NCA နောက်ဆက်တွဲ သဘောတူစာချူပ် လက်မှတ်ရေးထိုုးနိုုင်ရေး ချင်းမိုင်တွင်ဆွေးနွေး

NCA နောက်ဆက်တွဲ သဘောတူစာချူပ် လက်မှတ်ရေးထိုုးနိုုင်ရေး ချင်းမိုင်တွင်ဆွေးနွေး
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် ခေါင်းဆောင်သည့်အဖွဲ့နှင့် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့သည် ယနေ့နံနက်ပိုုင်းက ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ Shangri-La Hotel တွင် NCA နောက်ဆက်တွဲ သဘောတူညီချက် လက်မှတ်ရေးထိုုးနုုိင်ရန် အဆိုုပြုချက် မူကြမ်းအား ဆွေးနွေးခဲ့သည်။

DPN အဖွဲ့အနေဖြင့် ၂၁ ရာစုု ပင်လုံုညီလာခံ မတိုုင်ခင်က အစိုုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံုခဲ့ချိန်တွင်  ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် ပြည်ထောင်စုု သမ္မတ မြန်မာနိုုင်ငံအစိုုးရနှင့် လက်မှတ်ရေးထိုုးနိုုင်ရန်အတွက် တစ်နိုုင်ငံလုံုး အပစ်အခတ်ရပ်စဲရေးစာချူပ် NCA နောက်ဆက်တွဲ သဘောတူညီချက် ၈ ချက်ကိုု တင်ပြထားကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် ခေါင်းဆောင်သည့်အဖွဲ့နှင့် ပတ်သက်ပြီး ယခုုလိုု တွေ့ဆုံုဆွေးနွေးရခြင်းဖြစ်သည်ဟုု DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ စက်တင်ဘာ ၂၄ ရက်နေ့က ပြောဆိုုသည်။

“ကျနော်တိုု့ အရင်က တင်ပြထားတဲ့ ၈ ချက်နဲ့ ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖိုု့ ရှိတယ်လေ အဲ့ဒီ ၈ ချက်နဲ့ ပတ်သက်ပြီး ကျနော်တိုု့ အကြေအလည်ဆွေးနွေးပြီးတော့ ကျနော်တိုု့ အဖြေမရသေးဘူးလေ မရသေးဘူးဆိုုတော့ ကျနော်တိုု့ကတော့ မှတ်တမ်းတင် နိုုင်လောက်တဲ့အဆင့်ထိပဲထားပြီးတော့ ကျနော်တိုု့ နှစ်ဖက်စလုံုးကတော့ ပြန်လည်နေရာချ ရေးကိစ္စ ဆွေးနွေးမယ်ဆိုုတဲ့ သဘောနဲ့ လုုပ်ထားတာ ဆိုုတော့ ကျနော်တိုု့ အဲ့ဒီဟာကိုုတော့ တဖက်တလမ်းအနေနဲ့ ဆက်ညှိမယ်ဆိုုတဲ့ သဘောပါ၊ “ခူးဦးရယ်မှ ပြောဆိုသည်။

အစိုုးရ ငြိမ်းချမ်းရေး ကော်မရှင်သိုု့ တင်ပြထားသည့် အချက် ၈ ချက်ထဲတွင် တစ်နုုိင်ငံလုံုးအပစ် အခတ်ရပ်စဲကြောင်း ကြေညာခြင်းကိုု အစိုုးရ တပ်မတော်နှင့် UNFC အဖွဲ့အစည်းများ ပူးပေါင်း၍ တရားဝင် ပူးတွဲထုုတ်ပြန်ရန်၊ နှစ်ဘက်လိုုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုုင်ရာ စည်းမျဉ်း စည်းကမ်း နှင့် တပ်ပိုုင်းဆိုုင်ရာ စောင့်ကြည့်ရေး လုုပ်ငန်းများကိုု ကြိုတင်သဘောတူညီမှု ရယူရန်နှင့် ၂၁ ရာစုု ပင်လုံုညီလာခံမှ ထွက်ပေါ်လာသည့် ဆုံုးဖြတ်ချက်များကိုု အခြေခံပြီး ဖွဲ့စည်းပုံု အခြေခံ ဥပဒေတွေကိုု ရေးဆွဲပြဌာန်းရန် စတဲ့ အချက်များပါ၀င်သည့် အချက် ၈ ချက် အား ဆွေးနွေးသွားမည်ဟုု သိရသည်။  

အစည်းအဝေးအား ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ဦးအောင်စိုုး၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးကျော်သူရ နှင့် ဦးတင်ထွန်းအောင် တိုု့ တက်ရောက်ပြီး တိုုင်းရင်းသား ခေါင်းဆောင်တွေဖက်ကတော့ NCA အပစ်ရပ်လက်မှတ်မရေးထိုုးကြရ သေးသည့် တိုုင်းရင်သား လက်နက်ကိုုင်အဖွဲ့ ရ ဖွဲ့က နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...