KIA တပ်စခန်းများသို့ အစိုးရတပ်မှ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်

KIA တပ်စခန်းများသို့ အစိုးရတပ်မှ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ပထမအကြိမ်ကျင်းပသော၂၁ရာစုုပင်လုံုညီလာခံပြီးနောက်ပိုုင်း စက်တင်ဘာလ၁၃မှစ၍ စက်တင်ဘာလ ၁၈ အထိမြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှေ့တန်းတပ်စခန်းများသိုု့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုုက်ခိုုက်နေကြောင်း သိရသည်။

ယခုုရက်ပိုုင်းအတွင်း တိုုက်ပွဲများဆက်တိုုက်ဖြစ်ပွားနေပြီး တိုုက်ပွဲအခြေအနေနဲ့ပတ်သက်၍ ကချင်လွတ်လပ်ရေတပ်မတော် KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဒုု-ဗိုုလ်မှူးကြီးနော်ဘူမှယခုုလိုုပြောသည်။

“ဒီကိုုးလပိုုင်ပေါ့နော ကိုုးလပိုုင်း၁၃ရက်ကနေ သူတိုု့လက်နက်ကြီးနဲ့ လှမ်းပစ်တာလေ လက်နက်ကြီးနဲ့လှမ်းပစ်တာ ၁၄ရက်နေ့မှာတော့ သူတိုု့နားပါတယ် ၁၅ကနေပြန်ပစ်တာဒီနေ့ ၁၆၊၁၇ပေါ့။ အခုုတော့သုံုးရက်လောက်ရှိပြီ အဲလိုုဆက်တိုုက် ဆက်တိုုက် တိုုက်ပွဲတွေဖြစ်တယ်။ ဒီမနက်ကတော့ KIAလှုပ်ရှားတပ်ရင်း ၂၅၂တပ်စွဲထားတဲ့ အင်ခန်ဘွမ်ဆိုုတဲ့နေရာမှာ ဒီမနက်၉နာရီ၄၅မိနစ်ကနေ တိုုက်ပွဲပြန်ဖြစ်တယ်ဆိုုတာ ကြားရပါတယ် ဒါပေမဲ့ အောက်ခြေသတင်းတွေ အသေးစိတ်သတင်းတွေကတော့ အခုုထက်ထိမကြားသေးဘူး မြေပြင်တိုုက်ပွဲလည်းဖြစ်တယ် အမြောက်နဲ့လည်းပစ်တယ်။ လက်နက်ကြီးဆိုုတဲ့နေရာမှာ ၆၀မမတိုု့၈၁တိုု့နောက်ပြီးတော့မှ ၁၂၀တိုု့၁၀၅တိုု့ အမြဲတမ်းသူတိုု့ လက်နက်ကြီးနဲ့ပဲပစ်တာ ဒီမော်တာတွေနဲ့ပေါ့။” ဟု ဒုု-ဗိုုလ်မှူးကြီးနော်ဘူမှပြောသည်။

တိုုက်ပွဲဖြစ်ပွားနေသည့် အင်ခန်ဘွမ်နေရာတွင် မြန်မာ့တပ်မတော်ဖက်မှ နယ်မြေခံတပ်ရင်း ဖြစ်သည့် ခမရ၃၈၁ နှင့်အတူ အကူတပ်များဖြစ်သည့် ခလရ၅၀၊ခလရ၂၆၀၊ခလရ၂၉တပ်များ ပါ၀င်တိုုက်ခိုုက်နေသည်ဟုု သိရသည်။

တိုုက်ပွဲကြောင့် နှစ်ဖက်တပ်များ၏ ထိခိုုက်ကျဆုံုးမှုစာရင်းကို ုအတိအကျမသိရသော်လည်းKIA ဖက်တွင်ထိခိုုက်ကျဆုံုးမှုမရှိကြောင်း၊မြန်မာ့တပ်မတော်ဖက်တွင် အနည်းငယ်အထိနာသော ပုံုစံရှိကြောင်းဒုု-ဗိုုလ်မှူးကြီးနော်ဘူမှ ဆိုုသည်။

ပထမအကြိမ်ကျင်းပသော၂၁ရာစုုပင်လုံုညီလာခံနောက်ပိုုင်း တိုုင်းရင်သားဒေသအသီးသီးတွင် ဖြစ်ပွားနေသော တိုုက်ပွဲများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဟုုဒုု-ဗိုုလ်မှူးကြီးနော်ဘူမှပြောသည်။

“ဒီ၂၁ရာစုုပင်လုံုညီလာခံပြီးတာနဲ့ သုံုးနေရာ သုံုးပြည်နယ်မှာ တိုုက်ပွဲတွေအကြီးအကျယ်ဖြစ်ပါတယ် ပြင်းပြင်းထန်ထန်ဖြစ်ပါတယ် အဲဒါကတော့ဒီပြည်တွင်းငြိမ်းချမ်းရေးဖက်ကိုု မဦးတည်ပဲနဲ့ နိုုင်ငံရေးဆွေးနွေးဖိုု့ဆိုုတာကလည်း နည်းနည်းဝေးမယ်လိုု့ထင်တယ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးမယ်လိုု့ ကျနော်ထင်ပါတယ်လိုု့ အဲလိုုပဲကျနော်ရှုမြင်ပါတယ် အဲလိုုိပဲကျနော်ယူဆပါတယ်။”ဟု ဒုု-ဗိုုလ်မှူးကြီးနော်ဘူမှပြောသည်။

စက်တင်ဘာလအတွင်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA သည်၁၉၉၄ခုုနှစ်တွင် မြန်မာအစိုုးရနှင့် ၁၇နှစ်ကြာအပစ်ရပ်စာချုပ်ချုပ်ဆိုုနိုုင်ခဲ့သည်။

သိုု့သော်၂၀၁၁ခုုနှစ်ဇွန်လမှစကာ တိုုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန်အထိပင်ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...