ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ PARKROYAL ဟိုတယ်တွင် ပြုလုပ်ခဲ့သည့်၂၀၁၅ခုနှစ် နိ၀င်္ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ အစီရင်ခံစာသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းအကြံပြုထားခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာတွင် တပ်မတော်မှ ခန့်အပ်ခြင်းခံရသူများအတွက် အမတ်နေရာများ သီးသန့် ထားခြင်းကိုရပ်တန့်ရန်အကြံပြုခဲ့ပြီး တပ်မတော်လက်ထဲတွင် အနည််းငယ် အလေးသာနေကာ နိင်ငံသားအားလုံး တန်းတူအခွင့်အရေးမရရှိသေးသကဲ့သို့ ဖြစ်နေသည်ဟုထောက်ပြထားသည်။
ဆက်လက်၍ မဲဆန္ဒရှင်စာရင်များ ပိုမိုမှန်ကန်စွာပြုစုခြင်း၊ရွေးကောက်ပွဲစီမံခန့်ခွဲပုံ ပိုမို၍ ပွင့်လင်းမြင်သာမှုစေရန်နှင့် နိင်ငံသားစီစစ်ရေးလုပ်ဆောင်ရာတွင် ယာယီနိင်ငံကူးလက်မှတ် ကို်င်ဆောင်ထာသူများအနေဖြင့် ပိုမို၍ မျှတသော စီစစ်မှုပေးရန်တို့ ထပ်လောင်းအကြံပြု ထားသည်။
”လာမည့်ရွေးကောက်ပွဲများတွင် ကြိုတင်မဲကို ဂရုစိုက်သင့်တယ် ကြိုတင်မဲတွေက ၀ယ်လို့ရတာမျိုးဖြစ်နိင်သလို ပွင့်လင်းမြင်သားမှု အားနည်းနေတာရှိတယ်ဟု “ ကာတာစင်တာမှ Mr.Soyia Ellism က အကြံပြုပြောဆိုသည်။
အကြံပြုချက် အချက် ၃၀ ကျော်ပါရှိသည့် ယင်းအစီရင်ခံစာတွင် မြန်မာနိင်ငံသားများ၏ နှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရသော်လည်း ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် ကြိုးစားအားထုတ်မှုကို အထူး အသိမှတ်ပြုကြောင်း ထည့်သွင်းဖော်ပြထားသည်။
ကမ္ဘာတစ်ဝှမ်းက နိင်ငံပေါင်း ၂၅ နိင်ငံမှ လာရောက်သော စောင့်ကြည့်လေ့လာသူ ၆၂ ဦးက ပြီးခဲ့သည့်သော နိ၀င်္ဘာလ၈ရက် ရွေးကောက်ပွဲနေ့တွင် မဲရုံပေါင်း ၂၄၅ ရုံကို ကာတာစင်တာ၏အစီအစဉ်ဖြင့် စောင့်ကြည့်လေ့လာစေခဲ့သည်။
မြန်မာနိင်ငံ၏ ရွေးကောက်ပွဲသည် ကာတာစင်တာ ၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ မှုစုစုပေါင်း၏ ၁၀၁ ကြိမ်မြောက် စောင့်ကြည့်မှုလည်းဖြစ်သည်။
ဒီမိုကရေစီအသွင်းကူးပြောင်းရေးအတွက် အဓိကပြင်ဆင်ရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ဥပဒေများ၊ နည်းဥပဒေများ ဆိုပြီး နှစ်ပိုင်းခွဲခြားစဉ်းစားလို့ရကြောင်း ဖွဲ့စည်းပုံပြင် ဆင်ရေးသည့် လက်တွေ့တွင် အခက်အခဲများရှိနိင်၍ ရွေးကောက်ပွဲကော်မရှင်နှင့် လုပ်ထုံးလုပ် နည်းများကို ပြင်ဆင်ရေးပိုမိုလွယ်ကူ၍ လက်တွေကျဖြစ်နိင်ကြောင်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သူ ၈၈မျိုးဆက်ကျောင်းသားတစ်ဦးက အကြံပြုပြောဆိုသည်။







