နွားစားကျက်မြေကိစ္စ သတင်းစာရှင်းလင်းပွဲကို အုပ်ချုပ်ရေးမှုးတားမြစ်

နွားစားကျက်မြေကိစ္စ သတင်းစာရှင်းလင်းပွဲကို အုပ်ချုပ်ရေးမှုးတားမြစ်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ဓနုဖြူမြို့ရှိ ဗိုလ်ချုပ်ဓမ္မာရုံ၌ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသည့် စားကျက်မြေ အတွင်း နွားလွတ်ကျောင်း၍ ထောင်ဒဏ်ကျခံခဲ့ရသူများ၊ အမှုရင်ဆိုင်နေရသူများ၏ သတင်းစာ ရှင်းလင်းပွဲကို အုပ်ချုပ်ရေးမှုမှ တားမြစ်သဖြင့် ကျင်းပခွင့်မရခဲ့ကြောင်း ပွဲစီစဉ်သူ တစ်ဦးမှပြောသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်မည့်နေရာ၏ ထောက်ခံချက်၊ ရပ်ကွက်ထောက်ခံချက်၊ ရဲစခန်း ထောက်ခံချက် နှင့်အတူ ရ ရက် ကြိုတင်စာတင်ခိုင်းခြင်းဖြစ်ပြီး ရ ရက်ပြည့်မှ ခွင့်ပြုသည် မပြုသည်ကိုု အကြောင်းပြန်မည်ဟုဆိုပြီး သတင်းစာရှင်းပွဲကျင်းပခြင်းကိုု တားမြစ်ခြင်းဖြစ်ကြောင်း လင်းလွန်ပင်ရွာသား ဦးဝင်းမောင် မှ ပြောသည်။

“လယ်သမားတွေလေဗျာ ဥပဒေတွေလည်းနားမလည်တော့ သူတို့ ရ ရက်စောင့်ဆိုစောင့်ရမှာပေါ့ “ ဟုသူကဆိုသည်။

သတင်းစာရှင်းလင်းပွဲဆိုသည်မှာ အခမ်းအနားပွဲတစ်ခုအဖြစ် အကျုံးဝင်ကြောင်း အခမ်း အနားတစ်ခု လုပ်ဆောင်ရန် မြို့နယ်အဆင့်နှင့် ဆုံးဖြတ်၍ မရကြောင်း ၊ ခရိုင်အဆင့်ထိတင်ပြရ၍ အနည်းဆုံး ရ ရက်ခန့် ကြာမည်ဖြစ်ကြောင်းဓနုဖြူအုပ်ချုပ်ရေးမှု ဦးအောင်ကျော်စိုုး မှ ပြောသည်။

ဓနုဖြူမြို့နယ် လင်းလွန်ပင်အုပ်စု လင်းလွန်းပင်ကျေးရွာမှ လယ်သမားများသည် ခိုင််းနွားများကိုု စားကျက်မြေတွင် လွတ်ကျောင်းရာမှ ဒဏ်ငွေဆောင်ရခြင်း၊ ထောင်ကျခြင်း၊ အမှုရင်ဆိုင်ရခြင်း များကဲ့သို့သော ဒုက္ခများ ကြံုတွေနေရ၍ အမှန်တရားပေါ်ပေါက်အောင် သတင်းစာရှင်းပွဲ ကျင်းပရခြင်းဖြစ်သည်ဟုဆိုသည်။

အမှန်တရားပေါ်ပေါက်ရေးအတွက်  ဓနုဖြူ လယ်သမားအနေဖြင့် ရန်ကုန်မှ သတင်းမီဒီယာများကို ငွေကြေးအကုန်ကျခံ အားကိုးဖိတ်ကြားခဲ့ပြီး သတင်းမီဒီယာများရောက်လာချိန်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခွင့် မရခြင်းဖြစ်သည်ဟု သတင်းထောက်များထံမှသိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...