နှစ်ဖက်ဆွေးနွေးပွဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မ တော်တောင်ပိုုင်းအဖွဲ့မှ ဥက္ကဋ္ဌ ဒုု ဗုုိလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်ပြီး တအာင်း(ပလောင်) အမျိုးသားပါတီ TNP ပါတီမှ ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ တစ်ဦးဖြစ်သည့် တာလှဖေ မှ ဦးဆောင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ကျနော်တိုု့ရဲ့ ဦးတည်ချက် ရည်ရွယ်ချက်ကတော့ ကျနော်တိုု့ ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ကျနော်တိုု့ဒေသ ဖွံ့ဖြိုးရေး ကျန်းမာရေး ပညာရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနဲ့ ရေ မီး ရရှိရေးတိုု့ ကိစ္စတွေကိုု ကျနော်တိုု့က အဲ့ဒီ ရည်ရွယ်ချက် ဦးတည်ချက်တွေနဲ့ ကျနော်တိုု့ တွေ့ဆုံုဆွေးနွေးတာ ဖြစ်ပါတယ်။” ဟုု တအာင်း အမျိုးသား ပါတီ TNP ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ တာလှဖေ မှ ပြောသည်။
ဆွေးနွေးပွဲတွင် တအာင်း(ပလောင်) အမျိုးသားပါတီ TNP မှ ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ တာလှဖေ နှင့်အတူ ဗဟိုုအလုုပ်အမှုဆောင်ကော်မတီဝင် တာအေးမောင် ၊ မြန်မာနိုုင်ငံလုံုးဆိုုင်ရာ တအာင်း (ပလောင်) သံဃာတော်များ ဗဟိုုအဖွဲ့မှ ဒုုဥက္ကဋ္ဌ ဦးပညာသီရိ နှင့် အတွင်းရေးမှူး ဦးတိက္ခဉာဏ တိုု့အပါအဝင် ပလောင်လူငယ်ကိုုယ်စားလှယ်များလည် တက်ရောက်ခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုုင်းတွင်ရှိသည့် ပလောင်ကျေးရွာများတွင် စာသင်ကျောင်းများဖွင့်လှစ်နိုုင်ရေး ကိစ္စများဆွေးနွေးခဲ့ကြပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့များနှင့် ဖြစ်ပွားနေသော ပြဿနာများ ဖြေရှင်းနုုိင်ရေးကိစ္စများကိုုလည်း ဆွေးနွေးနိုုင်ခဲ့သည်ဟုု တာလှဖေ မှ ပြောသည်။
“ကျနော်တိုု့ရဲ့ ပထမ ခြေလှမ်းက အင်မတန်မှ အားရကျေနပ်စရာ ကောင်းပါတယ်၊ ကျနော်တိုု့ရဲ့ လက်ရှိ TNP နဲ့ RCSS တွေ့ဆုံုဆွေးနွေးပွဲကနေတဆင့် ကျနော်တိုု့ ရည်မှန်းတာက အခုု လက်ရှိ လက်နက်ပဋ္ဋိပက္ခဖြစ်ပွားနေတဲ့ TNLA နဲ့ RCSS ကြားထဲမှာ စစ်ပြေငြိမ်းရမယ် စစ်ရပ် ဆိုုင်း ရမယ် အဲ့ဒီလိုု ကျနော်တိုု့ရဲ့ ဒေသခံ လူထုုတွေက ဒီ ကျွဲနှစ်ကောင်ကြားထဲက မြေစာပင် တွေ ဘဝမျိုး မဖြစ်အောင်၊ IDP စစ်ပြေးဒုုက္ခသည်တွေရဲ့ ဦးရေတွေကိုု လျှော့ချနုုိင်အောင် ကျနော် တိုု့ ထိန်းချူပ်နိုုင်အောင် ကြိုးပမ်းသွားနိုုင်မည့် ပထမ ခြေလှမ်းလိုု့ ကျနော်တိုု့ပြောလိုု့ရပါတယ်။ RCSS ဖက်က ခေါင်းဆောင်ကြီးများကလည်း တွေ့ဆုံုဆွေးနွေးချင်တယ်ဆိုုတဲ့ ဆန္ဒသဘော ထားကိုု ကျနော်တိုု့ ကြားသိရတဲ့အတွက်ကြောင့် ကျနော်တိုု့ ဒီ ခရီးစဉ်ကိုု လာရတဲ့အတွက် အင်မတန်မှ အားရ ကျေနပ်စရာ ကောင်းပါတယ်။ မျှော်လင့်ချက်လည်း ကျနော်တိုု့ ကြီးကြီး မားမား ထားရှိပါတယ်။ “၎င်းကဆိုသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုုင်း တပ်ဖွဲ့မှ ပြောခွင့်ရပုုဂ္ဂိုလ် ဗုုိလ်မှူးကြီး စုုိင်းငင်း မှ PSLF/TNLA တပ်ဖွဲ့မှ ခေါင်းဆောင်ကြီးများနှင့် ညှိနှိုင်း ဖြေရှင်းလိုုကြောင်းနှင့် တွေ့ဆုံုဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များက ပြောဆိုုသည်။
“ဒီ အခုု ကျနော်တိုု့ TNLA နဲ့ RCSS ဖြစ်နေတဲ့ ပဋ္ဋိပက္ခဟာ လူမျိုးရေးအသွင်မဆောင်ပါဘူး မြောက်ပိုုင်းမှာပဲ ကွက်ကွက်ဖြစ်နေတဲ့ ပဋ္ဋိပက္ခပေါ့နော်၊ ဒါကြောင့်မိုု့ ဒီ ပဋ္ဋိပက္ခကိုု ဘယ်လိုု ဖြေရှင်းမယ် ဆိုုတဲ့ဟာကိုုပဲ ကျနော်တိုု့ နည်းလမ်းရှာကြပါတယ်၊ အဲ့တစ်ချက် အရမ်းကိုု ကောင်းမွန်တဲ့ ရလာဒ်လိုု့ပဲ ဆိုုနိုုင်တာပေါ့နော်၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံုနုုိင်အောင်လည်း အထောက်အကူဖြစ်တယ်လိုု့လည်း ဆိုုနုုိင်ပါတယ်။ ဒီ TNP အနေနဲ့ တိုုက်ရိုုက်မဟုုတ်ပေ မယ့်လည်းသူက ကြားခံအနေနဲ့ပေါ့နော် လာတဲ့သဘောဆိုုတော့ သူတိုု့ဖက်ကလည်း ဟိုုဖက်က ပါးလုုိက်တဲ့စကားယူလာတယ်၊ နောက် ဒီညှိနှိုင်းဆွေးနွေးပွဲကနေ ကျနော်တိုု့ ဖြစ်ချင်တဲ့ ကျနော်တိုု့ ဆန္ဒတွေ ကျနော်တိုု့လည်း သူတိုု့ကနေတဆင့် စကားပါးတာတွေရှိပါတယ်၊ နောက်တချက် ကျနော်တိုု့ RCSS ဖက်ကလည်း မကြာတဲ့အချိန်အတောအတွင်းမှာ ဒီ TNLA နဲ့ တွေ့ဖိုု့လည်း အဆင်သင့်ဖြစ်ပါတယ်ဆိုုတဲ့အကြောင်း ဆရာ တာလှဖေ ကတဆင့် စကားပါးထားတာ ရှိပါတယ်။ “၎င်းကဆိုသည်။
နှစ်ဖက်ညှိနှိုင်းအစည်းအဝေးကိုု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဥက္ကဋ္ဌ ဒုု ဗုုိလ်ချူပ်ကြီး ယွက်ဆစ်၊ ဒုုဥက္ကဋ္ဌ စိုုင်းယီ၊ ဒုုတိယ စစ်ဦးစီးချုပ် ဗိုုလ်မှူးချူပ် ပေါင်ခေး၊ နိုုင်ငံရေး အတိုုင်ပင်ခံ ပုုဂ္ဂိုလ် စပ်ပင်းခမ်း၊ နိုုင်ငံရေး အတုုိင်ပင်ခံပုုဂ္ဂိုလ် စပ်ခွန်းဆိုုင်းနှင့် ဗိုုလ်မှူးကြီး စိုုင်းငင်း တိုု့ တက်ရောက်ခဲ့သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုုင်းတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA အဖွဲ့တိုု့သည် ရှမ်းပြည်နယ်အတွင်း လွန်ခဲ့သည့် ၂၀၁၅ ခုုနှစ် နိုုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ နယ်မြေပြသနာ ကြောင့် နှစ်ဖက်တိုုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခဲ့ပြီး လက်ရှိအချိန်ထိ တိုုက်ခိုုက်နေကြဆဲဟုု သိရသည်။







