ထုုတ်ပြန်ချက်ထုုတ်ပြန်ရသည့် အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး( PSLF/TNLA ) အထွေထွေအတွင်းရေးမှူး ဗိုုလ်မှူးကြီးတာဘုုန်းကျော်က အောက်ပါအတိုင်းပြောသည်။
“ပြီးခဲ့တဲ့ ၁၅ ရက် သြဂုုတ်လ ၁၅ ရက်တုုန်းက UPDJC နောဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်တဲ့ ကျနော်တိုု့ ဒီကော်မတီက အစည်းအဝေးလုုပ်တယ် အဲဒီမှာ အားလုံုးပါ၀င်ရေးမူကိုု လက်ခံတယ် ၃၁ ရက်နေ့ကျရင်လည်းဒီ ၂၁ ရာစုုပင်လုံုညီလာခံကိုု စလုုပ်သွားမယ်ဆိုုပြီးဆုံုးဖြတ်ချက်တွေချတယ်။ အဲဒီလိုုကျနော်တိုု့ သိရတဲ့အတွက် ဒါကတော့ အားလုံုးပါ၀င်ရေးမူကိုု လက်ခံတယ်ဆိုုတဲ့ အတွက်ကြောင့် ကျနော်တိုု့ မဟာမိတ်သုံုးဖွဲ့လည်း တစ်ခြားတိုုင်းရင်းသားလက်နက်ကိုုင်တော်လှန် ရေးအဖွဲ့အစည်းတွေနည်းတူကျနော်တိုု့ ညီလာခံကုုိတက်ရောက်နိုုင်တဲ့ အခွင့်အလမ်းရှိတယ်လိုု့ ကျနော်တိုု့ ဒီလိုုပဲသဘောပေါက်သွားတယ်။ နားလည်ပါတယ် ဒါကြောင့်မိုု့ ကျ နော်တိုု့ အနေနဲ့ ၂၁ ရာစုုပင်လုံုညီလာခံကိုုကျနော်တိုု့ တက်ရောက်ဖိုု့ အဆင့်သင့်ရှိတယ်ဆိုုတာကျနော်တိုု့ သဘောထား ထုုတ်ပြန်တာဖြစ်ပါတယ်။”ဟုုဗိုုလ်မှူးကြီးတာဘုုန်းကျော်က ပြောသည်။
ထုုတ်ပြန်ချက်ထဲတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သောအစိုုးရလက်ထက်မှ ယခုုလက်ရှိ မြန်မာအစိုုးရလက်ထက်အထိအစိုုးရနှင့် မြန်မာ့တပ်မတော်ခေါင်းဆောင်ကြား ပူးပေါင်ဆောင်ရွက်ကာ ပြည်တွင်းစစ်မီးပြေငြိမ်းနိုုင်ရန်အတွက် တုုိင်းရင်းသားလက်နက်ကိုုင် အဖွဲ့အစည်းများနှင့် နိုုင်ငံရေးအရတွေ့ဆုံုဆွေးနွေး အဖြေရှာလာသည်မှာ တုုိင်းရင်းသားလူထုုတစ်ရပ်လုံုးလိုုလားတောင့်တသည့် နိုုင်ငံရေးတွေ့ဆုံုဆွေးနွေးရေးနည်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။
မိမိတိုု့ မဟာမိတ် သုံုးဖွဲ့အနေဖြင့် သြဂုုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပင်လုံုညီလာခံသိုု့ တက်ရောက်ရန်အတွက် အသင့်အနေအထားတွင် ရှိနေသော်လည်းအစိုုးရဖက်မှ မိမိတိုု့အားယခုုအချိန်ထိတစုံု တရာပြောဆိုုအကြောင်းကြားခြင်း များမရှိသေးကြောင်းမဟာမိတ်သုံုးဖွဲ့၏ သဘောထားရပ်တည်ချက်နဲ့ ပတ်သက်ပြီးဗိုုလ်မှူးကြီးတာဘုုန်းကျော်က ပြောသည်။
“ကျနော်တိုု့ မဟာမိတ်သုံုးဖွဲ့အနေနဲ့ ၂၁ ရာစုုပင်လုံုညီလာခံကိုုတက်ရောက်ချင်တဲ့ဆန္ဒ ကျနော်တိုု့ အပြည့်အဝရှိတယ်။ နိုုင်ငံရေး ပြဿာနာကိုု နိုုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖိုု့ ဆန္ဒ အပြည့်အဝ ရှိတယ်။ ဒါက ငြိမ်းချမ်းရေးအပေါ်မှာကျနော်တိုု့ထားတဲ့ သဘောထားရပ်တည်ချက်ပါ။ အဲဒါကိုုအဖွဲ့အစည်းတစ်ခုုခုုက ပိတ်ပင်တားဆီးတယ် ကန့်သတ်လိုု့ ကျနော်တိုု့ လိုုက်ပါဆောင်ရွက်ခွင့်မရဘူးဆိုုလိုု့ရှိရင် အဲဒါကတော့ ပိတ်ပင်တားဆီးတဲ့ အဖွဲ့အစည်းရဲ့ လူပုုဂ္ဂိုလ်ရဲ့အပိုုင်းပဲ ဖြစ်တယ်လိုု့ ကျနော်တိုု့ မြင်ပါတယ် ကျနော်တိုု့ မဟာမိတ်သုံုးဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်ပြီးဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် Process ထဲမှာကျနော်တိုု့ လိုုက်ပါဖိုု့ အဆင်သင့်ဖြစ်တယ်ကျနော်တိုု့ အမြင်နဲ့က ကိုုယ့်အမျိုးသားရေးလှုပ်ရှားမှုအတွက်တော့ ကျနော်တိုု့ ဒီလိုုပဲရပ်တည်လှုပ်ရှားသွားမယ် ဒါကတော့ ကျနော်အမြင်ဖြစ်ပါတယ်။”ဟုု ဗိုုလ်မှူးကြီးတာဖုုန်းကျော်မှ ပြောသည်။
၎င်းအပြင် လက်ရှိမြန်မာအစိုုးရ၊ မြန်မာ့တပ်မတော်နှင့် တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံုးအတူတကွ လုုပ်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေးလုုပ်ငန်းစဉ်များတွင် မိမိတိုု့အနေဖြင့် ပူးပေါင်း ပါ၀င်ရန်အဆင်သင့်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဖြစ်ပွားနေသည့် တိုုက်ပွဲများကိုုအပြန်အလှန်ရပ်စဲပြီးတစ်နိုုင်ငံလုံုးအပစ်အခတ်ရပ်စဲရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးဖွံ့ဖြိုးတိုုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုု့ကိုု နိုုင်ငံရေးတွေ့ဆုံုဆွေးနွေး သည့်နည်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိကြောင်း ထုုတ်ပြန်ချက် တွင် ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုုတ်လ၉ ရက်နေ့တွင်မိုုင်းလာဒေသမှာအစိုုးရအဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ မှ အငြိမ်းစားဒုုတိယ ဗိုုလ်ချုပ်ကြီးခင်ဇော်ဦးခေါင်းဆောင်သည့် အဖွဲ့နှင့် တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးမဟာမိတ်သုံုးဖွဲ့တိုု့ တွေ့ဆုံုရာတွင် လက်နက်စွန့်ရေးအတွက် ကြေညာချက် ထုုတ်ပြန်မှသာ ညီလာခံတက်ရောက်ခွင့်ရ မည်ဟုု မဟာမိတ်သုံုးဖွဲ့အားပြောဆိုုထားသည်။








