ကချင်ပြည်နယ် တိုက်ပွဲများကြောင့် ရွှေမှော်များတွင် လူဦးရေတစ်ထောင်ကျော် ပိတ်မိနေ

ကချင်ပြည်နယ် တိုက်ပွဲများကြောင့် ရွှေမှော်များတွင် လူဦးရေတစ်ထောင်ကျော် ပိတ်မိနေ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ်ဖားကန့်မြို့နယ်ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်တွင်ဖြစ်ပွားနေသည့် KIA နဲ့အစိုးရတပ်မတော်အကြားတိုက်ပွဲများကြောင့် ရွှေမှော်များတွင်ပိတ်မိနေသူ အယောက်တစ်ထောင်ကျော်ခန့် ရှိနေသေးကြောင်းသိရသည်။

ရွှေမှော်များအတွင်းပိတ်မိရာမှ ထွက်ပြေးလွှတ်မြောက်လာသူ လူဦးရေတစ်ထောင်နီးပါးခန့်သည် ရှဒူးဇွပ်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြရသည်ဟုု သိရသည်။

 “ကျနော်တို့ပြေးလာတာလမ်းတောင်မသိဘူး၊ အထဲမှာပိတ်မိနေတာတွေ ရှိသေးတယ် အများကြီးပဲ၊ ခန့်မှန်းခြေတစ်ထောင်ကျော်လောက် ရှိနိုင်တယ်”ဟု ရွှေမှော်များအတွင်းပိတ်မိရာမှ လွှတ်မြောက်လာသူဒုက္ခသည် ဦးအိုက်စိုင်း က ပြောသည်။

ရှဒူးဇွပ်ကျေးရွာအနီးတဝှိုက်ရှိရွှေမှော်များမှ ထွက်ပြေးလာသူများအား ဘာသာရေးအဖွဲ့အစည်းများ နှင့်KIA တပ်ရင်း-၁၄ တို့၏ အကူအညီများဖြင့် နန်ဗျူချောင်းဘက်မှ တနိုင်းဘက်သိုု့ ထွက်လာနိုင်အောင် ကူညီလုပ်ဆောင်ပေးနေသည်ဟုု ဒုက္ခသည်များကပြောသည်။

ဦးအိုက်စိုင်းက“ကျနော်တို့ကဆားကျင်းမှော်ကနေပေါ့၊ အဆက်အသွယ်လုပ်ပြီး ထွက်ခွင့်ပေးမယ်ဆိုလို့ အဲ့လိုပဲလမ်းလည်းမသိဘူး လာခဲ့ရတာ။ ဟိုဘက်ကစောစောပိုင်းက မဖွင့်ပေးဘူး။ ပြည်သူလူထုတွေက အားလုံးပိတ်ခံထားရတာပေါ့နော်။ ကျနော်တို့ဒီဖက်ထိပ်မှာ နေတဲ့အခါကြတော့ ဒီဖက်ကိုထွက်လို့ရတယ်ဆိုတော့ ထွက်လာခဲ့တာ။ မနေ့ကတော့တော်တော်လေးဒုက္ခဖြစ်တယ်၊ရေလည်းကြီးတော့လေ၊၄၅ယောက်တစ်တန်းတစ်တန်းကြိုးနဲ့ ဆွဲကျနော်တို့ ဆားကျင်းမှော်ကနေ မနက်၆နာရီမိနစ်၃၀လောက်မှာ ထွက်လာတယ်၊ နန်ဗျူရွှေမှော်ကိုတော့ ၃နာရီကျော်ကျော်လောက်မှရောက်ခဲ့တာပေါ့။” ဟုပြောသည်။

ခရစ်ယာန်အသင်းတော်များ၊ KIO မှတာဝန်ရှိသူများ၏အကူအညီအဖြင့် သုံးဘီးကားများ၊စက်လှေများဖြင့် ဒုက္ခသည်များကို အပို့အကြိုတွေ လုပ်ဆောင်ပေးနေပြီး ဦးအိုက်စိုင်းနှင့် အတူဒုက္ခသည် အယောက်၁၅၇ဦးတိုက်ပွဲများကြောင့် ရွှေမှော်များတွင် ပိတ်မိရာမှ ထွက်ပြေးလွှတ်မြောက် လာကြခြင်းဖြစ်သည်ဟုု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများသည် ရှဒူးဇွပ်ကျေးရွာအနီးရှိလော့ဒ်ဂျာ၊ချောင်းဆုံ၊ ကိုင်းတော၊သုံးဆယ်၊ရှရပ်ချောင်း စသည့်ဒေသများရှိ ရွှေမှော်များတွင် ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် စျေးရောင်းသူများဖြစ်သည်ဟုု သိရသည်။

 “ကျမတို့ကဆားကျင်းမှော်ကနေလာတာပါ။တိုက်ပွဲဖြစ်တော့ ကြောက်လို့ထွက်ပြေးလာတာပါ။ ကျမတို့ဆားကျင်းမှော်ကနေ စထွက်တဲ့အခါမှာရေကြီးလို့လေရေကတောင်ကျရေတွေဖြစ်တဲ့အခါကျတော့တအားကြီးလို့လေကူးရတာနည်းနည်းခက်ခဲတယ်။”ဟု ဒုက္ခသည်ဒေါ်ရီရီသန်းကလည်း ပြောသည်။

ဒေသခံအာဏာပိုင်များ၊အစိုးရတာဝန်ရှိသူများဘက်မှလည်းနေရပ်ရင်းပြန်ချင်သူများကိုုတနိုင်းမှတဆင့် နေရပ်ရင်းပြန်နိုင်ရေး အတွက်ကူညီဆောင်ရွက်ပေးနေသည်ဟုု ဒေသခံများမှပြောသည်။

စစ်ရှောင်ဒုက္ခသည်များအတွက် အစားအသောက်နှင့် နေရေးထိုင်ရေးပြဿနာအခက်အခဲများရှိနေပြီး ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများနှင့် ကျေးရွာသူရွာသားများမှ လိုအပ်သည်များကို ကူညီထောက်ပံ့ပေးထားကြောင်းလည်း သိရသည်။

KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၁၄ နှင့် မြန်မာအစိုးရတပ်မတော်တို့ အကြားဇူလိုင်လ လကုန်ပိုင်းမှစတင်၍ သြဂုတ်လလယ် အထိ စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲငယ်များ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေသည်ဟုု KIO ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...