ရှမ်းမြောက်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်

ရှမ်းမြောက်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းမူးရွာဟောင်းအနီး မြန်မာအစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တအာင်းတပ်မတော် (TNLA) တို့ အကြား သြဂုတ်လဆန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင် အစိုးရတပ်မတော်နှင့် TNLA တို့အကြားတိုက်ပွဲ နှစ်ကြိမ်ဖြစ် ပွားခဲ့ကြောင်း PSLF/TNLA ပြန်ကြားရေးတာဝန်ခံ-ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

“မြန်မာ့တပ်မတော်နဲ့မနေ့ကတော့ဖြစ်တယ်။ တနေရာတည်းမှာပဲ၂ကြိမ်ဒီမူဆယ်မြို့နယ်ကောင်းမူးရွာဟောင်းနားမှာဖြစ်တယ်။ နေ့လည်၁၁း၁၅နာရီလောက်ကနေ၁၂နာရီထိတစ်ကြိမ်၊ည၂း၁၅နာရီလောက်ကနေရနာရီထိတစ်ကြိမ်၊ ထုံုးစံအတိုုင်းပဲတိုုက်ပွဲကတော့ လတိုုင်းဖြစ်တာပေါ့၊မဖြစ်တဲ့လကိုုမရှိဘူး။အဓိကဖြစ်တဲ့အကြောင်းအရင်းက ထုုိးစစ်ကြောင့်ဖြစ်တာပေါ့နော်”  ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

PSLF/TNLA နယ်မြေများအတွင်းအစိုးရတပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများရှိနေပြီးလိုက်လံပိတ်ဆို့တိုက်ခိုက်လာတဲ့အတွက် ယခုလိုတိုက်ပွဲများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်းဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင် အစိုးရတပ်မတော်နှင့်သာမက PSLF/TNLA နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့အကြားမန်တုံမြို့နယ်အတွင်းတိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူး မိုင်းအိုက်ကျော်က “RCSS နဲ့အဲဒီမှာကနေလည်ပိုုင်းအဲနေ့ကဖြစ်တယ်။မန်တုံုမြို့နယ်မန်အီကျေးရွာ မှာတစ်နေရာဖြစ်တယ်မန်မိုင်ရွာမှာတစ်နေရာဖြစ်တယ်” ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာသာမက ကချင်ပြည်နယ်အတွင်းမှာ လည်းအစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) တို့အကြားဇူလိုင်လကုန်ပိုင်းမှ ဒီကနေ့အချိန်ထိတိုက်ပွဲများ ဖြစ်ပွားနေသည်။

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကျင်း ပနေစဉ် တအာင်းမျိုးသားလွတ် မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ကချင်လွတ်မြောက် တပ်မတော် (KIO/KIA) နှင့် အစိုးရတပ်မတော်တို့အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...