မိုုင်ဂျာယန် အစည်းအဝေးမှ ဘုံုသဘောတူညီချက် ထွက်ပေါ်ရန် မျှော်လင့်

မိုုင်ဂျာယန် အစည်းအဝေးမှ ဘုံုသဘောတူညီချက် ထွက်ပေါ်ရန် မျှော်လင့်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်ပြည်နယ် မိုုင်ဂျာယန်ဆွေးနွေးပွဲမှ တိုုင်းရင်းသားအင်အားစုုတွေအားလုံုး၂၁ ရာစုုပင်လုံုညီလာခံ အစည်းအဝေးအတွက် ဘုံုသဘောတူညီချက်တခုုကိုုတင်ပြနိုုင်ရန် မျှော်လင့်ကြောင်းကချင် လွတ်လပ်ရေးကောင်စီ (ကေအိုုင်စီ)ဒုု-ဥက္ကဋ္ဌ၂ ဗိုုလ်ချုပ်ဂွမ်မော်ကပြောသည်။

“အဓိကကတော့ ကျနော်တိုု့ ၂၁ ရာစုုပင်လုံု အစည်းအဝေးမှာ တိုုင်းရင်းသားလက်နက်ကိုုင် အင်အားစုုတွေ အားလုံုးက ဘုံုသဘောတူချက်တွေကိုု တင်ပြနိုုင်ဖိုု့ မျှော်လင့်တာဖြစ်ပါတယ် အသေးစိတ်တွေ မဟုုတ်ပဲနဲ့ပေါ့နော် ဆွေးနွေးပွဲတွေမှာ အောင်မြင်နိုုင်ဖိုု့ဆိုုရင် ဘုံုသဘောတူချက် တွေကိုုအပြုသဘောနဲ့ တစုံုတရာရရှိဖိုု့ မျှော်လင့်ချက်ထားရှိတာဖြစ်ပါတယ်” ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

လေးရက်တာကျင်းပမည့် ယင်းဆွေးနွေးပွဲတွင် ပင်လုံုလက်စွဲစာတမ်းဆွေးနွေးအတည်ပြုခြင်း၊

ဖက်ဒရယ်ဒီမိုုကရေစီ ပြည်ထောင်စုုတည်ဆောက်ခြင်းဆိုုင်ရာ ဖွဲ့စည်းပုံုအခြေခံဥပဒေများအတွက် အခြေခံမူများ၊ လုံုခြံုရေးနှင့်ကာကွယ်ရေးဆိုုင်ရာအခြေခံ မူများနဲ့ နိုုင်ငံရေးဆွေးနွေးမူဆိုုင်ရာမူဘောင် ပြန်လည်ပြင်ဆင်ရေးတိုု့ကိုု ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်ဟုု သိရသည်။

သက်ဆိုုင်ရာ ခေါင်းစဉ်များကိုအသေးစိတ်ဆွေးနွေးသွားမည်မဟုုတ်ဘဲ ဘုံုသဘောတူညီချက် ရနိုုင်သည့် အဓိက မူဝါဒပိုုင်းဆိုုင်ရာကိုုသာ ဆွေးနွေးသွား မည်ဖြစ်သည်ဟုု ဗိုလ်ချုပ်ဂွမ်မော်ကဆက်ပြောဆိုသည်။

ကချင်ပြည်နယ် မုုိင်ဂျာယန်တွင် ကျင်းပပြုလုုပ်သောတိုုင်းရင်းသားလက်နက်ကိုုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံုညီ အစည်းအဝေးကိုု ဇူလလိုုင်၂၆ ရက်မှ ၂၉ ရက်အထိကျင်းပမည်ဖြစ်ပြီးယခုုအကြိမ် ကျင်းပပြုလုုပ်ခြင်းသည် ပဥ္စမအကြိမ်မြောက်ဖြစ်သည်ဟုုသိရသည်။

ယင်းဆွေးနွေးပွဲသို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အဖွဲ့အစည်း ၁၈ဖွဲ့ အပါအဝင် ကိုယ်စားလှယ် အဖွဲ့ ၂၄ ဖွဲ့ တက်ရောက် ဆွေးနွေးနေကြသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...