သုံုးပွင့်ဆိုုင်ဆွေးနွေးရေးမူုကို ဆက်လက် စွဲကိုုင်မည်

သုံုးပွင့်ဆိုုင်ဆွေးနွေးရေးမူုကို ဆက်လက် စွဲကိုုင်မည်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
နိုုင်ငံရေးဆွေးနွေးပွဲများတွင် သုံးပွင့်ဆိုုင် ကိုုယ်စားပြုမှုအပေါ် ဆက်လက် အခြေခံသွားရန် တိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မိုုင်ဂျာယန် မျက်နှာစုံုညီ အစည်းအဝေး စတုုတ္ထနေ့တွင် ပါ၀င်တက်ရောက်သော ကိုုယ်စားလှယ်များ ကဘုံုသဘောထားကိုုချမှတ်လိုုက်သည်။

သုံုးပွင့်ဆိုုင်ကုုိယ်စားပြုမှု ဆိုုသည်မှာအစိုုးရ၊ လွှတ်တော်နှင့် တပ်မတော်ကတစ်စု၊ လက်နက်ကိုုင် အဖွဲ့အစည်းများကတစ်စုု ဖြစ်ပြီးအခြားနိုုင်ငံရေးပါတီများကတစ်စုု ဖြစ်သည်ဟုုမျက်နှာစုံုညီ အစည်းအဝေး သတင်းထုုတ်ပြန်ရေး အဖွဲ့ဝင် နိုုင်ဟံသာကပြောသည်။

အရေးကြီးသော နိုုင်ငံရေး၊လုံုခြံုရေး စသောကိစ္စရပ်များတွင် သုံုးပွင့်ဆိုုင်ပုံုစံဖြင့် ဆွေးနွေးသွားရန် ဖြစ်ပြီးကျန် အစုုအဖွဲ့များကသက် ဆိုုင်ရာကဏ္ဍများတွင် ပါ၀င်ဆွေးနွေးသွားရန် သဘောထားချမှတ်ခဲ့ကြသည်ဟုု နိုုင်ဟံသာကပြောသည်။

နိုုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရေးခေါင်းစဉ်များအဖြစ် နိုုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံုခြံုရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုုင်ရာ မူဝါဒ ခေါင်းစဉ်ကြီးငါးခုုအားအဓိကထား ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြသည်။

နိုုင်ငံရေးဆွေးနွေးပွဲများတွင် အစုုအဖွဲ့တစ်ခုုချင်း၏ ရ၅ ရာခိုင်နှုန်း နှင့် ကိုုယ်စားလှယ် အားလုံုး၏ ရ၅ရာခိုင်နှုန်း သဘောတူမှသာ အရေးကြီးသောဆုံုးဖြတ်ချက်များကိုု ချမှတ်ရမည်ဆိုုသည့် အချက်နှင့်ပတ်သက်၍ မူဆုံုးဖြတ်ချက်မချနိုုင်သေးပဲဆက်လက်ဆွေးနွေးစဲ ဖြစ်သည်ဟုုသတင်းထုုတ်ပြန်ရေးအဖွဲ့ကပြောဆိုုသည်။

ကချင်ပြည်နယ်၊ မိုုင်ဂျာယန်တွင် ကျင်းပနေသောတိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံုညီ အစည်းအဝေးကိုု မူလကလေးရက် ကျင်းပရန် ရည်ရွယ်ထားသော်လည်းမနက်ဖြန် ဇူလိုုင် ၃၀ ရက်နေ့ကိုုတစ်ရက်တိုုးကျင်း ပရန်လည်းဆုံုးဖြတ်ခဲ့ကြသည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...