မေး - ၂၁ ပင်လုံုညီလာခံကိုု တက်ရောက်ဖိုု့ မသေချာတော့ဘူးလိုု့ ပြောလိုု့ရပါသလားခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် -ဟုုတ်ကဲ့ အဲလိုုပဲပြောလိုု့ရပါတယ် မသေချာတော့ပါဘူး။
မေး - အခုုအချိန်မှာ အစိုုးရ တစ်စုံုတစ်ရာ ကမ်းလှမ်းလာမယ်ဆိုုရင် ဘယ်လိုု လုုပ်ဆောင်ဖိုု့ ရှိပါသလဲခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် -ကမ်းလှမ်းလာမယ်ဆိုုရင်တော့ ဒီနေ့က ၂၉ ရက်နေ့ရှိပြီဆိုုတော့ ကျနော်တိုု့ဖက်ကတော့ တက်တာက ကျနော်တိုု့ တက်ဖိုု့ အဆင်သင့်ဖြစ်တယ်လိုု့ ပြောတာပေါ့ ဒါပေမဲ့က အခုု ၂၉ ရက်နေ့ဆိုုတော့ ကျနော်တိုု့အတွက် လောလောဆယ်တော့ တော်တော် လေး အခက်အခဲရှိမယ်ထင်တယ် ခရီးသွားဖိုု့လာဖိုု့ကလေ၊ ဘာဖြစ်လိုု့လည်းဆိုုတော့ နေပြည် တော်မှာလုုပ်မယ်ဆိုုတော့ ကျနော်တိုု့ နေတဲ့နေရာနဲ့ တော်တော်ဝေးပါတယ်။ဆိုုတော့ နည်းနည်း တော့ ခက်မယ်နဲ့တူပါတယ်။ ဒါပေမဲ့သူများတက်တဲ့အချိန်တော့ မမှီဘူးပေါ့ တစ်ဝက်တစ်ပြက် တော့ရောက်သွားမှာပေါ့။
မေး - ဟုုတ်ကဲ့ခင်ဗျား တကယ်လိုု့ မကမ်းလှမ်းလာရင် မသွားဘူးပေါ့နော၊ ကမ်းလှမ်းလာခဲ့လိုု့ရှိရင် တော့ သွားမယ်ပေါ့ အဲလိုုမျိုးလားခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - ကမ်းလှမ်းလာရင်တော့ ကျနော်တိုု့ စဉ်းစားရမဲ့ အနေအထားရှိတာ ပေါ့၊ အခုုက ရက်ကလည်း သိပ်ကပ်နေတယ်ဆိုုတော့လေ ၃၁ ရက်နေ့ဆိုု သဖက်ခါတောင် ၃၁ ရောက်ပြီ၊ ဆိုုတော့ နည်းနည်းတော့ ခက်ပါတယ်။ အစပိုုင်းကတည်းကတော့ ကျနော်တိုု့က တက်ဖိုု့ အဆင်သင့်ရှိတယ်လိုု့ ကျနော်တိုု့က ပြောထားပြီးသားပါ။ ဒါပေမဲ့ အစိုုးရကတော့ ကျနော်တိုု့ကိုု အဲဒီ ကော်မတီအဖွဲ့ကော အစုုိးရကော ကျနော်တိုု့ကိုု သူတိုု့ ထုုတ်စေချင်တဲ့ ထုုတ်ပြန်ကြေညာချက်ကိုု မထုုတ်ဘူးဆိုုရင်တော့ ကျနော်တိုု့ကိုု မဖိတ်တော့ဘူးလိုု့ ပြောထား ပြီးသားပဲ အဲဒါကြောင့်မိုု့လိုု့ ကျနော်တိုု့လည်း သူတိုု့ ထုုတ်ခိုုင်းတဲ့ ထုုတ်ပြန်ကြေညာချက်ကိုု ကျနော်တိုု့လည်း မထုုတ်နိုုင်ဘူး အဲဒီအတွက်လည်း ကျနော်တိုု့ မတက်လည်း ဘာမှ မဖြစ်ဘူး ပေါ့၊ တကယ်လိုု့ ကျနော်တိုု့ ထုုတ်ဖိုု့မလိုုဘူး ဒီလိုုပဲ လာတက်ပါလိုု့ခေါ်မယ်ဆိုုရင်တော့ ဒါက ကျနော်တိုု့ တက်ဖြစ်ရင်တော့ဖြစ်မှာပဲ။
မေး - အစိုုးရက ထုုတ်ပြန်ကြေညာချက်ထုုတ်ခိုုင်းတယ်ဆိုုတာက ပြီးခဲ့တဲ့ နှစ်က ကိုုးကန့် တိုုက်ပွဲ ကြောင့်ပေါ့နော၊ ကိုုးကန့်တိုုက်ပွဲမှာ နိုုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကိုု ထိခိုုက် တယ်လိုု့ပြော တယ်။ နိုုင်ငံတော်အချုပ်အခြာအာဏာ ထိခိုုက်တယ်လိုု့ ပြောလာတယ်အပေါ်မှာ ဘယ်လိုုပြော ချင်ပါသလဲခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - ကျနော်တိုု့က လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်တယ် ကျနော်တိုု့ နုုိင်ငံရေးရည်မှန်း ချက်ကိုု ဖော်ဆောင်နေတဲ့ လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့ အစည်းဖြစ်တယ် လက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းဖြစ်တော့ လက်ရှိ အစိုုးရဆောင်ရွက် တဲ့ကိစ္စတွေကိုု ကျနော်တိုု့ သဘောမတူလိုု့ ကျနော်တိုု့ တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဆိုုတော့ အဲဒါက နိုုင်ငံတော် အချုပ်အခြာအာဏာကိုု ထိခိုုက်တယ်လိုု့ အဓိပ္ဗယ်ဖွဲ့ဆိုုတယ်ဆိုုတော့ ဒါက အဓိပ္ဗယ်ဖွင့်ဆိုုတဲ့ လူတစ်စုုရဲ့ ရပ်တည်ချက် သဘောထားပဲ ဖြစ်တယ်လိုု့ထင်ပါတယ် ကျနော်တိုု့က ကျနော်တိုု့ရဲ့ လိုုအပ်ချက် မပြည့်မီလိုု့ နိုုင်ငံရေးကိစ္စကိုု နိုုင်ငံရေးနည်းနဲ့ရှင်းလိုု့မရလိုု့ ကျနော်တိုု့ လက်နက်ကိုုင် ဆင်နွှဲတာဖြစ်တယ် အဲဒါကိုု နိုုင်ငံတော် အချုပ်အခြာအာဏာဆန့်ကျင် တယ် ဘာညာပြောတယ်ဆိုု တာတော့ ဒါကတော့ မြန်မာ့တပ်မတော်ရဲ့ အဓိပ္ဗာယ်ဖွင့်ဆိုုချက် ဖြစ်လိမ့်မယ်လိုု့ ကျနော်မြင်ပါတယ်။ကျနော်တိုု့က ငြိမ်းချမ်းရေးကိုု ကျနော်တိုု့လိုုလားတယ် ကျနော်တိုု့ ငြိမ်းချမ်းရေး တည် ဆောက်နေတဲ့ ငြိမ်းချမ်းရေးညီလာခံကြီးကိုု ကျနော်တိုု့ တက်ဖိုု့က ဆန္ဒရှိတယ်။ တက်ဖိုု့လည်း ကျနော်တိုု့ အဲဒီမှာ ဆက်ဆွေးနွေးဖိုု့လည်း ကျနော်တိုု့ အဆင်သင့့် ဖြစ်တယ် ဒါပေမဲ့လည်း အဲဒီလိုု တစ်ခြားတုုိင်းရင်းသား လက်နက်ကိုုင် အဖွဲ့တွေနည်းတူ ကျနော် တိုု့ကိုု တန်းတူမထားပဲနဲ့ ဒီလိုု Statement ထုုတ်မှ သူတိုု့ ထုုတ်စေချင်တဲ့ Statement ထုုတ် မှ တက်ရမယ်ဆိုုရင် ဒါဟာ ကျနော်တိုု့ မတက်နိုုင်ဘူး။ မြန်မာနိုုင်ငံရဲ့ ပြဿာနာကတော့ ဒီလိုုပုံုစံနဲ့ ဆိုု တော်တော်ရှင်းရခက်မယ့် အနေအထားတော့ရှိလိမ့်မယ်လိုု့ ကျနော်ဒီလိုုပဲမြင်ပါတယ်။
မေး - အစိုုးရက ပြောသလိုုမျိုး မဟာမိတ်သုံုးဖွဲ့က ပေါင်းပြီးတော့တိုုက်တဲ့အတွက် နိုုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကိုု ထိခိုုက်တယ်လိုု့ပြောတယ်အပေါ်မှာ လက်ခံပါသလားခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - ဒါကတော့သူတိုု့ နိုုင်ငံတော် အချုပ်အခြာအာဏာဆိုုတာ ဘယ်လိုု လုုပ်မှတိုုက်ခိုုက်သလဲ ဘယ်လိုု လုုပ်မှဖြစ်သလဲ ကျနော်တိုု့လည်း မသိဘူးလေ သေချာတာက တော့ ကျနော်တိုု့ တုုိင်းရင်းသားဒေ သ ကျနော်တိုု့နေတဲ့ နေရာဒေသကိုုတော့ အခုု မြန်မာ့တပ်မ တော်က လာတိုုက်ခိုုက်နေတယ် လာလုုပ်ချင်သလိုု လာလုုပ်နေတယ် ကျနော်တိုု့ လူ့ အခွင့်အ ရေးအမျိုးမျိုး လာချိုးဖောက်နေတယ် ဒါကတော့ သေချာရှင်းနေတာပဲ ဆိုုတော့ အဲဒီ ပြောနေတဲ့ ဟာကြီးကိုု ကျနော်တိုု့က ဘယ်လိုုမှ လက်ခံလိုု့မရဘူး ဒါက ဘာမှ အခြေအမြစ်ရှိတဲ့စကား မဟုုတ်ဘူး သက်သက် ပြည်တွင်းစစ်ကိုု မွေးဖွားချင်လိုု့ ရှောက်ပြောနေတဲ့စကားဖြစ်တယ်လိုု့ ကျနော် ဒီလိုုပဲ မြင်ပါတယ်။
မေး - အစိုုးရက လက်နက်ကိုုင်လမ်းစဉ်/နည်းလမ်းကိုု အပြီးတုုိင်ချုပ်ငြိမ်းရမယ်လိုု့ ထုုတ်ပြန် ချက်ထုုတ် ခိုုင်းတယ်ပေါ့နော။ ဆိုုတော့ ဗိုုလ်မှူးကြီးတိုု့အနေနဲ့ကတော့ လက်နက်ကိုုင်လမ်း စဉ်/နည်းလမ်းကိုု မထုုတ်ပေးနိုုင်ဘူး။ လက်နက်ကိုုင်ပဋိပက္ခကုုိပဲ ထုုတ်ပေးနိုု်င်တယ်လိုု့ပြောတယ်။ အဲဒီ စကားစုုနှစ်ခုုက ဘယ်လိုုကွာခြားချက်ရှိသလဲခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - အဓိကကတော့ ကျနော်တိုု့ အခုုပြည်တွင်းစစ်ကြီးကိုု ရပ်စဲဖိုု့လိုုတယ် ပြည်တွင်းစစ် ဖြစ်နေတာက လက်နက်ကိုုင် ပဋိပက္ခတွေဖြစ်နေတာကြောင့် ကျနော်တိုု့ ပြည်တွင်း စစ် ဖြစ်နေတာ ဆိုုတော့ အဲဒီဟာတွေကိုု ချုပ်ငြိမ်းဖိုု့ ကျနော်တိုု့ ဆန္ဒရှိတယ်လိုု့ ကျနော်တိုု့ ပြောချင်တယ် ဒါပေမဲ့ အခုု အစိုုးရက သူက လက်နက်ကိုုင်နည်းလမ်း ကျနော်တိုု့ရှိနေတဲ့ လက်နက်ကိုုင်နည်းလမ်း ဒါက ကျနော်တိုု့ရဲ့ မဟာဗျူဟာမြောက်တဲ့ဟာတွေကိုု သူတိုု့က ပြောနေတယ် ဆိုုတော့ အဲဒါလေးတော့ ကွာတယ်လိုု့ ကျနော်တိုု့မြင်ပါတယ်။ ဒါပေမဲ့ အခုု ကျနော်တိုု့ ဖြစ်နေတာ စကားလုံုးနှစ်လုံုးတင်မကပါဘူး အခုု ဟာက ကျနော်တိုု့ နောက်ဆုံုး လိုုက်လျောနိုုင်တဲ့ အစွန်ဆုံုး အဆင့်အထိ ကျနော်တိုု့ လိုုက်လျော တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ခုုနပြောတဲ့ နည်းလမ်းရော ပဋိပက္ခနောက်ကွယ်မှာကတော့ ကျနော်တိုု့ မြန်မာ့တပ်မတော်ဖက်က ပြောဆိုုတဲ့ဟာတွေ ဥပမာ ဦးလှမောင်ရွှေတိုု့ပြောတဲ့ဟာ ဦးခင်ဇော်ဦး ပြောတဲ့ဟာ အခုုဆိုုရင် အစုုိးရပြောရေးဆိုုခွင့်ရှိတဲ့ ဦးဇော်ဌေး ပြောတဲ့ဟာတွေ အကုုန်ပြန်နား ထောင်ကြည့်ပါ အကုုန်လုံုးက ကျနော်တိုု့ကိုု လက်နက်စွန့်ရမယ်ဆိုုတဲ့ ကတိပါပဲ ဒါတွေကတော့ ကျနော်တိုု့ တစ်ဖက်သတ် ခွဲခြားဆက်ဆံတယ်လိုု့ပဲ ကျနော်တိုု့မြင်တယ် ဒါက အဖြေဘယ်လိုုမှ ထွက်နိုု်င်တဲ့ အစိုုးရရဲ့ချဉ်းကပ်မှု ပြောဆိုုမှု မဟုုတ်ဘူးလိုု့ ကျနော် ဒီလိုုပဲ မြင်ပါတယ်။
မေး - မဟာမိတ်သုံုးဖွဲ့အနေနဲ့ အနာဂတ်မှာ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်တွေကိုု ဘယ်လိုု လုုပ်ဆောင် သွား ဖိုု့ရှိသလဲ။ ဘယ်လိုုဆက်သွားဖိုု့ရှိသလဲခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - ကျနော်တိုု့ကတော့ ကျနော်တိုု့လည်း မြန်မာနိုုင်ငံထဲမှာရှိတဲ့ တိုုင်းရင်း သားလက်နက်ကိုုင် အဖွဲ့အ စည်းတွေပဲဖြစ်ပါတယ် အဲဒီတော့ မြန်မာနိုုင်ငံထဲမှာရှိတဲ့ တုုိင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်း တွေနည်းတူ ကျနော်တိုု့ တွေ့ဆုံုဆွေးနွေးမယ်ဆိုုရင် တွေ့ဆုံုဆွေးနွေးဖိုု့ အစိုုးရကလည်း ကမ်းလှမ်း တယ်ဆိုုရင် ကျနော်တိုု့ကလည်း ဆွေးနွေးဖိုု့အဆင်သင့်ဖြစ်တယ်။ကျ နော်တိုု့တွေ့ဆုံုနိုုင်တယ် ဆွေး နွေးနိုုင်တယ် နိုုင်ငံရေးပြဿာနာကိုု နိုုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုုင် တာပဲဖြစ်တယ်။ ဒါပေမဲ့ အဲလိုု တစ်ဖက်သတ် မနွေးဆွေးခင်ကတည်းက မတွေ့ခင်ကတည်းက အဲ ဒီလိုု ခွဲခြားဆက်ဆံတဲ့ဟာမျိုး တွေဆိုုရင်တော့ ဒါ တော်တော်ခက်ခဲတဲ့နည်းလမ်းဖြစ်ပါတယ်။ ကျ နော်တိုု့လည်း နိုုင်ငံရေး ပြဿာ နာကိုု နိုုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာချင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တိုု့က မြန်မာနိုုင်ငံထဲက တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အ စည်း တစ်ခုုပါပဲ။
မေး - UNFC အနေနဲ့ ၂၁ ပင်လုံုညီလာခံ တက်ဖိုု့ ထုုတ်ပြန်ချက် ထုုတ်ပြန်ထားပြီပေါ့နော၊ ဒါပေမဲ့ တစ်ဖက်မှာက ကချင်ဖက်မှာသော်လည်းကောင်း၊ ရှမ်းမြောက်ဖက်မှာသော်လည်းကောင်း၊ မနေ့ ကဆိုု SSPP/SSA နဲ့ တိုုက်ပွဲဖြစ်တယ် အဲဒီအပေါ်မှာကော ဘယ်လိုုသုံုးသပ်လိုု့ရနိုုင်သလဲခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - ကျနော်တိုု့ပြောနေတာ ဒါပါပဲ မြန်မာနိုုင်ငံ အခုု ဖြစ်နေတဲ့ပြဿာ နာက တကယ့်ကိုု ငြိမ်းချမ်း စေချင်တဲ့ စေတနာ မြန်မာ့တပ်မတော်မှာ တကယ်ရှိသလားနော ကျနော်တိုု့ သုံုးဖွဲ့ကိုုလည်း တောက်ရှောက်ကြီး Statement ကြီး ထုုတ်ရမယ်ပြောတယ်။ တကယ်လိုု့ ကျနော်တိုု့ ထုုတ်ခဲ့ရင် လည်း နောက်ထပ်တစ်မျိုးထပ်ပြီးတော့မှ ကျနော်တိုု့ရဲ့ပါ၀င်မှု မြန်မာ့တပ်မတော်က ကန့်သတ်နေဦး မှာပဲဖြစ်တယ်။ အခုုအဲဒီ ညီလာခံမှာ တက်မယ်ဆိုုနေတဲ့ ကျနော်တိုု့ တစ်ခြား UNFC အဖွဲ့ဝင် တစ်ခြားအဖွဲ့ဝင်တွေ တက်နေတာတောင်မှ အခုု ရှမ်းမှာ တုုိက်ပွဲဖြစ်တယ် ကချင်မှာလည်း တိုုက်ပွဲ ဖြစ်နေတယ်။ ဆိုုတော့ ဒီလိုု ရန်လိုုနေတဲ့ အပြုအမှု စစ်ရေးနဲ့ဖြေရှင်းနေတဲ့ အပြုအမှု မြန်မာနိုုင်ငံကိုု ငြိမ်းချမ်း တကယ်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒမရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားက ပြောင်းလဲမှုမ ရှိဘူးဆိုုဆိုုရင် မြန်မာနိုုင်ငံကတော့ ဘယ်လိုုမှ နိုုင်ငံရေးပြောင်းလဲမှာ မဟုုတ်ဘူး ဘယ်လိုုညီလာခံပဲ ဘယ်လိုုစာချုပ်တွေပဲလုုပ်လုုပ် ဘယ်လုုိပဲ လုုပ်လုုပ်နေပါစေ ကျနော်တိုု့ မြန်မာနိုုင်ငံကြီးဟာ ဒါက ငြိမ်းချမ်းမှာမဟုုတ်ဘူး။ တိုုးတက်မှာ မဟုုတ်ဘူး ပြည်တွင်းစစ်တွေက ဆက်ဖြစ်နေအုံုးမှာပဲ ကျနော် ဒီလိုုပဲမြင်ပါတယ်။
မေး - အစိုုးရနဲ့ တပ်မတော်ရဲ့ လက်ရှိအနေအထားကိုု ဘယ်လိုုများ သုံုးသပ်လိုု့ရနိုုင်သလဲခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - ကျနော်တိုု့လည်း သေချာလေ့လာနေဆဲဖြစ်ပါတယ် ကျနော်တိုု့ မြင်တာ ကတော့ NLD အစိုုးရ အခုုတက်လာတဲ့ NLD အစိုုးရဆိုုတာ ကျနော်တုုိ့နဲ့တူတူ တော်လှန်ရေးကာ လတွေမှာ ဒီမိုုကရေစီ တော်လှန်ရေးမှာ လက်တွဲဆောင်ရွက်ခဲ့တဲ့ ကျနော်တိုု့ရဲ့ လုုပ်ဖော်ကိုုင်ဖက် တွေလိုု့ ကျနော်တိုု့ မြင်တယ် အခုုတော့ အစိုုးရအဖြစ်တက်လာပြီပေါ့ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်း ပုံုအခြေခံဥပဒေနဲ့ မြန်မာ့တပ်မတော်ဖက်က တစ်ဖက်သတ် ရေးဆွဲထားတဲ့ ကိုုင်စွဲထားတဲ့ အာဏာ တွေကြောင့် လုုပ်ပိုုင်ခွင့်အချို့ အကန့်အသတ်ရှိနေတယ် ဆိုုတာ ကျနော်တိုု့ နားလည်ပါတယ် ဒါပေ မဲ့ တစ်ချို့ ကိစ္စမှာကတော့ တော်တော်လေးကိုု အခက် အခဲရှိနေတယ်လိုု့ ကျနော်တိုု့ မြင်ပါတယ်။ NLD အစိုုးရက တကယ်ပဲဆောင်ရွက်နိုုင်သလား မြန်မာ့တပ်မတော် ကန့်သတ်ချိုးနှိမ်မှုတွေကိုု ကန့်သတ်မှုတွေကိုု ကျော်ဖြတ်နိုုင်မလားဆိုုတာက တော့ ဒါက ကျနော်တိုု့ စောင့်ကြည့်ရမဲ့ အနေအ ထားဖြစ်ပါတယ်။ ကျနော်တိုု့ လောလောဆယ် မြင်တာကတော့ အခုုလက်ရှိကတော့ ၂၀၀၈ ဖွဲ့စည်း ပုံု အခြေခံဥပဒေနဲ့ မြန်မာ့တပ်မတော်က တော့ တော်တော့ကိုု လက်ရှိအစိုုးရကိုုရော ကျနော်တိုု့ ကျန်တဲ့ ပြည်သူလူထုု တွေ အပေါ်မှာရော တော်တော်လွှမ်းမိုုးမှုတွေ ရှိနေတယ် ဖိနှိပ်မှုတွေ ဆက်ရှိ နေဆဲပဲလိုု့ ကျနော် ဒီလိုုပဲ ပြောချင်ပါ တယ်။
မေး - ၂၁ ပင်လုံုညီလာခံက ၆ လ တစ်ခါပြုလုုပ်မယ်လိုု့ပြောတယ်ပေါ့နော၊ ၃၁ ရက်နေ့မှာလုုပ် တဲ့ညီလာခံက ပြီးသွားရင် နောက်ထပ် ၆ လတစ်ခါထပ်လုုပ်မယ်ပေါ့နော၊ ဒီအတောအတွင်းမှာ ကမ်းလှမ်းလာလိုု့ရှိရင် ဘယ်လိုု ပြင်ဆင်ထားသလဲ၊ ဘယ်လိုုအခြေ အနေရှိသလဲခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော် - ကျနော်တိုု့ကတော့ တစ်ခြားတိုုင်းရင်းသားအဖွဲ့တွေနည်းတူပဲ ကျနော် တိုု့ ပါ၀င်နိုုင်ဖိုု့ ဒီ ဆွေးနွေးဖိုု့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါ၀င်ဖိုု့ကတော့ ကျနော်တိုု့ ဆန္ဒ အပြည့်အဝ ရှိတယ် ဒါပေမဲ့ ခုုနပြောသလိုု ကြိုတင်ကန့်သတ်ချက်တွေ မလုုပ်ပဲနဲ့ ကျနော်တိုု့ တကယ်ကိုု ဆွေး နွေးဖြေရှင်းနိုုင်မဲ့ နည်းလမ်းဖြစ် တယ်ဆိုုရင်တော့ ကျနော်တိုု့ ဆောင်ရွက်ဖိုု့ အဆင်သင့်ဖြစ်တယ် ဒါကတော့ ကျနော်တိုု့ရဲ့ ရပ် တည်ချက်ပါ။
မေး- အခုုလိုုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဗိုုလ်မှူးကြီး တာဘုုန်းကျော်- ဟုုတ်ကဲ့ပါခင်ဗျား။







