စုုဘက်မှ အကူအညီပေးနုုိင်ရေး၊ အနာဂတ်တွင် မည်သိုု့ ပူးပေါင်းဆောင် ရွက်သွားကြမ လဲဆိုု တာတွေကိုု ဆွေးနွေးသွားမှာဖြစ်ကြောင်း ရန်ကုုန်အခြေစိုုက် အမေရိကန်သံရုံုးကလည်း သတင်း ထုုတ်ပြန် ထားသည်။

မြန်မာနိုင်ငံဆိုုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ရဲ့ ကချင်ပြည်နယ်ကိုု ပထမဆုံုး အကြိမ် ခရီးစဉ်လည်း ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...