၂၁ ရာစုု ပင်လုံုညီလာခံ UNFC အဖွဲ့ တက်ရောက်မည်

၂၁ ရာစုု ပင်လုံုညီလာခံ UNFC အဖွဲ့ တက်ရောက်မည်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးသဘောတူစာချူပ် လက်မှတ်မရေးထုုိးကြရသေးသည့်  တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ၈ ဖွဲ့ နှင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့အနေဖြင့် သြဂုုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုု ပင်လုံုညီလာခံ ပထမအကြိမ် အစည်းအဝေးတက် ရောက်ရန် သြဂုတ်လ ၂၅ရက်နေ့က ပြီးဆုံုးသွားသည့် ဗဟိုုအလုုပ်အမှုဆောင် အရေးပေါ် တိုုးချဲ့ အစည်းအဝေးမှ ဆုံုးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖက်ဒရယ် ဒီမိုုကရေစီ ပြည်ထောင်စုု တည်ဆောက်နိင်ရေးအတွက် နိုုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သိုု့ တက်လှမ်းနိုုင်ရန်ရည်ရွယ်ပြီး UNFC အဖွဲ့ဝင် အဖွဲ့စည်းများအနေဖြင့် ၂၁ ရာစုု ပင်လုံုညီလာခံအား အားလုံုးနှင့်အတူတကွ တက်ရောက်သွားမည်ဖြစ်သည်ဟုု UNFC တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ ဦးထွန်းဇော် မှ သတင်းထောက်များအား ပြောဆိုုသည်။

“ကျနော်တိုု့ ဒီ ၂၁ ရာစုု ပင်လုံုညီလာခံကိုု တက်ရောက်ဖိုု့အတွက် သဘောထား အများရဲ့ ဆန္ဒ သဘောထားအရ ဆုံုးဖြတ်ချက် ချနိုုင်ခဲ့ပါတယ်။ နောက်ပြီးရင် တက်ရောက်တဲ့ အခါမှာ ကျနော်တိုု့ အားလုံုး အဆင့်ဆင့်သော လုုပ်ငန်းစဉ်တွေမှာ ကျနော်တိုု့အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွား မယ် ဆိုုတဲ့ သဘောထားတွေ ချမှတ်ပါတယ်၊” ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

ထိုုအစည်းအဝေးတွင် မြန်မာနုုိင်ငံ၏ လက်ရှိနောက်ဆုံုးအခြေအနေများကိုု သုံုးသပ်ခဲ့ကြပြီး ၂၁ ရာစုု ပင်လုံုညီလာခံမှာ တင်ပြမည့် သဘောထားများ ဆွေးနွေးခဲ့ရာမှာ ကဏ္ဍ ၆ ရပ်ဖြစ်တဲ့ နုုိင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ၊ လုံုခြံုရေး ၊ အထွေထွေကဏ္ဍ များပါ၀င်သည့် UNFC သဘောထားများကိုု တင်ပြသွားရန် ဆုံုးဖြတ်ခဲ့ကြသည်ဟုု ၎င်းဆက်လက်ပြောဆိုသည်။

“မနေ့က ကျနော်တိုု့ ဒီ NCA လက်မှတ်ရေးထိုုးထားတဲ့ ညီနောင် ၈ ဖွဲ့နဲ့ ကျနော်တိုု့ အစိုုးရဖက်က ကိုုယ်စားလှယ်တွေနဲ့ JICM အစည်းဝေးလုုပ်ကြတယ် အဲ့ဒီ အစည်းအဝေးမှာ လာမည့် ၂၁ ရာစုု ပင်လုံု မှာလုုပ်မည့် ဒီ သဘာပတိ အဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ ဆုံုးဖြတ်ချက် သဘောထားတွေ ချတာရှိပါတယ် အမှန်တော့ အဲ့လိုုမျိုး ဆုံုးဖြတ်ချက် သဘောထားဟာ ကျနော်တိုု့ကျင်းပရေး ပူးတွဲ ကော်မတီကနေ တဆင့် အားလုံုးပါ၀င်တဲ့ အခင်းအကျင်းမှာ ချမှတ်ရမည့်ကိစ္စတွေဖြစ်ပါတယ် ဒါပေမယ့် JICM မှာပဲ ချမှတ်သွားတဲ့အခါကြတော့ နည်းနည်း တပ်ဦးကျွံသလိုုဖြစ်ပါတယ် ကျနော်တိုု့ လိုုက်ပါရတဲ့ လူတွေအတွက် ဆောင်ရွက်ရတဲ့ လူတွေအတွက် ဒီအခင်းအကျင်းမှာ နည်းနည်းစိတ်က စနိုုးစနှောက် ဖြစ်စရာတွေ ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် လာမည့် သဘက်ခါ ပေါ့ ၂၇ နဲ့ ၂၈ ၂၉  ဒီ သုံုးရက်တာမှာ ကျနော်တိုု့ ကျင်းပရေးကော်မတီရဲ့ အလုုပ်အဖွဲ့တွေ ထိုုင်သွားဖိုု့ ရှိပါတယ် အဲ့ဒီမှာလည်း ကျနော်တိုု့ရဲ့ သဘောထားတွေ ဆက်လက်တင်ပြပြီးတော့မှ ကျနော်တိုု့ ညှိနှိုင်းမှုတွေလုုပ်မယ် ပြီးရင် ကျနော်တိုု့ သဘောထား ရပ်တည်ချက်အတိုုင်း ဆက်လက်ပြီးမှ ညီလာခံမှာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုုတဲ့ ဆုံုးဖြတ်ချက်တွေလည်း ချနိုုင်ခဲ့ပါတယ်။” ၎င်းက ဆိုသည်။

သြဂုုတ်လ ၂၅ ရက်နေ့တွင် ပြီးဆုံုးသွားခဲ့သည့် ၄င်းအစည်းအဝေးတွင် ၂၁ ရာစုု ပင်လုံု ညီလာခံ ပထမအကြိမ် အစည်းအဝေးအတွက် ကျင်းပရေး ပူးတွဲကော်မတီ ရ ဦးရွေးချယ်ခဲ့သည်။ SSPP အဖွဲ့မှ ဗုုိလ်ချူပ် စိုုင်းထူး၊ KIO အဖွဲ့မှ ဗိုုလ်ချူပ် ဂွန်မော်၊ NMSP အဖွဲ့မှ နိုုင်အောင်မငေး၊ ANC အဖွဲ့မှ ဗိုုလ်မှူးကြီး မင်းထွန်း၊ KNPP အဖွဲ့မှ ခူးထဲဘူး၊ KIO အဖွဲ့မှ ဗိုုလ်မှူးကြီး လအောင် နဲ့ SSPP အဖွဲ့မှ စိုုင်းဘထွန်း တိုု့ကိုု ရွေးချယ်ခဲ့ကြသည်။

အစည်းအဝေးတွင် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့်  ပြည်ထောင်စုု သမ္မတ မြန်မာနိုုင်ငံ အစိုုးအကြား လက်မှတ်ရေးထိုုးကြမည့် တစ်နိုုင်ငံလုံုး အပစ်အခတ်ရပ်စဲရေး စာချူပ် (NCA) နောက်ဆက်တွဲ သဘောတူညီချက် ၈ ချက်ကိစ္စနှင့်  ပတ်သက်ပြီး နောက်ဆုံုးအခြေအနေများအား DPN အဖွဲ့မှ တင်ပြဆွေးနွေးခဲ့ပြီး အစိုုးရနှင့် ဆက်လက်ညှိနှိုင်းသွားရန် ဆုံုးဖြတ်ခဲ့ကြသည်ဟုု သိရသည်။

သြဂုုတ်လ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုုးချဲ့ အစည်းအဝေး ကိုု တိုုင်းရင်သား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ဝင် ရ ဖွဲ့မှ ခေါင်းဆောင်ကိုုယ်စားလှယ် ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...