လုံုခြံုရေးဆိုုင်ရာ မူဝါဒတစ်ရပ် ရရှိရေး တိုုင်းရင်းသားများ ချင်းမိုင်တွင် ဆွေးနွေး

လုံုခြံုရေးဆိုုင်ရာ မူဝါဒတစ်ရပ် ရရှိရေး တိုုင်းရင်းသားများ ချင်းမိုင်တွင် ဆွေးနွေး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
မြန်မာနိုုင်ငံ၏ နိုုင်ငံရေးပြသနာတွေကိုု ဖြေရှင်းရာမှာ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် မဖြစ်မနေဖြေရှင်းရမည့် လုံုခြံုရေးဆိုုင်ရာ ပြုပြင်ပြောင်းလဲရေး စနစ် ဖြစ်သည့် DDR/SSR နှင့် ပတ်သက်ပြီး အကောင်းဆုံုးဖြေရှင်းနိုုင်ရန် ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် သြဂုုတ်လ ၈ ရက်နေ့က တိုုင်းရင်းသားခေါင်းဆောင်များ စတင်ဆွေးနွေးနေကြသည်။

အစိုုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ လုံုခြံုရေးဆိုုင်ရာ မူဝါဒ တစ်ရပ်အနေဖြင့် ရှိထားနိုုင်ရန်နှင့် တပ်မတော် နှင့် တိုုင်းရင်းသား အဖွဲ့အစည်းများအကြား အကောင်းဆုံုးနည်းလမ်းရရှိရန် ဆွေးနွေးကြခြင်းဖြစ်သည်ဟုု ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုုဥက္ကဋ္ဌ နိုုင်ဟံသာ မှ ပြောသည်။

“ကျနော်တိုု့ နုုိင်ငံမှာကတော့ လက်နက်အင်အားနဲ့ပဲ အဆုံုးအဖြတ်ပေးနေတယ်ဆိုုတဲ့ အနေအထားမျိုးကိုု မြင်နေတယ် ဒါ ကြောင့် တုုိင်းရင်းသားတွေဖက်ကလည်း ဒီ ယုံုကြည်မှု မရှိသေးခင်ကာလမှာ ဘယ်လိုုမှ ကိုုယ့် တပ် ကိုု အဖျက်ခံနိုုင်မှာမဟုုတ်ဘူး အဲ့တော့ ဒါဟာ ကြီးမားတဲ့ ပြသနာ ဖြစ်လိမ့်မယ် ဖက်ဒရယ် ပြည်ထောင်စုု ကိုု အကောင်အထည်ဖော်နိုုင်တယ် ဖော်ပြီ သဘောတူပြီ ထားပါစိုု့ပေါ့နော် ဒါပေ မယ့် ဘယ်လိုုပုံုစံမျိုး စသဖြင့်ပေါ့နော် အဓိက အဲ့ တပ်ပြသနာကတော့ ခက်ခဲလိမ့်မယ်လိုု့တော့ မြင်တယ် ဒါကြောင့် ဒါကိုု ဖြှေရင်းနုုိင်ဖိုု့နဲ့ အကောင်းဆုံုးဖြစ်နိုုင်ဖိုု့ဆိုုတဲ့ နေရာမှာကတော့ အများကြီး နည်းလမ်းရှာဖိုု့လိုုတယ်” ၎င်းကဆိုသည်။

ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်းရေးဆိုုင်ရာ နည်းနာများ၊ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်မှတဆင့် လုံုခြံုရေးဆိုုင်ရာ ပြုပြင်ပြောင်းလဲနိုုင်ရေး မဟာဗျူဟာများ၊ SSR ၏ အဓိပါယ် ဖွင့်ဆိုုချက်များ၊ လုံုခြံုရေးဆိုုင်ရာအားအခြေခံ၍ ဆွေးနွေးညှိနှိုင်းနိုုင်မည့် အခြေခံအချက်အလက်များ ဆွေးနွေးသွားကြမည်ဟုု သိရသည်။

ထိုု့အပြင် နိုုင်ငံတကာ တတ်သိပညာရှင်များဖြစ်သည့် စင်ကာပူနိုုင်ငံအခြေစိုုက် Sea-Change Partners အဖွဲ့မှ စီမံခန့်ခွဲရေး ဒါရိုက်တာ Keith Fitzgerald နှင့် အင်္ဂလန်နိုုင်ငံမှ တတ်သိပညာရှင် Dylan Hendriekson တိုု့ကတည်း နိုုင်ငံတကာအတွေ့အကြံုများနှင့် နိုုင်ယှဉ်ပြီး မြန်မာနိုုင်ငံနှင့် လိုုက်လျောညီထွေဖြစ်နုုိင်သည်များကိုု ဆွေးနွေးသွားမည်ဟုု သိရသည်။

၄င်းဆွေးနွေးပွဲအား တက်ရောက်နေသည့် ဖက်ဒရယ်ပြည်ထောင်စုု ပါတီ ဥက္ကဋ္ဌ စောသန်းမြင့် က အစိုုးရ တပ်မတော်မှ လိုုလားနေသည့် DDR သည် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် လက်နက်ဖြုတ်သိမ်းပြီး တပ်မတော်တစ်ခုုတည်းအောက်တွင် အားလုံုး ပူးပေါင်းရမည့် အခြေအနေမျိုးကိုု လက်ရှိအနေအထားအရ လက်မခံနိုုင်ကြောင်း ပြောဆိုုသည်။

“SSR ကတော့ ပထမဆုံုး ငြိမ်းချမ်းရေး လုုပ်ပေါ့နော်  အခုုကတော့ အပစ်အခတ်ရပ်စဲရေးပေါ့နော် သူက ပြီးရင် ငြိမ်းချမ်းရေးလုုပ်၊ ငြိမ်းချမ်းရေး လုုပ်ပြီးမှ ဆွေးနွေး ၊ ဆွေးနွေးပြီးတော့ ဒီတပ်မ တော်ကိုု ဘယ်လိုု လက်ရှိတုုိင်းရင်းသား လက်နက်ကိုုင်တွေ ဘယ်လိုုအနေအထားမျိုး ထားမလဲ ပေါ့ လက်နက်ကိစ္စကိုု နောက်ဆုံုးအဆင့်မှာ ထားတယ် DDR ကြတော့ အရင်ဆုံုး လက်နက်အပ် ရမယ် အဲ့တော့ အရင်ဆုံုး လက်နက်အပ်ရမယ့်ကိစ္စကိုုတော့ ကျနော်က လုံုးဝ လက်မခံနိုုင်ဘူး ဒါကြောင့်မိုုလိုု့ အားလုံုးညှိနှိုင်းဆွေးနွေးပြီး နုုိင်ငံရေးတွေ့ဆုံု ဆွေးနွေးပြီးမှ နောက်ဆုံုးမှာ နိုုင်ငံရေးအခြေအနေ တိုုးတက်ကောင်းမွန်လာမယ့် ဖက်ဒရယ်ဖြစ် လာမည်ဆိုုရင် လက်နက်က အပ်ပါလိုု့ ပြောစရာ မလိုုဘူး အားလုံုးဘယ်သူမှ လက်နက်ကိုုင်ချင် တဲ့ လူမရှိဘူး အဲ့အခါကြရင် အလိုုအလျှောက် လက်နက်က အပ်ပြီးသား ဖြစ်ပါလိမ့်မယ်။ “ဟု သူက ဆိုသည်။

သြဂုုတ်လ ၁၀ ရက်နေ့အထိ ကျင်းပမည့် ယင်းဆွေးနွေးပွဲကိုု NCA အပစ်ရပ် လက်မှတ်မရေးထိုုး ရသေးသည့် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ အပါအဝင် အပစ်ရပ်လက်မှတ်ရေးထိုုးထားကြသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ဝင်များ၊ ညီညွတ်သော တိုုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA၊ ညီနောင်တိုုင်းရင်းသားများ ဖက်ဒရေးရှင်း NBF မှ ခေါင်းဆောင် ကိုုယ်စားလှယ်များနှင့် စစ်ဦးစီးအရာရှိများ တက်ရောက်ဆွေးနွေး နေကြသည်။

၄င်း ဆွေးနွေးပွဲအား ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့အခြေစိုုက် တုုိင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စုု မြန်မာနိုုင်ငံ) ENAC အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုုအဖွဲ့သည် အနာဂတ် ဖက်ဒရယ် ဒီမိုုကရေစီ ပြည်ထောင်စုု တည်ဆောက်ရာတွင် အခြေခံသင့်သည့် ကဏ္ဍအလုုိက် မူဝါဒ မူကြမ်း ၉  ခုုကိုု အကြံပြု ရေးဆွဲပြင်ဆင်ထားသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...