ပြည်ထောင်စုုတပ်မတော်ပေါ်ပေါက်ရေး တိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့များ ချင်းမိုင်တွင်ဆွေးနွေး

ပြည်ထောင်စုုတပ်မတော်ပေါ်ပေါက်ရေး တိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့များ ချင်းမိုင်တွင်ဆွေးနွေး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
NCA တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုုး ထားကြသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၄ ဖွဲ့မှ ခေါင်းဆောင် များသည် မြန်မာအစိုုးရတပ်မတော်နှင့် ပြည်ထောင်စုုတပ်မတော် တည်ထောင်နိုုင်ရန် ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် တွေ့ဆုံုဆွေးနွေးနေကြသည်။

သြဂုုတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာနိုုင်ငံ လုံုခြံုရေးစနစ်များ အာဏာခွဲဝေမှု တည်ဆောက်ခြင်း ခေါင်းစဉ်နှင့် နိုုင်ငံတကာ တတ်သိပညာရှင်များပါ၀င်ဆွေးနွေးနေမှုနှင့် ပတ်သက်ပြီး အစည်းအဝေးတက်ရောက်နေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့၏ အကြံပေးပုုဂ္ဂိုလ် ဦးခွန်ဆိုုင် မှ ယခုုလိုု ပြောဆိုုသည်။

အခုုဆွေးနွေးနေတာကတော့ အရင်က တုုိက်ခိုုက်လာကြတဲ့ လက်နက်ကိုုင် တပ်ဖွဲ့ရယ် တပ်မတော်ရောအပါအဝင်ပေါ့ သူတိုု့ ဘယ်လိုုမျိုး ပေါင်းစည်းကြမလဲ ပေါင်းစည်းတယ်ဆိုုတာ လည်း လက်နက်ချတာမဟုုတ်ဘူး နောက်ပြီးတော့မှ တဖက်ကနေ နောက်တဖက်ကိုု သွားပြီး တော့ မှီခိုုတာ အောက်ကြို့တာ မျိုး မဟုုတ်ပဲနဲ့ ဘယ်လိုု ပေါင်းစည်း ကြမလဲဆိုုတဲ့အကြောင်းကိုု ဆွေးနွေးတာပေါ့၊ ဆိုုလိုုတာကတော့ အဲ့ဒီ လက်နက်ကိုုင် တပ်ဖွဲ့တွေ တော်လှန်ရေးတပ်အဖွဲ့အ စည်းတွေကလည်း သူတိုု့က တနေရာမှာ ရှိနေကြတယ် တပ်မတော်ကလည်း တနေရာမှာ ရှိနေ ကြတယ် အဲ့ဒီ တပ်မတော်နဲ့ သူတိုု့နဲ့က ပြည်ထောင်စုု တပ်မတော်ကြီး ဖြစ်လာအောင် ဘယ်လုုိ မျိုး တူညီတဲ့ ပုံုစံမျိုး သူတိုု့ ဆွေးနွေးနုုိင်ကြသလဲ သဘောတူ နိုုင်ကြသလဲ ဆိုုတာကိုု အရင်လုုပ် ရမယ် ပြီးတော့မှ နောက်ထပ်တဆင့်က ဘာလဲ ဆိုုတော့ သူတိုု့ အခုု ရှိနေတဲ့ နေရာကနေ အဲ့ဒီ သူတိုု့ သဘောတူထားတဲ့ ပုံုစံကိုုဘယ်လိုု သွားကြမလဲ။ ဟုဆိုသည်။

၄င်း ဆွေးနွေးပွဲသည် ပြည်ထောင်စုုတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာရန် နိုုင်ငံတကာ တတ်သိပညာရှင်များဖြင့် နည်းလမ်းရှာဖွေသည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပြီး ဖက်ဒရယ် ယူနီယမ် လုံုခြံုရေးစနစ်ကိုု တည်ဆောက်နိုုင်ရန်အတွက် အဓိက ဆွေးနွေးနေကြခြင်းဖြစ်သည်ဟုု ဆက်ပြောသည်။

ဆွေးနွေးပွဲတွင် နီပေါနိုုင်ငံ၊ ဖိလစ်ပိုုင်နိုုင်ငံ၊ ယူဂိုုစလားဗီးယားနုုိင်ငံများတွင် ဖြစ်ပေါ်ခဲ့သည် ပဋ္ဋိပက္ခ များကိုု အခြေခံပြီး လက်ရှိ မြန်မာနုုိင်ငံ၏ အခြေအနေများနှင့် နှိုင်းယှဉ်ပြီး ဆွေးနွေးသုံုးသပ်သွားရန်ရှိသည်ဟုု သိရသည်။

ထိုု့အတူ ဖက်ဒရယ် လုံုခြံုရေးစနစ်နှင့် စည်းမျဉ်းစည်းကမ်းကိစ္စ ရပ်များ၊ တပ်မတော်၏ အကျိုးစီးပွားနှင့် စိုုးရိမ်မှုများကိုု ဆွေးနွေးသုံုးသပ်ပြီး မြန်မာနိုုင်ငံနှင့်ကိုုက်ညီပြီး ဖြစ်နိုုင်ခြေရှိသည့် နည်းနာများကိုု ရှာဖွေသွားမည်ဟုု သိရသည်။

လေးရက်ကြာ ကျင်းပမည့် ၄င်းဆွေးနွေးပွဲအား ကရင်အမျိုးသား အစည်းအရုံုး KNU ဥက္ကဋ္ဌ ဗုုိလ်ချူပ်ကြီး စောမူတူးစေးဖိုုး၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC  မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS မှ အကြံပေးပုုဂ္ဂိုလ် ဦးခွန်ဆိုုင် အပါအဝင် ကရင်အမျိုးသား ဒီမိုုကရေစီအကျိုးပြုတပ်မတော် DKBA မှ ခေါင်းဆောင် ကိုုယ်စားလှယ်များ တက်ရောက်နေကြသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...